09 September 2017

ရခိုင် ပြည်နယ် အရေး-ဆွေးနွေးမှုမှ အဖြေရှာ စကားဝိုင်း ဆွေးနွေးပွဲမှ စကားသံများ


ရန်ကုန် စက်တင်ဘာ ၇
Myawaddy Media Group မှ စီစဉ်ပြုလုပ်သည့် ရခိုင်ပြည်နယ်အရေး-ဆွေးနွေးမှုမှ အဖြေရှာ Talk on Rakhine Issue: Discussion on Finding Solutions စကားဝိုင်း ဆွေးနွေးပွဲအား ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်း ဒေသကြီး မရမ်းကုန်း မြို့နယ်ရှိ Gandamar Wholesale Grandballroom ၌ကျင်းပသည်။ အဆိုပါ စကားဝိုင်း ဆွေးနွေးပွဲတွင် တက်ရောက် လာကြသူများ၏ ဆွေးနွေးမှု စကားသံများကို ဖော်ပြလိုက်ပါသည်-


ဦးသန်းအေး
ဘူးသီးတောင်၊ မောင်တောဆိုတာ မြန်မာမြေဖြစ် ပါတယ်။ ဘူးသီးတောင်ဆိုတာ ဘူးသီးသီးတဲ့ေ တာင်ပေါ့။ မောင်တောကျတော့ အဲဒီမှာ အုပ်ချုပ်ေ ရးမှူး မောင်တော ဆိုတာ အုပ်ချုပ်ရေး မှူးရဲ့ အမည်စွဲပြီး ခေါ်တာပါ။ ရသေ့တောင် ဆိုတာ ရသေ့တွေနေတဲ့တောင်ပေါ့။ ဒါကြောင့် ကျွန်တော်ပြောချင်တာက မောင်တော၊ ရသေ့တောင်တွေဟာ အစဉ်အလာအနေနဲ့ ရခိုင်နဲ့ အခြားလူနည်းစု တိုင်းရင်းသားတွေရဲ့ နယ်မြေတွေ ဖြစ်ပါတယ်။ အစ္စလာမ်နယ်မြေ၊ မွတ်စလင် နယ်မြေမဟုတ်ပါဘူး။ အဲဒီတော့ ဥရောပမှာ ဥရောပ ပြည်သူလူထုက လူဦးရေကြောင့် ကွဲတာတွေ ရင်ဆိုင်လာရပြီး အစ္စလာမ်ကြောင့်ရော ပါတာပေါ့။ အခုဖြစ်နေတာက ရေခဲတောင်ကြီးရဲ့ ထိပ်ပိုင်းလိုပေါ့။ ကမ္ဘာကို လွှမ်းမိုးနိုင်ဖို့ ရည်ရွယ်ချက်လို့ မြင်တွေ့ လာရပါတယ်။ ထိုင်းတောင်ပိုင်း၊ ဖိလစ်ပိုင် တောင်ပိုင်း၊ နိုင်ဂျီးရီးယားတို့မှာလည်း ဒီလိုပဲ၊ ဒီနယ်မြေခွဲတဲ့ ပြဿနာကြုံတွေ့တယ်။ နောက်တစ်ချက် ကျွန်တော်ပြောချင်တာက ဒီလိုဆွေးနွေးတာ အရေးပါတယ် လို့လည်း ပြောချင်ပါတယ်။ လွန်ခဲ့တဲ့နှစ် ၆ဝ တုန်းက ဘူးသီးတောင်၊ မောင်တောဒေသမှာ ဒေသခံ ဗမာတိုင်း ရင်းသားတွေနဲ့ ရခိုင်တိုင်းရင်းသားတွေရဲ့ လူဦးရေ အချိုးဟာ မွတ်စလင် ဘာသာဝင် ဘင်္ဂါလီရွှေ့ပြောင်း နေထိုင်သူတွေရဲ့ လူဦးရေအချိုးနဲ့ နှိုင်းယှဉ်ပါက ၉၇း၃ သာရှိတာကို နိုင်ငံတကာ မီဒီယာတွေမှာ ဖော်ပြခဲ့ဖူးပါတယ်။ ဆိုလိုတာက ဒေသခံ တိုင်းရင်းသား လူဦးရေက ၉၇ ရာ ခိုင်နှုန်းနဲ့ မွတ်စလင် ဘင်္ဂါလီ လူဦးရေက ၃ ရာခိုင်နှုန်းပါ။ ဒါပေမဲ့ အခုတော့ လူဦးရေ အချိုးက ၃း၉၇ ကိုပြောင်းပြန် ဖြစ်သွားပါပြီ။ အခုဆိုရင် ဒေသခံ တိုင်းရင်းသားတွေက ၃ ရာခိုင်နှုန်းသာရှိပြီး ဘင်္ဂါလီ အခြေချ နေထိုင်သူတွေက ၉၇ ရာခိုင်နှုန်းအထိ ရှိလာပါပြီ။ ဒါဟာ အခြေအနေမှန်ပါပဲ။ ဒါတွေကိုတော့ နိုင်ငံတကာ မီဒီယာတွေက ဘယ်တော့မှမဖော်ပြပါဘူး။


