17 October 2017

ဖြိုးကိုကိုတင့်ဆန်းကို ပုဒ်မနှစ်ခုဖြင့် ဖမ်းဆီးအမှုဖွင့်၊ အာမခံ မပေး

နေပည်တော်နှင့် ရန်ကုန်မြို့ရှိ ဟိုတယ် ACE မှ လက်နက်များ ထပ်မံဖမ်းမိ၊ ဖြိုးကိုကိုတင့်ဆန်းကို ဖမ်းမိချိန်တွင် ပုံမှန်မဟုတ်၊ ဟိုတယ်တွင် ခန့်ထားသော မူးယစ်တရားခံပြေးကို ဖမ်းဆီး၊ National Security Council စာတန်းပါ ကားနှင့်တံဆိပ်များသည် လုံခြုံရေးကုမ္ပဏီထောင်ရန် စီစဉ်ခြင်းဟုထွက်ဆို
ဖြိုးကိုကိုတင့်ဆန်းပိုင် ဟိုတယ် ACE သို့ ရဲတပ်ဖွဲ့ ဝင်ရောက်ရှာဖွေနေစဉ် ဟိုတယ်
ဖြိုးကိုကိုတင့် ဆန်းနှင့် အပေါင်းအပါနှစ်ဦးကို မူးယစ်မှု၊ တရားမ၀င်လက်နက် ကိုင်ဆောင်မှုတို့ဖြင့် အမှုဖွင့်ထား ကြောင်း နေပြည်တော်တိုင်း ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဇော်ခင် အောင်က ပြောသည်။

လက်ရှိတွင်​ ၎င်းတို့သုံးဦးကို နေပြည်တော်ရှိ ရဲစခန်း၌ ချုပ် နှောင်ထားပြီး အာမခံမပေး ကြောင်း ရဲမှူးကြီးက ပြောသည်။ ထို့အပြင် အမှုနှင့်ပတ်သက်၍  ဖြိုးကိုကိုတင့်ဆန်း ပိုင် ဟိုတယ် များနှင့် နေအိမ်များကို ထပ်မံဝင် ရောက်ရှာဖွေရာ နေပြည်တော် နှင့်ရန် ကုန်မြို့တို့ရှိ ACE ဟိုတယ် များ၌ လက်နက်နှင့်ဆက်စပ် ပစ္စည်းများ ထပ်မံဖမ်းဆီး ရ မိခဲ့သည်။

နေပြည်တော်ဟိုတယ် ACE တွင် သေနတ်ခုနစ်လက် ထပ်မံဖမ်းမိ
      လေဆိပ်တွင် လက်နက်နှင့် မူးယစ်ဆေးတွေ့ရှိပြီးနောက် ဖြိုးကိုကိုတင့်ဆန်းပိုင်  နေပြည် တော်ရှိ ACE ဟိုတယ်သို့ နေပြည် တော် ဒက္ခိဏခရိုင်ရဲတပ်ဖွဲ့မှူးဒုရဲမှူး လှရီ ဦးစီးသည့်အဖွဲ့က အောက်တိုဘာ ၁၅ ရက် ည သန်းခေါင် ၁၁ နာရီ ၄၅ မိနစ်တွင် ၀င်ရောက်ရှာဖွေခဲ့ရာ ၎င်း၏ အခန်းမှ ပစ္စတိုငါးလက်နှင့် ဇော်ဝင်းထိုက်နှင့် ရဲမင်းဆွေ တို့ အခန်းမှ ပစ္စတိုနှစ်လက် ထပ်မံဖမ်းမိခဲ့သည်။ ထို့ကြောင့် လေဆိပ်မှ ဖမ်းမိသည့် လက်နက်များအပါအဝင် စုစုပေါင်း ပစ္စတို ကိုးလက်၊ ကျည် ၈၉၂ တောင့်၊ ကျည်အိမ် ၁၆ ခု၊ M-16 လက်ကိုင်ကွင်းတစ်ခု၊ ပစ္စတိုအိမ် အနက်ရောင်ခုနစ်လုံး၊ ကျည်ကာ အင်္ကျီတစ်ထည်၊ စနိုက်ပါမှန်ပြောင်း တစ်လက်သိမ်းဆည်းမိခဲ့ပြီး ဒက္ခိဏမြို့မရဲစခန်း ၌ အမှု ဖွင့်စစ်ဆေးနေကြောင်း ပြည်ထဲ ရေးဝန်ကြီးဌာနက အောက်တို ဘာ ၁၆ ရက် နံနက်တွင် သတင်း ထုတ်ပြန်သည်။

