09 September 2017

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ စွန်ရဲစီမံချက်ဖြင့် တရားမ၀င် ရောက်ရှိလာသည့် ဘင်္ဂလီ ၄ ဦး ဖမ်းဆီးရမိ


ရန်ကုန်၊ စက်တင်ဘာ ၉


           ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့အနေဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း
လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် မှုခင်းကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ထိထိ ရောက်ဆောင်ရွက်နိုင်ရန်အတွက် စွန်ရဲစီမံချက် အဆင့်(၄) ကို အရှိန်တိုးမြှင့်ဆောင် ရွက်ခဲ့ရာ နယ်မြေလှည့်ကင်းဆောင်ရွက်နေသောရဲတပ်ဖွဲ့ဝင်များက တရားမ ၀င်ေ ရာက်ရှိလာသည့် ဘင်္ဂလီ ၄ ဦးအား ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။



စက်တင်ဘာလ ၉ ရက်နေ့ နံနက် ၂နာရီ ခွဲအချိန်ခန့်က မရမ်းကုန်းမြို့မရဲ စခန်းမှူး မှူးနှင့်အဖွဲ့မှ နယ်မြေအတွင်း ကင်းလှည့်ဆောင်ရွက်စဉ် ၄ ရပ်ကွက်၊ ပြည်လမ်း၊Oceanကုန်တိုက်ရှေ့ အရောက်တွင် အင်းစိန်မြို့နယ်ဘက်မှ မရမ်းကုန်းမြို့နယ်ဘက်သို့လမ်းလျှောက် လာသည့် အမျိုးသား ၂ ဦးအားတွေ့ရှိစစ်ဆေးရာရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ နယ်၊ အပေါက်ဝကျေးရွာနေ အဒူရော်စောင်၊(၂၀)နှစ်၊ (ဘ)အဒူဂေါ်နီ၊ ဘင်္ဂလီ/မွတ် ဆလင်/ အစ္စလာမ်နှင့် ၀က်ခေါင်းကျေးရွာနေ ဟော်မင်၊ (၁၈)နှစ်၊ (ဘ)လာမိုဟားမား၊ ဘင်္ဂလီ/မွတ်ဆလင်/အစ္စလာမ်တို့ ၂ ဦးတို့မှာ တရားမ၀င်ရောက်လာကြောင်း စစ်ေ ဆးေ တွ့ရှိ ဖမ်းဆီးရမိခဲ့ပါသည်။

      အလားတူ ဘုရင့်နောင်နယ်မြေရဲစခန်းမှရဲတပ်ဖွဲ့ဝင်များက နံနက် ၂ နာရီခွဲအချိန် တွင် အမှတ်(၃)ရပ်ကွက်အုပ်ချုပ် ရေးမှူးအဖွဲ့နှင့်အတူ လှည့်ကင်းဆောင်ရွက်နေစဉ် မရမ်းကုန်းမြို့နယ်၊ (၃)ရပ်ကွက်၊အောင်မင်္ဂလာ(၂)လမ်း၊ လမ်းသွယ်(၃)၌ တရားမ၀င် ရောက်ရှိလာသော ဘင်္ဂလီတစ်ဦးအား တွေ့ရှိစစ်ဆေးရာ ရခိုင်ပြည်နယ်၊
ကျောက်တော်မြို့နယ်၊ ပေါင်းတုတ်ကျေးရွာနေ ဖော်ဇော်ရော်ဟိန်း၊ (၁၈)နှစ်၊  (ဘ)မိုဟာမက်အီစမန်၊ ဘင်္ဂလီ/ မွတ်ဆလင်/အစ္စလာမ်ဆိုသူအား တွေ့ရှိဖမ်းဆီး ရ မိခဲ့ပါသည်။

      ယင်းနေ့ နံနက် ၉ နာရီ ၂၀ အချိန်တွင်လည်း နယ်မြေအတွင်း ဘင်္ဂလီတစ်ဦးေ ရာက်ရှိနေကြောင်း သတင်းရရှိ သဖြင့် ဘုရင့်နောင်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များက မရမ်းကုန်းမြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ အုပ်ချုပ်ရေးမှူး အဖွဲ့နှင့်အတူ သွားရောက် ရှာဖွေရာ (၃) ရပ်ကွက်၊ ဗိုလ်ချုပ်လမ်း၊ အမှတ်(၃၇၁)ရှိ နေအိမ်ခြံစည်းရိုးအတွင်း တိုးဝင်နေသော ဘင်္ဂလီတစ်ဦးတွေ့ရှိသဖြင့် စစ်ဆေးရာ ရခိုင်ပြည်နယ်၊ကျောက်ေ တ်ာမြို့နယ်၊ အပေါက်ဝကျေးရွာနေ ဟာဆောင်း၊ (၁၆)နှစ်၊ (ဘ)ဂီလမာမန့်၊  မွတ်ဆလင်/အစ္စလာမ်ဆိုသူဖြစ်ကြောင်းသိရပါသည်။

       အဆိုပါတရားမ၀င်ရောက်ရှိနေသော ဘင်္ဂလီများအား စစ်ဆေးရာ လွန်ခဲ့သော ၁ လခန့်က ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်မှ ရန်ကုန်မြို့သို့ ရခိုင်လူမျိုးအမျိုး သားတစ်ဦးမောင်းနှင်သော မော်တော်ယာဉ်ဖြင့် လိုက်ပါလာကြောင်း၊ တစ်ဦးလျှင် ငွေကျပ်(၁၅)သိန်းစီဖြင့် ပို့ဆောင်ခပေးရကြောင်း၊ စစ်တွေ-အမ်း-ရန်ကုန်လမ်းအတိုင်း အမျိုးအစားမသိ၊ အဖြူရောင်မော်တော်ယာဉ်ကား နောက်ခန်းတွင် ပစ္စည်းများနှင့် အတူ ရော၍လိုက်ပါခဲ့ကြောင်း၊ ရန်ကုန်မြို့သို့ရောက်ရှိပြီးနောက် လိပ်စာမသိ၊ အမည်
မသိ၊ဗမာအမျိုးသားတစ်ဦး၏နေအိမ်တွင်တည်းခိုနေထိုင်ခဲ့ကြောင်း၊ရန်ကုန်မြို့တွင်းသို့ ကျပန်းအလုပ်လုပ်ကိုင်ရန်အတွက် လမ်းလျှောက်ထွက်လာစဉ် ဖမ်းဆီးခံရခြင်းဖြစ် ကြောင်းသိရသည်။

          ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့အနေဖြင့် ရန်ကုန်မြို့တွင်းသို့ တရားမ၀င်
ရောက်ရှိလာ သည့် ဘင်္ဂလီ ၄ ဦးအား ၁၉၄၉ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံ အတွင်းနေထိုင်သူများ မှတ်ပုံတင်ရေးအက်ဥပဒေဖြင့် အရေးယူဆောင် ရွက်နိုင်ရန် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ပူးပေါင်း စစ်ဆေးဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊မှုခင်းကြိုတင်ကာကွယ်ရေးလုပ်ငန်းများကိုအရှိန်တိုးမြှင့်ဆောင်ရွက်သွား
မည်ဖြစ်ပါကြောင်း အသိပေးဖော်ပြအပ်ပါသည်။