ဦးကိုကိုလှိုင်

ကျွန်တော်တို့ အနေနဲ့ နှစ်ဖက်စလုံးကို ရှုမြင်ရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့မမျှော်လင့်ပါပဲ နိုင်ငံတကာ မီဒီယာ တွေက ဒီအဖြစ်အပျက်ကို ဖော်ပြနိုင်ပါ တယ်။ ဒါကြောင့် ကျွန်တော့်အနေနဲ့ တစ်ဖက် တည်း ကိုပဲ ပြောရမှာ စိတ်မကောင်းပါဘူး။ ဒေသခံ တိုင်းရင်းသားတွေက လူနည်းစုတွေ ဖြစ်နေပြီး စစ်မှန်သော လူနည်းစုတွေ ကသာ ၉၃ ရာခိုင်နှုန်း ကို အာရုံစိုက်ပါတယ်။ ဒါဟာဘာကြောင့်ကျွန်တော့် ရဲ့ ခေါင်းစဉ်ကို ဒေသခံ ဇာတ်လမ်းအဖြစ် ရွေးလိုက်ရတယ် ဆိုတာပါပဲ။ ကျွန်တော်တို့ဟာ ဘာသာရေး ကိုင်းညွတ်မှုမှာ စံပြတွေ ဖြစ်ပါတယ်။ နှစ်ဖက်စလုံးမှာရှိတဲ့ အပြစ်မဲ့ မြေစာပင် ပြည်သူတွေက သားကောင်တွေပါပဲ။ ဘယ်သူတွေက တရားခံလဲ။ အစွန်းရောက် အကြမ်းဖက် သမားတွေနဲ့ ကောက်ကျစ် ယုတ်မာတဲ့ နိုင်ငံရေး သမားတွေက အဲဒီဒေသတွေမှာ မတည်မငြိမ် ဖြစ်စေဖို့အတွက် သူတို့ရဲ့ ရည်မှန်းချက် ကိုယ်စီ ပြည့်မြောက်စေဖို့ နည်းလမ်းအမျိုးမျိုး အသုံးပြုပြီးတော့ လူစုလူဝေး ပဋိပက္ခတွေ၊ လူမျိုးရေးနဲ့ ဘာသာရေး တင်းမာမှုတွေ မဖြစ်ဖြစ်အောင် လုပ်ဆောင်နေတာပဲ ဖြစ်ပါတယ်။ အဲဒီအမှန်တရားကို ကျွန်တော်တို့ အသိအမှတ် ပြုရပါမယ်။ အဲဒီအပြစ်မဲ့ ပြည် သူတွေ ကြားညပ်မှာကို ကျွန်တော်တို့ မလိုချင်ပါဘူး။ ကျွန်တော်တို့ အနေနဲ့ အဲဒီဘာသာ တရားတွေနဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေရဲ့ ပြဿနာကို ဖြေရှင်းဖို့အတွက် စည်းလုံးမှု ရှိဖို့လိုပါတယ်။ ကျွန်တော် ဘာသာစကား မှတ်ပုံတင်ရေးအတွက် ကုတ်နံပါတ် ၉၃၆ ဒါမှမဟုတ် ၆၃၉ ကို ကြိုးစား