16 September 2017

[ARSA အစွန်းရောက်အကြမ်းဖက်သမားသတင်း- ၅၅]



မသင်္ကာသူ ၁၆ ဦးအား ဖမ်းဆီးစစ်​​ဆေး အမှုဖွင့်​အ​ရေးယူ၊ လက်​လုပ်​မိုင်း​ဟောင်း ၁ လုံး​တွေ့ရှိသိမ်းဆည်း

စက်တင်ဘာ ၁၆ ၊၂၀၁၇
ARSA အစွန်းရောက်အကြမ်းဖက်သမားများသည် သြဂုတ် ၂၅ ရက် နံနက်စောစော အချိန်မှစ၍ မောင်တောဒေသအတွင်းရှိ နယ်ခြားစောင့် ရဲစခန်း ၃၀ ကျော်အားတစ်ပြိုင် နက်တည်း အင်အားသုံး၍ အလစ်အငိုက် တိုက်ခိုက်ခဲ့သည်။

ထိုသို့ ARSA ၏ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ နိုင်ငံ့ဝန် ထမ်းများ၊ ရခိုင် တိုင်းရင်းသားများနှင့် အစ္စလာမ် ဘာသာဝင်များအပြင် ဟိန္ဒူဘာသာ ဝင်များ၊ ဒိုင်းနက်လူမျိုးများ၊ မြိုလူမျိုး များ အပါအဝင် အပြစ်မဲ့ပြည်သူများ အသက်ဆုံး ရှုံးခြင်းနှင့် ထိခိုက်ဒဏ်ရာ ရရှိမှုများ ဖြစ်ခဲ့ရပြီး ဒေသခံ တိုင်းရင်းသားပြည်သူများသည် နေရာဒေသ အများအပြားသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။


မောင်တောမြို့နယ် နယ်​​မြေ ၃ ကျီးကျွန်းရဲကင်းစခန်းတာဝန်ကျ လုံခြုံ​​ရေးတပ်​ဖွဲ့ဝင်​များသည်​ စက်​တင်​ဘာ ၁၀ ရက်​ မွန်းလွဲ ၁ နာရီ ၁၅ မိနစ်တွင် ​​​အလယ်​​ချောင်းအတိုင်း တောင်ဘက်မှ ကျီးကျွန်း ရဲကင်းစခန်း ဘက်သို့​လှော်ခ​တ်လာသည့် လောင်း​လှေ (၂)စီးအား ရပ်တန့်ရန် အော်ဟစ်ဟန့်တား ခဲ့ခဲ့ရာ ဆက်လက် ​လှော်ခ​တ်နေသဖြင့် လက်နက်ငယ်ဖြင့် ​​​ခြောက်​လှန့်​ပစ်​ခတ်​ခဲ့၍ တားဆီး စစ်​​ဆေးခဲ့သည်​။

လှေ​ပေါ်ပါသူများကို စစ်​​ဆေးရာ ​လက်နက်ငယ်ဖြင့် ​ခြောက်​လှန့်​ပစ်​ခတ်​စဉ်​ ဦးခေါင်း/ ယာပခုံး ကျည်ထိမှန်ဒဏ်ရာဖြင့် သေဆုံးနေသည့် ဂုံးနား​ကျေးရွာနေ ဇာဟတ် တူေ ဆာင်း (၅၀)နှစ်​နှင့်ကျွန်း​​ခေါင်း​ကျေးရွာ​နေ မာမွတ်ဆလာမ်(ခ)ဆီရူး(၆၀) နှစ် ပါ အမျိုးသား ၄ ဦးနှင့်အတူ ဓားရှည်(၄)လက် တို့ကို သိမ်းဆည်းရမိသည်။

