08 September 2017

ရခိုင်အရေး တည်တည်ငြိမ်ငြိမ် ရင်ဆိုင်ရန် NLD အမတ်တချို့ တိုက်တွန်း


Want create site? Find Free WordPress Themes and plugins.
ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော ပဋိပက္ခ ဖြစ်စဉ်များနှင့် ပတ်သက်၍ အစိုးရနှင့် ပြည်သူအားလုံးက ဖြစ်ပေါ်လာသည့် အခြေ အနေများတွင် တည်တည် ငြိမ်ငြိမ်ရင် ဆိုင်ကြရန် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီမှ လွှတ်တော်ကိုယ်စားလှယ်တချို့က စက်တင်ဘာ ၇ ရက်နေ့တွင် တိုက်တွန်းလိုက်သည်။


လူမူကွန်ရက်ပေါ်မှ သတင်းအမှားများကို မယုံဘဲ အကြောက်တရားများကို ဖယ်ထုတ် ရန်၊ အစိုးရ လုပ်ဆောင်နေသည့် လုပ်ငန်းများ အဆင်ပြေချောမွေ့ရေးအတွက် တည် တည်ငြိမ်ငြိမ် ရင်ဆိုင်ပြီး ကူညီပေးနိုင်ကြရန် တိုက်တွန်းလိုက်ခြင်းဖြစ်သည်ဟု ဆို သည်။

အစိုးရ၏ ကိုင်တွယ်ဆောင်ရွက်ပုံများကို အားမလိုအားမရသူများနှင့် လုပ်ဆောင်ချက် များ မလုံလောက်ဟု ယူဆသူများ ရှိနေနိုင်သော်လည်း အားလုံး တည်တည်ငြိမ်ငြိမ် လုပ်ကိုင်ဆောင်ရွက်ဖို့ လိုအပ်ကြောင်း နေပြည်တော် ဇမ္ဗူသီရိမဲဆန္ဒနယ်မှ ပြည် သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော်က ပြောသည်။

“ ကျနော့်အမြင်မှာကတော့ အစိုးရတရပ်အနေနဲ့ လုပ်ကိုင်ဆောင်ရွက်သင့်တဲ့ အရာေ တွကို အတတ်နိုင်ဆုံး လုပ်ကိုင် ဆောင်ရွက်နေတာဖြစ်တဲ့အတွက် တည်တည်ငြိမ်ငြိမ် နဲ့ အဆင်အပြေဆုံး လုပ်ကိုင်ဆောင်ရွက်ဖို့ အတွက်ကိုပဲ တိုက်တွန်းချင်တယ်၊ တွန်း အားပေးချင်တယ်” ဟု ဦးဖြိုးဇေယျာသော် က ပြောသည်။

နှစ်ပေါင်းများစွာကတည်းက ဖြစ်လာသည့် ပြဿနာတခုဖြစ်သည့်အတွက် လွယ်လွယ် ကူကူ၊ မြန်မြန်ဆန်ဆန် ဖြေရှင်းရေးဆိုသည်မှာ ဖြစ်နိုင်မည်မဟုတ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

“တို့ပြည်သူတွေမတုံးဘူး။ အားလုံးတည်တည် ငြိမ်ငြိမ်နေရမယ့် အချိန်ဖြစ်တယ်” ဟူသည့် စာသားကို ကျန်ခဲ့သည့် ရက်အနည်းငယ်က လွှတ်တော်ကိုယ်စားလှယ် တချို့၏ Facebook လူမှုကွန်ရက် စာမျက်နှာများတွင် တင်ထားကြသည်ကိုလည်း တွေ့ရသည်။

“မနေ့ကလုပ်သွားတဲ့ သမ္မတက ဦးဆောင်ပြီးတော့ လုပ်သွားတဲ့ ရခိုင်အရေးနဲ့ပတ် သက် တဲ့ အစည်းအဝေးကတော့ တကယ်ဖြစ်သင့် ဖြစ်ထိုက်တဲ့ အစည်းအဝေးပါ။ ဒါက အစိုးရအနေနဲ့လည်း ဒီကိစ္စအပေါ်မှာ ဘယ်လောက်အလေးထားတယ် ဆိုတာ ရယ် တဖက်ကလည်း ဥပဒေနဲ့ အညီကိုင်တွယ်ဖြေရှင်းဖို့ ဆိုတဲ့ စကားရပ်က တော်တော်လေး အရေးပါပါတယ်” ဟု ရန်ကင်းမြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ် စား လှယ် ဒေါ်ဇင်မာအောင်က ပြောသည်။

အကြမ်းဖက်မှုဖြစ်စဉ်များနှင့် ပတ်သက်၍ သတင်းအမှားများကို လူမှုကွန်ရက်မီဒီယာ များတွင်တွေ့နေရပြီး ခံစားမှုနောက်မလိုက်ဘဲ သတိထား ကာကွယ်ဖို့လုပ်ဆောင် သင့်ကြောင်း ၎င်းကပြောသည်။

“ဒီဖြစ်စဉ်တွေဟာ ဘယ်လိုနည်းနဲ့မှ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို အထောက် အပံ့ဖြစ်စေတဲ့ ဖြစ်စဉ်တွေမဟုတ်ဘူး၊ အခြေအနေတွေ မဟုတ်ဘူးဆိုတာကို ကျမတို့ သတိကြီးကြီးထားဖို့လိုတယ်။ ဒီအခြေအနေတွေရဲ့ ခေါ်ဆောင်ရာကို ကျမတို့ လိုက်ပါမသွားဖို့လိုပါတယ် ” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

“ဓားနဲ့ သေနတ်ချတာ သေနတ်ရှုံးတယ်ဆိုတာက သိပ်တော့ ယုတ္တိမရှိဘူးလို့ ကျနော်မြင်တယ်။ ဖြစ်လာတာက သေးသေးလေး ပေမဲ့လည်း ဒီမီးက တတိုင်းပြည် လုံး ကို တောက်လောင်နိုင်တယ်။ အဲဒီအတွက် အချိန်မီရှင်းဖို့လိုတယ်” ဟု အမျိုးသား လွှတ်တော်၏ ကချင်ပြည်နယ် မဲဆန္ဒနယ် အမှတ် ၉ မှ လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်မြင့်က ပြောသည်။

ဖြစ်စဉ်များနှင့်ပတ်သက်ပြီး ကိုင်တွယ်ဖြေရှင်းရာတွင် နိုင်ငံတကာက ပါဝင်ပူးပေါင်းေ ဆာင် ရွက်သင့်ကြောင်းနှင့် မိမိဘက်ကိုယ်သာ ရပ်တည်ကာဖြေရှင်းလျှင် တိုင်းပြည်အ တွက် အန္တရာယ်ရှိကြောင်း ၎င်းကပြောသည်။