ကြည့်တဲ့အခါမှာ ဒီဘာသာစကားဟာ ဘင်္ဂါလီအာသံစကားရဲ့ အောက်မှာရှိတဲ့ ဘာသာစကား ဆိုတာကို တွေ့ရပါတယ်။ ဒါပေမဲ့ အဲဒီဘာသာစကားဟာ စစ်တကောင်း စကားနဲ့ ခပ်ဆင်ဆင်တူပါ တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အဲဒီစကားဟာ စစ်တကောင်းကလာတာမို့ပါ။ ရိုဟင်ဂျာလူမျိုးဆိုတာ တကယ်တော့ မရှိပါဘူး။ ဒီကိစ္စရပ်ဟာ ဒီခေတ်မှာ ဘာကြောင့် လာဖြစ်ရတာလဲ ဆိုတာလည်း အလွန်ရှင်းလင်းပါတယ်။ ဒီကိစ္စဟာ သဘာပတိ ပြောခဲ့သလိုပါပဲ။ ဗြိတိသျှ အိန္ဒိယလူမျိုး၊ ပါကစ္စတန် အိန္ဒိယလူမျိုးဆိုတဲ့အဲဒီအချိန် သမိုင်းကာလမှာ ရခိုင်ပြည်နယ် မြောက်ပိုင်းက မွတ်စလင်လို့ လူမျိုးစုတစ်စု သတ်မှတ်တဲ့ နိုင်ငံရေးအရ လှုံ့ဆော်မှုပဲဖြစ်ပါတယ်။ ဒီနိုင်ငံလွတ်လပ်ရေးမရခင် အချိန်ကတည်းက မူဂျာဟစ်ဒင် လှုပ်ရှားမှုလို့ ခေါ်နေခဲ့ကြပါတယ်။ ဒါဟ ကျွန်တော်တို့ ပြောတာမဟုတ်ပါဘူး။ ဒါပေမဲ့ သူတို့ရဲ့ ကြိုးပမ်းမှု မအောင်မြင်တဲ့အခါ နိုင်ငံရေးအရဆက်ပြီး ကြိုးပမ်းကြပါတယ်။ တိုးတက်လာအောင် လုပ်တယ်။ဖန်တီးဖို့ ကြိုးပမ်းခဲ့ကြပါတယ်။ သူ တို့တွေ တရားဝင်ဖြစ်ဖို့အတွက် နိုင်ငံရေးအရ သီးသန့်အမှတ်အသား လိုအပ် နေပါတယ်။
၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေအရ ဥပဒေနဲ့ ကိုက်ညီတဲ့ သူတွေကို ကျွန်တော်တို့ လက်ခံပါတယ်။ နိုင်ငံသား ဖြစ်ရေးကို ကျွန်တော်တို့ မငြင်းဆန်ခဲ့ပါဘူး။ သူတို့အားလုံးကို တရားမဝင် ဝင်ရောက်လာတဲ့ သူတွေလို့ ကျွန်တော်တို့ မဆက်ဆံပါဘူး။ ဒါကြောင့် ဒီကိစ္စနဲ့ ပတ်သက်ပြီး နိုင်ငံတကာမီဒီယာတွေက မှားယွင်းစွာ ငြင်းခုံနေကြတာပဲ ဖြစ်ပါတယ်။


