20 September 2017

မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုပြုလုပ်ရန် အိန္ဒိယသို့ရောက်ရှိလာသည့် အကြမ်းဖက်သမား အယ်ကိုင်ဒါအား အိန္ဒိယရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိ



အိန္ဒိယနိုင်ငံ ဒေလီမြို့အရှေ့ပိုင်းတွင် Samiun Rahman (အသက်၂၈)နှစ် အမည်ရှိ
အယ်ကိုင်ဒါ အကြမ်းဖက်သမားတစ်ဦးကို အိန္ဒိယအထူးရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိခဲ့ေ ကြာင်းသိရသည်။

ဒေလီအထူးရဲတပ်ဖွဲ့မှ အရာရှိ ပီကူရှာဝါဟာက  သူက မနီပူက မီဇူရမ်မှာ အခြေ စိုက်ပြီး မြန်မာနိုင်ငံထဲ အကြမ်းဖက်သမားတွေ လွှတ်ဖို့ အိန္ဒိယကို လာခဲ့တာ။´
ဟု ပြောကြားခဲ့သည်။

Samiun Rahman သည် ဗြိတိန်နိုင်ငံသားတစ်ယောက်ဖြစ်ပြီးအယ်ကိုင်ဒါအကြမ်း ဖက်အဖွဲ့၏ လူသစ်စုဆောင်းရေးတွင် အရေးပါသည့်လူတစ်ယောက်လည်း ဖြစ် သည်။

Samiun Rahman သည် မနီပူ ရှိ မီဇူရမ်အရပ်တွင် အခြေစိုက်ပြီး ရိုဟင်ဂျာများကို စုဆောင်းပြီးအိန္ဒိယနှင့်မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများပြုလုပ်ရန်ရှိသည်ဟု သိရ သည်။

Samiun Rahman သည်ဒေလီမြို့အရှေ့ပိုင်းရှိဗီကာစ်မာ့ဂ်တွင် အကြမ်းဖက်အဖွဲ့သား တစ်ယောက်နှင့်ဆက်သွယ်ရန် သွားရောက်ရာမှအဖမ်းခံခဲ့ရခြင်းလည်းဖြစ်သည်။

ထိုမတိုင်ခင်က Samiun Rahman သည် ဘင်္ဂလားဒေ့ရှ်တွင် အကြမ်းဖက်မှုပြုလုပ်ရန် အမှုဖြင့် စွဲချက်တင်ခံခဲ့ရပြီး2017 ခုနှစ် ဧပြီလတွင် ပြန်လည်လွတ်မြောက်လာခဲ့သည်။ ထိုနောက် Nusra တပ်မှူး မိုဟာမက်ဂျိုလာနီကအိန္ဒိယရှိ ရိုဟင်ဂျာများအား လူသစ်စုေ ဆာင်းရန် ညွှန်ကြားခဲ့ကြောင်း ဒေလီရဲတပ်ဖွဲ့မှ ပြောကြားသည်။

အိန္ဒိယရဲတပ်ဖွဲ့မှ Samiun Rahman သည် အထူးလုံခြုံသော စာပို့ application ဖြစ်သည့် Protective Text app ဖြင့် အယ်ကိုင်ဒါထိပ်သီးခေါင်းဆောင်များနှင့် al-nusra ခေါင်းဆောင်များနှင့်ဆက်သွယ်ခဲ့ကြောင်းလည်း ပြောကြားခဲ့သည်။

Samiun Rahman သည် ဟာဇာရီဘာဂ်၊ ဘီဟာ၊ ဒေလီ နှင့် ကတ်ရှ်မီးယားတို့တွင် နေထိုင်သောရိုဟင်ဂျာ ၁၂ ယောက်တို့၏ ဖုန်းများကိုလည်း ဖြတ်နားထောင်ခဲ့ကြောင်း စုံစမ်းစစ်ဆေးရေးမှူးများကိုဖွင့်ဟ၀န်ခံခဲ့သည်။

အထူးရဲတပ်ဖွဲ့မှ လက်ထောက်ကော်မရှင်နာ ပရာမွန်ကူရှာဝါက `သူက အကြမ်း ဖက်အဖွဲ့ကို အခြေစိုက်ပြီး ဒေလီနဲ့ အရှေ့မြောက်ပြည်နယ်နှစ်ခုမှာ အိန္ဒိယနဲ့ မြန်မာနိုင်ငံမှာ အကြမ်းဖက်လုပ်ရပ်တွေကို လုပ်ဖို့ လူသစ်တွေ စုဆောင်းနေတာ။
သူ့ကို ဒေလီ၊ ဟာဇာဘာ့ဂ်နဲ့ အိန္ဒိယရဲ့ တခြားနေရာမှာ ရှိတဲ့ အယ်ကိုင်ဒါ အမာခံ အဖွဲ့က ထောက်ပံ့ပေးထားတယ်လို့သိရတယ်´ ဟု ပြောကြားခဲ့သည်။

ရဲအရာရှိများသည် Samiun Rahman ကို ဖမ်းဆီးရရှိခဲ့စဉ် Shumon Haq အမည်ဖြင့် ID ကတ်ကိုင်ဆောင်ထားကြောင်းလည်း တွေ့ရှိခဲ့ရသည်။ ထို အိုင်ဒီကတ်မှာ ဘီဟာပြည်နယ်ရှိ ဒေသခံတစ်ယောက်ကိုင်ဆောင်သောကတ်ဖြစ်သည်။

ထို့ပြင် အမေရိကန်ဒေါ်လာ နှစ်ထောင်၊ လက်ပတော့တစ်လုံး၊ 9mmပစ္စတိုတစ်လက် နှင့် ကျည်ဆံကတ်များနှင့် ဘင်္ဂလားဒေ့ရှ်ဖုန်းဆင်းကတ်များ ကိုလည်း တွေ့ရှိခဲ့ရသည်။
.
http://timesofindia.indiatimes.com/…/articlesh…/60739539.cms
https://www.youtube.com/watch?v=xwqOhBrl_ac&t=58