21 October 2017

ရွာသားရှစ်ဦး သတ်ဖြတ်ခံခဲ့ရသည့် ကိုင်းကြီး (မြို) ရွာသားများ မူလနေရာတွင် မနေရဲတော့သဖြင့် ပြောင်းရွှေ့ နေရာချထား

သားရွှေဦး (ကစ္ဆပ)

October 21st, 2017
ကိုင်းကြီး (မြို) ရွာသားများအား ပြောင်းရွှေ့နေရာချထားမည့် သံဒါကွင်း အမှတ် (၁၃၆) တွင် ပန္နက်တင်ခြင်း ပြုလုပ်စဉ်
 
       ရွာသားရှစ်ဦး သတ်ဖြတ်ခံခဲ့ရသည့် ကိုင်းကြီး (မြို) ရွာသားများ မူလနေရာတွင် မနေရဲတော့သဖြင့် ပြောင်းရွှေ့နေရာချထားခဲ့ကြောင်း သိရသည်။

ကိုင်းကြီး (မြို) ကျေးရွာအား မောင်တောမြို့နယ်တောင်ပိုင်း ဝေသာလီ-ဥဒေါင်း ကွန်ကရစ်လမ်းနံဘေး အရှေ့ဘက် မေယုကြိုးဝိုင်း၊ သံဒါကျေးရွာအုပ်စု၊ သံဒါကွင်း၊ ကွင်းအမှတ် ၁၃၆ တွင် ပြန်လည်နေရာချထားခြင်းဖြစ်ပြီး ပန္နက်တင် အခမ်းအနားကို အောက်တိုဘာ ၂၀ ရက် နံနက်က ပြုလုပ်ခဲ့ကြောင်းသိရသည်။

 ကိုင်းကြီး (မြို) ကျေးရွာအား ပြန်လည် နေရာချထားသည့် နေရာတွင် အိမ်ရာကွက် အရွယ် ၄၀ × ၆၀၊ အိမ်ရာကွက်ပေါင်း ၅၀၊ ရွာအ၀င်လမ်းအကျယ် ပေ ၆၀၊ ကြား လမ်း၊ ရွာပတ်လမ်းအကျယ် ပေ ၅၀ ဖြင့် တည်ဆောက်မည်ဖြစ်ကြောင်းသိရသည်။

 လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန ပြည်ထောင် စု ဒုတိယ၀န်ကြီး ဦးစိုးအောင်၊ ပြည်နယ်အစိုးရအဖွဲ့မှ ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ နယ်လုံဝန်ကြီး ဗိုလ်မှူးကြီးဖုန်းတင့်၊ လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာ၊ လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံနှင့် ရန်ကုန်တိုင်းဒေသ ကြီး အစိုးရအဖွဲ့ လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်၊ ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ခရိုင်အဆင့်၊ မြို့နယ်အဆင့် ဌာနဆိုင် ရာများ၊ ကျေးရွာသားများ တက်ရောက်ခဲ့သည်။

   လက်ရှိတွင် ပြန်လည်တည်ဆောက်ရေး၊ ပြန်လည်နေရာချထားရေး၊ ပြန်လည်ထူေ ထာင်ရေး၊ ဖွံ့ဖြိုးရေးဆိုသည့် အပိုင်းကို ရောက်လာသည့် အနေအထား ဖြစ်သည့်အ တွက်ကြောင့် နေရာသစ်တွင်၊ အိုးသစ်၊ အိမ်သစ်များ ပြန်လည်တည်ဆောက်ရေးကို လုပ်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက “ကျွန်တော်တို့ ညီအစ်ကို မောင်နှမတွေ အနေနဲ့ ဖြစ်ပျက်ခဲ့တဲ့ အခြေအနေပေါ်မှာ အားလုံးကတစ်ထပ်တည်းပဲခံစားရပါတယ်။

    ဒါကြောင့်မို့လို့ ဖြစ်ပျက်ခဲ့တဲ့ အပေါ်မှာ အားလုံးဝိုင်းဝန်းပြီးတော့ ပံ့ပိုးကူညီမှုတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို လုပ်ခဲ့ကြတာ ဖြစ်ပါတယ်။ အခုတော့ ပြန်လည်ပြီးတော့ တည်ဆောက်ရေး၊ ပြန်လည်နေရာချထားရေး၊ ပြန်လည်ထူထောင်ရေး၊ ဖွံ့ဖြိုးရေးဆို တဲ့ အပိုင်းကို ရောက်လာတဲ့ အနေအထား ဖြစ်တဲ့အတွက်ကြောင့် အခု နေရာသစ်ေ တွ၊ အိုးသစ်၊ အိမ်သစ်တွေနဲ့ ပြန်လည်တည်ဆောက်ရေးကို လုပ်သွားဖို့ ဖြစ်ပါတယ်” ဟု ပြောကြားသည်။