ဒေါက်တာဂျာ့က် ပီ၊ လိုက်ဒါ
ဒီအကြောင်းအရာဟာ လှုပ်ရှားမှုတစ်ခုကနေ မွေးစားအသုံး ပြုခဲ့လို့ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ အဲဒီ လှုပ်ရှားမှု ဆို တာဟာလည်း အဓိကအားဖြင့် နိုင်ငံရေးလှုပ်ရှားမှုပါပဲ။ ဒုတိယ ကမ္ဘာစစ်ကြီး ပြီးဆုံးသွားပြီး တဲ့နောက်မှာ ရခိုင်ပြည် မှာရှိတဲ့ ရခိုင်လူမျိုးတွေနဲ့ မွတ်စလင်တွေဟာ ပြည်နယ်ထဲမှာ မရှိကြပါဘူး။ သူတို့ တွေဟာ တစ်ဖက်နဲ့တစ်ဖက် ပြိုင်ဆိုင်ေ နကြတာပါ။ နိုင်ငံရေးမှာလွှမ်းမိုးမှုရရှိဖို့ ပြိုင်ဆိုင်နေကြတာပဲ ဖြစ်ပါတယ်။


ဒေါက်တာ ယဉ်ယဉ်နွယ်
ကျွန်မကတော့ သမ္မတကြီး ဦးသိန်းစိန်ရဲ့ ပထမကော်မရှင် ရခိုင်ကော်မရှင်မှာ ပါဝင်ခဲ့ပါတယ်။၂ဝ၁၂ မှာ ဒီကော်မရှင် ဖွဲ့စည်းပြီးတော့ ကျွန်မတို့ အစီရင်ခံစာတွေ ပြုစုခဲ့ပါတယ်။ မြန်မာ Peace စင်တာကနေ ၂ဝ၁၃ မှာထုတ်ခဲ့ပါတယ်။ အဲ့ဒီအစီရင်ခံစာမှာ ကျွန်မတို့ လုပ်ငန်းစီမံချက် ဆိုပြီးတော့ ပါပါ တယ်။ နိုင်ငံသားဖြစ်မှု အတွက်ရော အားလုံးတော်တော် များ များ ကျယ်ကျယ်ပြန့်ပြန့်လက်ခံကြပါတယ်။ ဒီဘင်္ဂါလီ အသိုက်အဝန်း ကရော၊ ရခိုင်အသိုက်အဝန်းကရော လက်ခံကြပါတယ်။ ထူးဆန်းတာက လက်ရှိ ဒေါက်တာကိုဖီအာနန် ကော်မရှင်က ကျွန်မပဲမပါဘူး။ အင်တာလာမဗျူးဘူး။ အမှန်ကို မကြားချင်ဘူးလားတော့ မသိဘူး။ အဲ့တော့ ကျွန်မ ဒီဆွေးနွေးချင်တာပေါ့။ ဒီ Issue တွေမှာ ကျွန်မ သမိုင်းပညာရှင်လောက်တော့ နက်နက်ရှိုင်းရှိုင်း မသိဘူးပေါ့လေ။ အဲ့တော့ ကျွန်မမှတ်ချက်ပြုလိုတာပေါ့၊ ဆွေးနွေး လိုတာဒီနိုင်ငံသားကိစ္စမှာ တည်ဆဲနိုင်ငံ သား ဥပဒေနဲ့ပဲ သွားရမှာပါ။ ပြည်ထောင်စု မြန်မာနိုင်ငံသား ဥပဒေနဲ့ အညီဖြစ်တဲ့ အမည်ကိုပဲ သုံးရမှာပါ။ ရခိုင်မှာ ဘင်္ဂါလီတွေ က ရိုဟင်ဂျာလို့ပဲခေါ်ခေါ် ဘယ်လိုပဲခေါ်ခေါ် တရားဝင်တော့ အသိအမှတ်မပြုဘူး။ ဒီဘင်္ဂါလီတွေကို ဒီလိုမျိုးအမည်ကို အတင်းတောင်းခံပြီးတော့ နိုင်ငံတော် အစိုးရကနေ ဥပဒေကို ပြောင်းပေးဖို့ ဆိုတာကတော့ Sorry ပါ။ ကျွန်မနိုင်ငံ အများအပြားမှာ တာဝန်ထမ်းဆောင်ဖူးပါတယ်။ ဒီလို အဓိပ္ပာယ်မရှိတာမျိုး မကြားဖူးပါဘူး။ ဒါကတော့ သက်သက်အနိုင်ကျင့်တာပဲ။ ကျွန်မတို့နိုင်ငံကို သက်သက် အနိုင်ကျင့်တာပဲဖြစ်ပါတယ်။ ကျေးဇူးအများကြီးတင်ပါတယ်။

