27 September 2017

ကျောက်ဖြူမြို့နယ်တွင် ခရီးသည်တင်ကားနှင့် ဆိုင်ကယ် မျက်နှာချင်းဆိုင်တိုက်မိရာမှ ဆိုင်ကယ်မောင်းသူသေဆုံး


ရခိုင်ဂေဇက်၊ စက်တင်ဘာလ ၂၇ ရက်

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ် အုန်းတောကျေးရွာအနီး၌ ယနေ့ စက်တင်ဘာလ ၂၇ ရက်နေ့ နံနက် ၁၁ နာရီခန့်အချိန်က ရန်ကုန် - ကျောက်ဖြူကားလမ်းတွင်ရမ်းဗြဲမြို့ မှ ကျောက်ဖြူသို့ မောင်းနှင်လာသော ခရီးသည်တင်ဆောာင်လာသော ဒိုင်နာကားနှင့် ဆိုင်ကယ်တစ်စီး မျက်နှာချင်းဆိုင်တိုက်မိရာဆိုင်ကယ်မောင်းသူ သေဆုံးသွားကြောင်း ကျောက်ဖြူမြို့မရဲစခန်းမှ သိရသည်။

"ယာဉ်တိုက်မှုဖြစ်တာက ဟုတ်ပါတယ်။ ကျွန်တော်တို့ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေး ဆောင်ရွက်နေဆဲပါ။ ကားက ရမ်းဗြဲကနေ ကျောက်ဖြူကိုလာတဲ့ ခရီးသည်တင်လာတဲ့ ဒိုင်နာကားအပြာကြီး တွေ့တာပဲ။ အဲဒီမှာဖြစ်တာက ကားနှင့် ဆိုင်ကယ်ဟာ မျက်နှက်
ချင်းဆိုင်တိုက်တဲ့အနေအထားမှာရှိတယ်။ ဆိုင်ကယ်မောင်းသူကတော့ ဒဏ်ရာပြင်း တယ်။ လောလောဆယ်တော့ ဘယ်သူမှားတယ် မှန်တယ်ဆိုတာကို ဆုံးဖြတ်ချက်မ ရသေးပါဘူး။ ” ဟု ကျောက်ဖြူမြို့မရဲစခန်းမှ ဒုရဲအုပ်လှမိုးက ဆိုသည်။


အဆိုပါ ယာဉ်တိုက်မှုဖြစ်ပွားရာ၌ ဆိုင်ကယ်မောင်းသူမှာ ပြင်းထန်ဒဏ်ရာရှိသဖြင့် ကျောက်ဖြူဆေးရုံသို့ပို့ဆောင်ခဲ့ပြီး နံနက် ၁၁ နာရီကျော်လောက်မှာ သေဆုံးသွားေ ကြာင်း ကျောက်ဖြူမြို့မရဲစခန်းမှ သိရသည်။

လက်ရှိမှာ ယာဉ်တိုက်မှုဖြစ်စဉ်နှင့် ပတ်သတ်၍ ကားမောင်းသူ အား ကျောက်ဖြူမြို့ မရဲစခန်းမှ အမှုဖွင့်စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း ၊သေဆုံးသူ၏အမည်နှင့် နေရပ်လိပ်စာ အားစုံစမ်းဆဲဖြစ်ကြောင်း ကနဦးသတင်းများအရ သိရသည်။

အေးအေးသန်း
Rakhine Gazette