06 September 2017

မောင်တောမြို့နယ်၌ မင်္သကာသူ ၅ဦး ဖမ်းဆီးရမိ


6 September 2017 20:38(+0630) (လွန်ခဲ့သော 2 နာရီ ခန့်က)

စက်တင်ဘာ ၆၊ ၂၀၁၇

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ပချီးယားတန်းကျေးရွာနှင့် ပညောင်ပင်ကြီး ကျေးရွာတို့အား ယနေ့နံနက် ၁၁နာရီခွဲခန့်က လုံခြုံရေးတပ်ဖွဲ့ဝင်များ နယ်မြေရှင်းလင်းစဉ် မသင်္ကာသူ ၅ဦးအား ဖမ်းဆီးရမိ ခဲ့ရာ နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ ဥပဒေအညီ စစ်ဆေးလျက်ရှိကြောင်း သိရသည်။


အလားတူ မောင်တောမြို့နယ် မြို့မ ကညင်တန်းအုပ်စု ဒီပါလ်ရာကျေးရွာ၌ ARSA အစွန်းရောက် အကြမ်းဖက်သမားများ ယနေ့မွန်းလွှဲ ၁ နာရီခွဲက နေအိမ်များ မီးရှို့ဖျက်ဆီးခဲ့ရာ လုံခြုံရေး တပ်ဖွဲ့ဝင်များက မီးငြိမ်းသတ်ပေးမှုကြောင့် နေအိမ် ၃ လုံးသာ မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ်မြောက်ခြမ်း အကြမ်းဖက်တိုက်ခိုက်ခံရမှုဖြစ်စဉ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင် များ ၏ နယ်မြေတည်ငြိမ်အေးချမ်းရေးဆောင်ရွက်မှုကြောင့် ARSA အစွန်းရောက် အကြမ်းဖက်သမား ၃၈၇ ဦး အသေရရှိကာ (၃၈) ဦးဖမ်းဆီးရမိခဲ့ပြီး ကျေးရွာပေါင်း (၆၀)၊ အိမ်အလုံးရေ (၆၈၄၅)လုံး မီးရှို့ဖျက်ဆီး ခံခဲ့ရကြောင်း သိရသည်။

(သတင်းထုတ်ပြန်ရေးကော်မတီ)
https://www.facebook.com/InfomationCommittee/