29 September 2017

တရုတ်နိုင်ငံသားတွေ စိုက်ပျိုးရေးဝင်လုပ်တာကို ကန့်ကွက်မည်


29 September 2017 21:49(+0630) (16 မိနစ် ခန့်က)
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်အတွင်းက တရုတ်နိုင်ငံကို တင်ပို့တဲ့ တစ်ရှူးငှက်ပျော စိုက်ခင်းတချို့ကို တွေ့ရစဉ်။ Photo: Kyaw Myo Min/RFA
ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် တာလောကြီးဒေသဘက်မှာ စိုက်ပျိုးရေးလုပ်ဖို့ အတွက် တရုတ်နိုင်ငံသားတွေ ရောက်ရှိနေတာနဲ့ ပတ်သက်ပြီး ကန့်ကွက်ကြောင်းကို ဒေသခံတွေက ပြည်နယ်အစိုးရကို ရက်ပိုင်းအတွင်း စာပေး ပို့ တင်ပြသွားမယ်လို့ တာလောကြီးကျေးရွာက ရပ်မိရပ်ဖ တစ်ယောက်ဖြစ်တဲ့ ဦးစိုင်းစန်းဝေ က ပြောပါ တယ်။

တာလောကြီးဒေသဘက်မှာ တရုတ်နိုင်ငံသားတွေ တံခါးမရှိ ဓါးမရှိ ဝင်ရောက်လုပ် ကိုင်နေတဲ့ အခြေအနေတွေကို ကန့်ကွက်ကြောင်း ပြောဆိုမှာဖြစ်တယ်လို့ ဦးစိုင်းစန်းဝေက ပြောပါတယ်။

"အခုက အသိမပေးဘဲနဲ့ ဒီအတိုင်းပဲ ပိုင်းစိုးပိုင်နင်း ဝင်ပြီးတော့မှ ဒါ သူတို့ နေရာထိုင် ခင်းတွေချတယ်။ ဖရဲစိုက်ဖို့တွေ ပြင်ဆင်လုပ်နေတယ်။ အဲဒါကို ဒီကသိတော့ သွားေ မးတော့ စင်ကြိုင်ကုမ္ပဏီလက်ခွဲပါ ဆိုပြီးတော့မှajပာတာပေါ့။ အဲဒီကိစ္စနဲ့ပတ် သက်ြ ပီး တာလောကြီးနယ်မှာ လာမလုပ်ဖို့ ကျနော်တို့က ဒီရပ်မိ ရပ်ဖတွေက ဝန်ကြီးချုပ် ဆီမှာ စာတင်ဖို့ရန်အတွက် စီစဉ်နေပြီ။ ပိုက်ဆံရှိတဲ့ ကုမ္ပဏီကြီးတွေကနေ မြေတွေ အများကြီးလာယူလိုက်တော့ ဒေသခံတွေမှာ လုပ်စားကိုင်စားဖို့ ဒါ မြေပျောက်ရမယ့် အနေအထားဖြစ်နေ တာ။ မြန်မာပြည်ဘက်ကို တရုတ်တွေက တံခါးမရှိ ဓါးမရှိ ဝင်နေ တဲ့ကိစ္စကိုajပာချင်တာပေါ့။ ပြောမယ်ဆိုလို့ရှိရင် အရှေ့တံခါးပေါက်ကြီးဟာဟင်းလင်း ပွင့်နေတယ်။ ဒါ ပြောချင်တာပေါ့လေ"

ပြီးခဲ့တဲ့ လပိုင်းတွေကစပြီး ခေါင်ဖူးရွာသစ်၊ ဦးလောက်၊ တာလောကြီး စတဲ့ရွာတွေ ဘက်မှာ စင်ကြိုင်၊ ဆွတ်ဘွမ်၊ ပူတာအိုနဂါးနှစ်ကောင်စတဲ့ ကုမ္ပဏီတွေက တစ်ရှူး ငှက်ပျောစိုက်ခင်းတွေကို လုပ်ကိုင်နေကြပြီး အခုအခါမှာ ဖရဲစိုက်ပျိုးဖို့အတွက်ပါ ပြင်ဆင်လာကြတာလို့ ဒေသခံတွေက ဆိုပါတယ်။

လတ်တလောမှာ ကုမ္ပဏီတချို့က တရုတ်နိုင်ငံသားတွေကို ထပ်ခေါ်လာပြီး တာလော ကြီးရွာ အရှေ့တောင်ဘက် နောင်းရမ်းကွင်းဘက်က ဒေသခံတောင်သူတွေရဲ့ လယ် ယာမြေတွေကို သိမ်းယူပြီး  ဖရဲ စိုက်ပျိုးဖို့ ပြင်ဆင်နေကြ တယ်လို့ ရွာသားတွေက ပြောပါတယ်။

အခုနှစ်ပိုင်းအတွင်း စိုက်ပျိုးရေးလုပ်ကိုင်ဖို့ တရုတ်နိုင်ငံသားတွေ အလုံးအရင်းနဲ့ ရောက်ရှိလာမှုနဲ့အတူ ကုမ္ပဏီတွေ က ဒေသခံရွာသားတွေရဲ့ လယ်ယာစိုက်ပျိုြးေ မတွေကို နည်းမျိုးစုံနဲ့ သိမ်းယူမှုတွေကြောင့် မြေယာပြသနာတွေ လည်း ဖြစ်ပွားနေ တာပါ။

ကုမ္ပဏီတွေက တရုတ်နိုင်ငံသားလုပ်သားတွေကို ခေါ်ယူရာမှာ အစိုးရက ခွင့်ပြုတဲ့ အရေအတွက်ထက်ပိုပြီး ခေါ်ယူတာတွေရှိနေတယ်လို့လည်း သတင်းတွေထွက်ေ နပါတယ်။

ကချင်ပြည်နယ်မှာ အစိုးရရဲ့ ခွင့်ပြုချက်နဲ့ စိုက်ပျိုးရေး၊ လျှပ်စစ်၊ လမ်းပန်းဆက် သွယ်ေ ရး စတဲ့ ကဏ္ဍတွေမှာလာရောက်လုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသား အယောက် ၂ ထောင်ကျော်ရှိတယ်လို့ ပြီးခဲ့တဲ့ မေလအတွင်းက RFA နဲ့ တွေ့ဆုံမေးမြန်းရာမှာ ပြည် နယ်လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသူရမျိုးတင် က ပြောဆိုထားပါ တယ်။

RFA Burmese