ဒေါက်တာ အေးချမ်း

ပထမတစ်ချက်ကတော့ ရိုဟင်ဂျာတွေက သူတို့အမည်သူတို့တပ်မယ်။ မှည့်ခေါ်မယ် ဆိုတဲ့ကိစ္စ၊ လူ့အခွင့် အရေးက လူတွေမှာ လူမျိုးတွေမှာ အခွင့်အရေးရှိတယ်ပေါ့။ သူတို့က ရိုဟင်ဂျာလို့ သူတို့ကိုယ်သူတို့ ခေါ်မယ်ဆိုတော့ ဒါကမှန်ကန်တဲ့အမည်မဟုတ်ဘူး ဖြစ်နေတယ်။ ဘင်္ဂါလီစာပေမှာ ၁၇ ရာ စုစာပေမှာ ရှင်းထားတာရှိပါတယ်။ ရခိုင်လို ရိုရှန်း၊ ရိုဟန်ဆိုတာ ရခိုင်ပေါ့။ ဂျာဆိုတာ လူပေါ့။ ရခိုင်သားပေါ့။ ရခိုင်အမျိုးသားပေါ့။ ဘင်္ဂါလီမှာက ဒီဝေါဟာရကို သူတို့အမည် ပါလို့ တောင်းခံခွင့် မရှိပါဘူး။ ဒီတရား ဥပဒေ စိုးမိုးရေး အာဏာပိုင်အဖွဲ့ အစည်းတွေ ကို အစုလိုက်အပြုံလိုက် အုံကြွတိုက်ခိုက်တာပဲ။ မွတ်စလင် မဟုတ်သော လူနည်းစု အဖြစ်နဲ့ မွတ်စလင်မဟုတ်သော လူတွေက လူနည်းစုသည် ဘင်္ဂါလီ နွယ်ဖွားတွေက လူများစု ဒါကိုကျွန်တော်လည်း ရှင်းပြချင်ပါတယ်။ အလယ်သံကျော်ရွာမှာ ရွာသားတွေ ထောင်ဂဏန်းနဲ့ ညဘက်ကြီး ထွက်လာပြီး ရခိုင်တွေကို ခြိမ်းခြောက်တာပေါ့။
အဲဒီမှာရဲက တပ်စုလေး တစ်စုပဲရှိတယ်။ အဲဒီမှာ လူတစ်ထောင်ကျော်ကလာပြီး ခြိမ်းခြောက်တယ်။ လက်နက်လည်းကိုင်ထားသေးတယ်။ ရိုင်ဖယ်ပါတယ်။ ဓားတွေ၊ ဓားရှည်တွေပါတယ်။ အဲဒီတော့ ကျွန်တော်မေးချင်တာက နိုင်ငံတကာ အသိုက် အဝန်းကို မေးချင်တာ။ ဥပဒေစနစ်ရှိလား၊ ဒီလိုထောင်ဂဏန်းနဲ့ ဒီလိုလာပြီးတော့ ခြိမ်းခြောက်တာ ဥပဒေရှိလား။ဘယ်လိုလုပ်မလဲ ကျွန်တော်မေးကြည့်ချင်ပါတယ်။ အင်တာဗျူး လုပ်ပြီးတော့ ရွာလူကြီး တွေကို၊ ခနောင်ဆိပ်ရွာ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ဒီရွာက ဟိန္ဒူလူနည်းစု နေတဲ့ရွာပါ။ မောင် တောမြို့နယ်ကပါ။ သူ့ကို မေးကြည့်ပါတယ်။ သူကဘာပြောလဲဆိုတော့ ဟိန္ဒူအမျိုးသား ၁ဝ၆ ဦး အသက်ဆုံးရှုံး ခဲ့ရပါတယ်တဲ့။ အသတ်ခံရတယ်။ မိန်းက လေးရှစ်ဦးကို ဖမ်းသွားပြီး အစ္စလာမ်ဘာသာကို အတင်းပြောင်းခိုင်းတယ်။ မုဒိမ်းကျင့်တယ်။ ဘင်္ဂလားဒေ့ရှ်ကိုပို့လိုက်တယ်။ အဲဒီမိန်းကလေး ရှစ်ဦး ကော့ဘဇာခရိုင် အိုကရာမှာ အခုရှိနေတယ်။ ဟိန္ဒူခေါင်းဆောင်က ကော့ဘဇာခရိုင်က ကြိုးစားနေတယ်။ အဲဒီမိန်းကလေး ရှစ်ဦးကို မြန်မာနိုင်ငံကို ပြန်ပို့ဖို့ အဲဒါရွာလူကြီးက သူပြောတာပဲ။ ကျွန်တော်က တော့ဘာမှ ညာစရာ မရှိပါဘူး။ ဘင်္ဂလားဒေ့ရှ်တပ်က စစ်သံမှူးက ရက်စက်ကြမ်းကြုတ်မှုလို့ ပြောပါတယ်။ အကြမ်းဖက် သမားတွေကြတော့ ဘယ်လိုလုပ်မလဲ။ ဟိန္ဒူနဲ့ ဗုဒ္ဓဘာသာ လူနည်းစုတွေကို အကြမ်းဖက်မှုတွေကို ဘယ်လိုလုပ်မလဲ။ ဒီစစ်တကောင်း တောင်ကြောတွေမှာ ဘယ်လိုလုပ်မလဲ။ ဘယ်လိုတရားရေးကိစ္စတွေ လုပ်ပေးမလဲ။ ကျေးဇူး တင်ပါတယ်။