လေဆိပ်တွင် ဖမ်းမိသည့် လက်နက်ဖြစ်စဉ်နှင့် နေပြည် တော်ရှိ ဟိုတယ် ACE တွင် ဖမ်းမိသည့်   ဖြစ်စဉ်တို့သည် မတူညီ ဘဲ ဖြစ်စဉ်တစ်ခုစီဖြစ်၍ လက် နက်မှုဖြင့် ဆက် လက်အရေးယူထားပြီး အာမခံမပေးကြောင်း ရဲမှူးကြီးဇော်ခင်အောင်က ရှင်းပြသည်။

      ထို့ကြောင့် လေဆိပ်တွင် ဖမ်းဆီးမိသည့် သေနတ် နှစ်လက်နှင့် မူးယစ်ဆေးဝါး များအတွက် အေလာနယ်မြေရဲစခန်း၌ မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပ ဒေ ပုဒ်မ ၁၅/၁၆ (ဂ)၊ ၂၂ (ခ)/ ၂၁ ဖြင့် အမှုဖွင့်ထားပြီး ဟိုတယ်တွင်ဖမ်းမိသည့် လက်နက်များအတွက် လက်နက်ဥပဒေပုဒ်မ ၁၉ (စ) ဖြင့် အမှုဖွင့်ထားသည်။

NSC စာတန်းတံဆိပ်များနှင့် မော်တော်ယာဉ်နှင့် ပတ်သက်၍ ထွက်ဆိုချက်
ထို့အပြင် ဖြိုးကိုကိုတင့်ဆန်း သည် လုံခြုံရေး ကုမ္ပဏီတစ်ခုတည် ထောင်ရန် အစီအ စဉ်ရှိကြောင်း ကနဦး စစ်ဆေးချက်အရ ထွက်ဆို ထားပြီး အသေးစိတ်အချက်အလက် ကိုမူ မသိရသေးကြောင်း ရဲမှူးကြီး ဇော်ခင်အောင် က ဆိုသည်။

၎င်းနှင့်အတူ နေပြည်တော် လေဆိပ်တွင် ဖမ်းမိသည့် ဇော် ဝင်းထိုက်နှင့် ရဲမင်းဆွေတို့ နှစ်ဦးသည် နိုင်ငံတော်လုံခြုံရေးတာဝန်ယူရသည့်အဖွဲ့အစည်းများ၏ ဝတ်စုံများပုံစံ ဝတ်ဆင်ထားပြီး နေပြည်တော် ACE ဟိုတယ်၌ National Security Council  (အမျိုး သားလုံခြုံရေးကောင်စီ)စာတန်းပါ ကားလေးစီးတွေ့ရှိခဲ့သည်။

      အဆိုပါကားများနှင့်ပတ် သက်၍ 7Day Daily သတင်းစာ ကမေးမြန်းမှုအပေါ် ရဲမှူးကြီးဇော် ခင်အောင်က ‘‘သူတို့လုံခြုံရေး ကုမ္ပဏီတစ်ခုထောင်ဖို့တော့ အစီအစဉ် ရှိတယ်။ အဲဒီအတွက် Sample လုပ်ထားတဲ့ဟာလို့ထင် တယ်။ သူတို့ရဲ့ Security၊ သူတို့ ဟိုတယ် Security တွေကအဲဒါဝတ်တယ်။ သူတို့ရည်မှန်းချက်တွေ အဲဒီလိုရှိ တယ်လို့အကြမ်း ဖျင်းသိတယ်’’ ဟု ၎င်းကဆိုသည်။

