22 October 2017

ရခိုင်ပြည်နယ် လွတ်မြောက်ရေးပါတီ (ALP) အား အမျိုးသား အဆင့်နိုင်ငံရေးဆွေးနွေးပွဲ ပြုလုပ်ရန် အစိုးရ ခွင့်ပြု





NCA တွင် လက်မှတ်ရေးထိုးထားသော ရခိုင်ပြည်လွှတ်မြောက်ရေးပါတီ (ALP) အား NCA စာချုပ်ပါပြဌာန်းချက်တစ်ခုဖြစ်သည့် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေး ပွဲ ပြုလုပ်ရန် အစိုးရက ခွင့်ပြုလိုက်ပြီး ဖြစ်ကြောင်း ALP ဒုက္ကဌ ဦးခိုင်စိုးနိုင်အောင်က The Ladies News သို့ပြောကြားသည်။


ယခင်က လုံခြုံရေးအခြေအနေကြောင့်ဟုဆိုကာရခိုင်ပြည်လွှတ်မြောက်ရေးပါတီ (ALP) အား ရခိုင်ပြည်နယ်တွင် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများကို ကျင်းပ ခွင့် မပြုခဲ့ဘဲ NCA အား လက်မှတ်ရေးထိုးပြီးနှစ်နှစ်ပြည့်သည့် အချိန်မှသာခွင့်ပြုခဲ့ခြင်း လည်းဖြစ်သည်။

" ခွင့်ပြုလိုက်ပြီ။ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC) ကုန်ကျ ၏စားရိတ်အတွက် ပိုက်ဆံလည်းရတော့မယ်။ အကြိုဆွေးနွေးပွဲလုပ်မယ်၊ အကြိုဆွေးနွေးပွဲလုပ်ပြီးရင် တတိယအကြိမ် ပင်လုံမကျင်းပခင် မှာ အမျိုးသားအဆင့် နိုင်ငံဆွေးနွေးပွဲလုပ်မယ်" ဟု ဦးခိုင်စိုးနိုင်အောင်က ပြောကြားသည်။

အမျိုးသားအဆင့် နိင်ငံရေးဆွေးနွေးပွဲကျင်းပရန်အတွက် အကြိုဆွေးနွေးပွဲများကို မောင်တော၊ စစ်တွေ၊ကျောက်ဖြူနှင့် သံတွဲမြို့များတွင် ကျင်းပရန် လျာထားပြီး၊ အမျိုး သားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကိုမူ အမ်း၊ တောင်ကုတ်နှင့် ရန်ကုန်မြို့တွင်ကျင်းပ ရန်လျာထားကြောင်းဦးခိုင်စိုးနိုင်အောင်ကဆိုသည်။

ALP နည်းတူ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ မကျင်းပရသေးသည့် ရှမ်းပြည်ပြန် လည်ထူထောင်ရေးကောင်စီ/ ရှမ်းပြည်တပ်မတော် (RCSS/SSA) အဖွဲ့ ကလည်း ကျင်းပရန်နေရာသတ်မှတ်ရေးကိစ္စနှင့် စပ်လျဉ်ပြီးအစိုးရ၊ တပ်မတော်နှင့် သဘော ထားကွဲလျက်ရှိသည်။

       အစိုးရ၊ တပ်မတောဘက်က မိုင်းပန်မြို့၊ မုံထော်/မုံးထမြို့၊ နမ့်ပန်းခွန်မြို့တို့တွင် ကျင်းပရန် ခွင့်ပြုပေးထားပြီး RCSS ကမူ အဆိုပါမြို့များတွင် ကျင်းပမည်ဆိုပါက သွားေ ရးလာရေးနှင့် နေရေးထိုင်ရေး အစဉ်မပြေမှုများရှိသဖြင့်တောင်ကြီး သို့မဟုတ် ပင်လုံမြို့များ တွင် ကျင်းပရန် တောင်းဆိုထားသည်။

" ကျွန်တော် RCSS အနေနဲ့  အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကျင်းပဖို့ နဂိုအ တိုင်းပဲ တောင်ကြီးမှာတောင်းဆိုထားပါတယ်။ ဒီကိစ္စနဲ့ပတ်သတ်ပြီးတော့ တပ်မေ တ်ာဘက်ကရော၊ အစိုးရဘက်ကတော့ နဂိုအတိုင်းပဲ မိုင်းပန်တို့ မိုင်းထ တို့ဘက်ကိုပဲ သူတို့ကတော့ ခွင့်ပြုထားတယ်၊ ဒီကြား ထဲမှာလည်း ကျွန်တော်ကလည်း ရှမ်းပြည်ညီ ညွတ်ရေးကော်မတီ ၊ ဒေသခံပြည်သူတွေနဲ့လည်း ထပ်ဆွေးနွေးဖို့ရှိ တယ် ဒါကြောင့် မို့လို့ အခုချက်ချင်းတော့ကျွန်တော်တို့လည်း ဆုံးဖြတ်လို့မရသေးပါဘူး` ဟု RCSS ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းမိဏ်က The Ladies News သို့ပြောကြားသည်။
အစိုးရနှင့် တိုင်းရင်သားလက်နက်ကိုင် ရှစ်ဖွဲ့ချုပ်ဆိုထားသာ NCA စာချုပ် အခန်း (၅) နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ အာမခံချက်များ ၂၀ (ဂ) တွင် `အမျိုးသားအဆင့် နိုုင္ငံေ ရးေ ဆွးနွေးပွဲအများ ကျင်းပခြင်း` ကို ထည့်သွင်းပြဌာန်းထားသည်။

အောင်ရဲနောင်
The ladies News