ဒေါက်တာ နေဇင်လတ်
ကျွန်တော်ကတော့ ဒေါက်တာ နေဇင်လတ်ပါ။ CSIS ဥက္ကဋ္ဌ နိုင်ငံတကာ လေ့လာရေးဌာန ကျွန်တော်တို့ ဖြေရှင်းချက် ရှာေ ဖွဆွေးနွေးပွဲမှာ အကြမ်းဖက်မှုကရှိနေပြီ။ နှစ်နိုင်ငံ နှိုင်းယှဉ် တာ နှစ်နိုင်ငံ GDP နှိုင်းယှဉ် တာတွေ မဟုတ်ပါဘူး။

သမိုင်းကိစ္စ ဆွေးနွေးဖို့နေရာမဟုတ်ပါဘူး။ ကျွန်တော် မိနစ် အနည်းငယ်လောက် ဆွေးနွေးချင်ပါတယ်။ မကြာသေးခင်က ရက်အနည်းငယ်ကဆိုရင် နိုင်ငံအချို့ အာဆီယံ နိုင်ငံတွေ၊ အရှေ့အလယ်ပိုင်းနိုင် ငံတွေ က ပါဝင်လာကြတယ်။ အဲတော့ ဒီအကြမ်းဖက်မှု ဒီပဋိပက္ခမှုတွေဟာ လျင်မြန် စွာ ကြီးထွားလာတယ်။ ဘယ်လိုကျော်လွှားမလဲ။ ဘယ်လိုဖြေရှင်းမလဲ။ ဒါဟာ ပြည့်ြ ပည့်စုံစုံပေါ့။ ဒီမှာ သိပ်အများကြီးတော့ မပြောချင်ပါဘူး။ မီဒီယာက အသိုက်အဝန်း တစ်ခုကို ဘက်လိုက်တယ်။ ဘယ်လို ဖြေရှင်းမလဲ။ အကောင်းဆုံး ဖြေရှင်းနည်း ဘယ်လိုရှာမလဲ။ နိုင်ငံရေး၊ သံတမန်ရေး၊ အခြား နည်းလမ်းတွေနဲ့ ဒါလုပ်ရမှာပါ ကျေးဇူးတင်ပါတယ်။