သို့သော် လုံခြုံရေးကုမ္ပဏီ တည်ထောင်ရန် အစီအစဉ်ရှိ သော်လည်း တရားဝင် တည် ထောင်ရန် စာတင်ထားခြင်းမျိုးမရှိသေးပေ။ထို့အပြင် နေပြည်တော် ACE ဟိုတယ်ဝင်း အတွင်းရှိ ဟမ်းမားအမျိုးအစားယာဉ်ပေါ်တွင် အထက်ပါစာတန်းပါ နမူနာ စတစ်ကာ များ ကပ်ထားသည်။ သို့သော် အဆိုပါကားများသည် ပြင်ပတွင် မောင်းနှင်ခြင်းမရှိဘဲ တရားဝင်လိုင်စင်ရှိသဖြင့် ကား များကို သိမ်းဆည်းရန် အစီအစဉ် မရှိကြောင်း ရဲမှူးကြီး ဇော်ခင် အောင်က ပြောသည်။ သို့သော် လက်နက်အများအပြား မိသလို အမျိုးသားလုံခြုံရေးကောင်စီဟု အဓိပ္ပာယ်ရ အမှတ်တံဆိပ်နှင့် စာတန်းကပ်ကားများ စနစ်တကျပြုလုပ်ထားမှုအပေါ် ပြည်သူများကြားထင်မြင်ချက်မျိုးစုံပေးနေပြီး စိုးရိမ်မှုနှင့် ဝေဖန်မှု မြင့်တက်နေသည်။

မူးယစ်တရားခံပြေး တစ်ဦးကို ထပ်မံဖမ်းမိ၊ လေးဦးကိုစစ်ဆေးရန် ခေါ်ယူထား
၎င်းတို့သုံးဦးကို လေဆိပ်သို့ လိုက်လံပို့ဆောင်ပေးသူ ACE ဟိုတယ်မှ ၀န်ထမ်းနှစ်ဦး၊ ရုံးအဖွဲ့ မှ နှစ်ဦးနှင့် ယာဉ်မောင်းတစ်ဦး စုစုပေါင်းငါးဦးကို အောက်တို ဘာ ၁၆ ရက် ညနေပိုင်းက စစ် ဆေးရန်ခေါ်ဆောင်ခဲ့သည်။

‘‘ဒီအမှုတွဲနဲ့ ပတ်သက်လို့ခဏထိန်းထားတာပါ’’ ဟု ၎င်းကပြောသည်။ ခေါ်ယူစစ်ဆေး သူငါးဦးတွင် နေပြည်တော်ဟိုတယ် ACE ၏ စားဖိုဆောင်မန်နေဂျာ ပါဝင်ပြီး ၎င်းသည် ရန်ကုန်မြို့ဗဟန်း မြို့နယ်၌ မူးယစ်ဆေးဝါးအမှုဖြင့် တရားခံပြေးအဖြစ် ၀ရမ်းထုတ် ပြန်ထားသူတစ်ဦးဖြစ်နေသည်။ ထို့ကြောင့် ၎င်းကို ဖြိုးကိုကို တင့်ဆန်းတို့အမှုနှင့် ပတ်သက်၍ စစ်ဆေးရန်အပြင် မူးယစ်တရားခံ ပြေးမှုအတွက်ပါ ဖမ်းဆီးထားသည်။

ရန်ကုန်ACEဟိုတယ်အတွင်းမှ သေနတ်နှစ်လက်နှင့်မူးယစ်ဆေးဝါးများထပ်မံဖမ်းမိ
       ဆက်လက်၍ အောက်တို ဘာ ၁၆ ရက် နံနက် ၇ နာရီခန့် တွင် ဖြိုးကိုကိုတင့် ဆန်းပိုင်ဆိုင် သော သာကေတမြို့နယ် (၁၃) ရပ်ကွက် ရှုခင်းသာမြို့ပတ်လမ်းရှိ ACE ဟိုတယ်နှင့် ACE ကုမ္ပဏီများအုပ်စုကို ရန်ကုန်တိုင်းရဲတပ်ဖွဲ့က ဝင်ရောက်ရှာဖွေရာ သေ နတ်နှစ်လက်နှင့်အတူ မူးယစ် ဆေးဝါးအချို့၊ ဒရုန်းသုံးခု၊ National Security Council အထူးတပ်ဖွဲ့စာတန်းပါ ဝတ်စုံအထည် ၂၀ ခန့် ထပ်မံသိမ်းဆည်းမိကြောင်း သာကေတမြို့နယ် ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

