29 September 2017

လူမျိုးအမည် မပါဝင်လို့ မှတ်ပုံတင်ဖို့ ဒုက္ခသည်များ ငြင်းဆန်


29 September 2017 12:04(+0630) (လွန်ခဲ့သော 4 နာရီ ခန့်က)

ရခိုင်ပြည်နယ်မှာ မကြာခင်က ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် ပဋိပက္ခတွေကြောင့် နေရပ် က စွန့်ခွာထွက်ပြေးပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်းက ဒုက္ခသည်စခန်းတွေကို ရောက်ရှိ လာခဲ့ကြသူတွေကို တာဝန်ရှိသူတွေကမှတ်ပုံတင်စာရင်းသွင်းရေးလုပ်ငန်းဆောင်ရွက် တဲ့အခါ လူမျိုးအမည် မပါဝင်တာနဲ့ ပတ်သက်ပြီး ဒုက္ခသည်တချို့က မှတ်ပုံတင်ဖို့ လက်မခံ ငြင်းဆန်ခဲ့ကြတယ်လို့ AFP သတင်းက ဖေါ်ပြပါတယ်။

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက ဒုက္ခသည်အဖြစ် မှတ်ပုံတင်ကဒ်ပြားတွေ ထုတ်ပေး တဲ့အခါ ကဒ်ပြားပေါ်က နိုင်ငံသားအဖြစ် ဖြည့်စွက်ရမည့်နေရာသာပါပြီး လူမျိုးအဖြစ် ဖြည့်စွက်ရမယ့်နေရာမပါဝင်တဲ့အတွက် မှတ်ပုံတင်ဖို့ ငြင်းဆိုခဲ့ကြတာလို့ သိရပါတယ်။

     အသစ်ရောက်ရှိလာတဲ့ ဒုက္ခသည် ၅ သိန်းနီးပါးကို မှတ်ပုံတင်ကိစ္စ ဆောင်ရွက်ေ ပးနေရာမှာ အခုထိ မှတ်ပုံတင်ပြီးသူ နှစ်သောင်းလေးထောင်လောက် ရှိတယ်လို့ ဒုက္ခသည်အဖြစ် အသိအမှတ်ပြုကဒ်ပြားရဲ့ လူမျိုးနေရာမှာ မြန်မာနိုင်ငံသားအဖြစ်ေ ဖ်ါပြဖို့ ဘင်္ဂလာေးဒ့ရှ် အစိုးရ က ဆုံးဖြတ်ထားပေမယ့် ဒုက္ခသည်တချို့က နိုင်ငံသား ဆိုတာထက် ရိုဟင်ဂျာလူမျိုးအဖြစ် ထည့်သွင်း စေချင်ကြတယ်လို့ တာဝန်ရှိသူတွေ ကပြောပါတယ်။

ဘင်္ဂလားဒေ့ရှ် အရာရှိတစ်ဦးကတော့ ဒုက္ခသည်ကဒ်ပြားမှာ လူမျိုးအမည် မထည့် သွင်း တာဟာ နိုင်ငံတကာစံနှုန်းနဲ့အညီဖြစ်အောင် အစိုးရက ဆောင်ရွက်ထား တာဖြစ်ကြောင်းပြောပါတယ်။

RFA Burmese