06 September 2017

ခြံစည်းရိုးကာခြင်းအတွက် လိုအပ်သည့်ဘဏ္ဍာငွေအား နိုင်ငံတော်အစိုးရက ချက်ချင်းဖြည့်ဆည်းပေးမည်

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယသမ္မတဦးမြင့်ဆွေ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နှင့် ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းတို့က နယ်စပ်ခြံ စည်းရိုးပျက်စီးနေသည့်နေရာတွင် အမြန်ဆုံးပြုပြင်ခြင်းဆောင်ရွက်လျက်ရှိရာ ပြုပြင်ခြင်းနှင့် ခြံစည်းရိုးကာရန် ကျန်ရှိသည့်နေရာများကိုအဆင့်မီလုံခြုံစွာ အမြန်ဆုံး ကာရံခြင်းတို့ကိုချက်ချင်းဆောင်ရွက်ရန်၊ ခြံစည်းရိုးကာခြင်းအတွက် လိုအပ်သည့် ဘဏ္ဍာငွေအား နိုင်ငံတော်အစိုးရက ချက်ချင်းဖြည့်ဆည်းပေးမည် ဖြစ်ကြောင်း၊ 

- နယ်စပ်ခြံစည်းရိုးလုံခြုံမှု အားနည်းသည့်နေရာများတွင် လုံခြုံရေး တပ်ဖွဲ့ဝင်များ လုံလောက်စွာတိုးမြှင့် ချထားရမည် ဖြစ်ကြောင်း၊
- အကြမ်းဖက်မှုတွင် ပါဝင်သူများကိုဥပဒေနှင့်အညီ ဖော်ထုတ်အရေးယူသွားမည် ဖြစ်ကြောင်း၊

- ရခိုင်ပြည်နယ် အတွင်းဘာသာ၊ လူမျိုးမခွဲခြားဘဲလူသားချင်းစာနာ ထောက်ထား မှုဆိုင်ရာ အကူအညီများပေးအပ်လျက် ရှိပြီးဆက်လက်၍လည်းဆောင် ရွက်သွားမည် ဖြစ်ကြောင်းစသည်ဖြင့်ရခိုင်ပြည်နယ်အတွင်းဆက် လက်ဆောင်ရွက်မည့် ရှေ့လုပ် ငန်းစဉ်များကိုဝိုင်းဝန်းဆွေးနွေးကြသည်။
#UZawHtay-Cd