ကျန်‌လှေ (၁)စီးပေါ်မှ ကျွန်း​​ခေါင်း​ကျေးရွာ​နေမဆန်နာဝါရာဘေဂွမ် (၄၅)နှစ် ပါ (၁၂) ဦး(အမျိုးသား ၁ ဦး၊ အမျိုးသမီး ၃ ဦး၊ က​လးငယ် ၈ ဦးတို့အား ​တွေ့ရှိထိန်းသိမ်း၍ စစ်​​ဆေး​မေးမြန်းရာ နယ်​​မြေ ၅ ​လောင်းဒုံမှ ထွက်​​ပြေးလာခြင်းဖြစ်​​ပြီး နတ်​မြစ်​အား ဖြတ်​၍ ကျီးကျွန်း ရဲကင်းစခန်းအနီး အလယ်​​ချောင်းအတိုင်း ဝင်​​ရောက်​လာခြင်း ဖြစ်​​ကြောင်းသိရသည်​။

ဖမ်းဆီးရမိသူ (၁၆)ဦးအနက် မာမွတ်ဆလာမ်(ခ) ဆီရူး ပါ (၆)ဦးအား စက်တင်​ဘာ ၁၅ ရက်​တွင်​ မောင်တောမြို့နယ် တရားရုံး၌ လူဝင်မှုကြီးကြပ်​​ရေး ဥပဒေပုဒ်မ ၆(၂)/ ၆(၃)ဖြင့် တရားရုံး ဦးတိုက်​လျှောက်​ထားခဲ့ရာ မြို့နယ်တရားရုံးမှ ရာကြီးအမှတ် (၃၉၃ /၂၀၁၇)ဖြင့် လက်ခံစစ်ဆေး ၍ ထောင်ဒဏ် (၂)နှစ်စီကျခံစေရန် အမိန့်ချမှတ်​ခဲ့သည်​။

ဂုံးနား​ကျေးရွာနေ ဇာဟတ်တူဆောင်း (၅၀)နှစ်​​သေဆုံးမှုနှင့်​ ပတ်​သက်​၍ စက်​တင်​ဘာ ၁၁ ရက်​တွင်​ မောင်တောမြို့နယ်​ ​တောင်​ပြိုယာရဲစခန်း ၌ ​သေမှု​သေခင်း အမှတ်​ ၅/၂၀၁၇ ဖွင့်​လှစ်​ စစ်​​ဆေးလျက်​ရှိသည်​။

ကျန် အရွယ်မရောက်သေးသော နူရ်ရာမောက်အာရာဖက်ပါ (၈)ဦးအားမောင်တောမြို့ မြို့မ(တောင်) ရပ်ကွက်ရှိ ရပ်မိ/ဖ ဦးပြည်ဝင်းမောင် (ခ)ရော်ဖီးထံသို့ လည်းကောင်း၊ ဇော်မိန်နာရာဘေဂွမ်ပါ (၂)ဦးအား ၎င်းတို့၏ မိခင်ဖြစ်သူထံသို့ လည်းကောင်း အသီး သီးလွှဲ ​ပြောင်း​ပေးအပ်​ခဲ့​ကြောင်း သိရသည်​။

မောင်​​တောမြို့နယ်​ နယ်​​မြေ ၉ ​ကျောက်​ပန္တုတပ်​စခန်းမှ လုံခြုံ​ရေးတပ်​ဖွဲ့ဝင်​များသည်​ ​ စက်​တင်​ဘာ ၁၅ ရက်​ ည​နေ ၃ နာရီတွင်​ ​မောင်​​တော- အငူ​မော်​ ကားလမ်း တစ်​​လျောက်​ နယ်​​မြေစိုးမိုး​ရေး​ဆောင်ရွက် စဉ်​ ​ကျောက်ပန္တုရွာကြီးနှင့်​ ကိုက်​ ၅၀ ခန့်​အကွာ၌ ARSA အစွန်း​ရောက်​ အကြမ်းဖက်​သမားများ​ထောင်​ထားသည့်​ အရှည်​ ၁ ​ပေ၊ ထု ၆ လက်​မခန့်​ရှိ လက်​လုပ်​မိုင်း(​ဟောင်း) ၁ လုံး ကို နှစ်​ပင်​လိမ်​ဝါယာကြိုး ၁၀ ကိုက်​ခန့်​ဖြင့်​ သွယ်​တန်းလျက်​​တွေ့ရှိသဖြင့်​ သက်​မဲ့ပြုလုပ်​၍ သိမ်းဆည်းခဲ့သည်​။
(သတင်းထုတ်​ပြန်​​ရေး​ကော်​မတီ)
Ref: Information Committee