22 September 2017

အကြမ်းဖက်တိုက်ခိုက်မှု စတင်ဖြစ်ပွားချိန်တွင် အကာအကွယ်အပြည့်အဝ မပေးနိုင်ခဲ့မှုအပေါ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တောင်းပန်စကားဆို


အကြမ်းဖက်မှုတွေ ဖြစ်နေချိန်မှာ အစိုးရ ဘာလုပ်နေလဲဆိုတဲ့သူတွေ ကာချုပ်က သူ့တာဝန်မကင်းဘူးဆိုပြီး ရခိုင်ပြည်သူတွေကို တောင်းပန်လိုက်တော့ ဂွမ်းကုန်ကြ ပြီပေါ့ ...

စစ်တပ်က တာဝန်ယူထားတဲ့ ကာကွယ်ရေးကို မဝေဖန်ပဲထစ်ခနဲရှိ အစိုးရပဲ လွှဲချနေ သူတွေ မျက်နှာပြောင်တိုက်ပြီး လိုင်းပေါ်တက်လာရဲသေးတယ်နော် ...
ဘာပဲပြောေုပာဉကိုယ့်တာဝန် ကိုယ်ယူပြီး တောင်းပန်ရဲတာတော့ လေးစားပါတယ်




မဇ္ဈိမ     စက်တင်ဘာလ ၂၁
  မောင်တောခရိုင်ထဲရှိ ကျေးရွာများတွင် အကြမ်းဖက်တိုက်ခိုက်မှု စတင်ဖြစ်ပွားခဲ့ စဉ်က အချိန်မီ အကာအကွယ် အပြည့်အဝမပေးနိုင်ခဲ့သည့် အပေါ် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒေသခံ ပြည်သူများ ကို တောင်းပန်စကားပြောကြားခဲ့ကြောင်း ဒေသခံစာရေးဆရာ ဝေဟင်အောင်က မဇ္ဈိမသို့ ပြောသည်။

        တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့ စက်တင်ဘာလ ၂၁ ရက်၊ နံနက်ပိုင်းတွင် ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ရှိ အလိုတော်ပြည့်ကျောင်းတွင် ဒေသခံပြည်သူများနှင့် သွားရောက်တွေ့ဆုံရာမှ ထိုသို့ တောင်းပန်စကား ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

       “အကြမ်းဖက်မှုဖြစ်စဉ်အစပိုင်းမှာ တစ်ချို့ရွာတွေမှာ လုံခြုံရေးမမီလိုက်ဘူးပေါ့။ အဲ့ဒီမှာ တစ်ရွာလုံး ဖျက်ဆီးခံ လိုက်ရတဲ့ ရွာတွေရှိတယ်။ အဲ့ဒါ အချိန်မီ မရောက်လာ နိုင်တဲ့အတွက်နဲ့ ကျွန်တော်တို့ကိုလည်း နည်းနည်း နား လည်ခွင့်လွှတ်ကြဖို့ အတွက် တောင်းပန်တယ်ဗျ။ အကြမ်းဖက်မှုမဖြစ်ခင်အချိန်အတွင်းမှာသူက လုံခြုံရေး တပ်တွေ ဖြန့်ချတယ်ပေါ့။ ဖြန့်ချတဲ့အချိန်မှာ တချို့ဘက်တွေကို တပ်တွေက မရောက်လိုက်ဘူး။ အဲ့ဒီချိန်မှာ တချို့ရွာတွေက ဖျက်ဆီးခံလိုက်ရတယ်ပေါ့။ အထိနာတာပေါ့။ အဲ့ဒီမှာ သူက တာဝန်မကင်းမဘူးပေါ့။ အဲ့ဒါ ကြောင့် ကျွန်တော်ကို ဒီက ဒေသခံတွေအနေနဲ့ ခွင့်လွှတ်ပေးကြဖို့၊ ကျွန်တော်လည်း ကြိုးစားသလောက် အရာမထင်လိုက်တဲ့ အပိုင်းေ တွရှိတဲ့အတွက် ကျွန်တော်ကို နားလည်ခွင့်လွှတ်ကြပါဆိုပြီးတော့ တောင်းပန်တာ ဖြစ်ပါတယ်”ဟု စာရေးဆရာ ဝေဟင်အောင်က ပြောသည်။
Source: Mizzima