  အဆိုပါရုံးမှ ဝန်ထမ်းများကို ဟိုတယ်ဘေးပေါက်မှ ယမန် နေ့ ညနေ ၅နာရီခန့်တွင် ပြန်ခွင့် ပြုခဲ့သည်။ ထို့နောက် ညနေ ၆ နာရီက စတင်ကာ ဟိုတယ်အတွင်းရှိ အခန်း များကို ချိပ်ပိတ်သိမ်းဆည်းခဲ့ပြီးရှာဖွေတွေ့ရှိသည့် လက်နက်နှင့် မူးယစ်ဆေးပစ္စည်း များစာရင်းကို ပြောပြခွင့်မရှိသေးကြောင်း ရဲအရာရှိတစ်ဦး က ပြောသည်။

‘‘ဒီအမှုနဲ့ ပတ်သက်ပြီး ဘာမှ ပြောခွင့်မရှိပါဘူး။ သက်ဆိုင်ရာကနေ သတင်းတွေ ထုတ်ပြန်ပေးပါလိမ့်မယ်’’ဟု ၎င်းကပြော ကြားသည်။

အဆိုပါ ဟိုတယ်ရှေ့တွင် ရပ်ထားသည့် ကားသုံးစီးနှင့် နေ ပြည်တော် FC တံဆိပ်ပါ ခရီး သည်တင်ယာဉ်ကိုလည်း စစ်ဆေးရှာဖွေမည်ဖြစ်ကြောင်း သာကေ တမြို့နယ် ရပ်ကွက်အုပ်ချုပ်ရေး မှူးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားပြီးအောက်တိုဘာ ၁၆ ရက် ည ၈ နာရီခွဲခန့်၌ သာကေ တရှိ အဆိုပါဟိုတယ်ကို ချိပ် ပိတ်ခဲ့သည်။
လက်နက်များဖမ်းမိသည့် အတွက် ဖြိုးကိုကိုတင့်ဆန်းနှင့် ဟိုတယ်မန်နေဂျာတို့ကို သာကေ တရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဥပဒေ ပုဒ်မ ၁၅/၁၆(ဂ)၊ ၂၁/၂၂ (ခ)တို့ဖြင့် အမှုဖွင့်ထားသည်။


နေပြည်တော်နှင့် ရန်ကုန်ရှိ ဟိုတယ် ACE ကို ရဲတပ်ဖွဲ့က ၀င် ရောက်ရှာဖွေခဲ့သော် လည်း ငပ လီနှင့် ငွေဆောင်ရှိဖြိုးကိုကိုတင့် ဆန်းပိုင် Hotel ACE ဟိုတယ်များ ကိုမူ အောက်တိုဘာ ၁၆ ရက်ည ပိုင်းထိရှာဖွေခြင်းမရှိဘဲ အခြေ အနေ အေးအေးဆေးေ ဆး သာ ဖြစ်ကြောင်း ဟိုတယ်အသီးသီးမှ တာဝန်ရှိသူများက ပြောသည်။

ဖြိုးကိုကိုတင့်ဆန်းကို စတင်ဖမ်းဆီးချိန် မူမမှန်
နေပြည်တော်လေဆိပ်တွင် ဖြိုးကိုကိုတင့်ဆန်းကို စတင်ဖမ်း မိစဉ်က ဆေးကြောင် သည့် ပုံစံ မျိုးဖြစ်နေပြီး ဘာမျှမေးမရဘဲ မူ မမှန်ဖြစ်နေ၍ ချက်ချင်း ဆေးစစ်ကာ သွေး၊ ဆီး စစ်ဆေးချက်များ ကို ဆေးရုံသို့ ပို့ဆောင်စစ်ဆေးခဲ့ကြောင်း ရဲမှူးကြီး ဇော်ခင် အောင်က ပြောသည်။

‘‘အဖြေက ချက်ချင်းမထွက် သေးဘူး’’ဟု ၎င်းက ပြောသည်။ အောက်တိုဘာ ၁၅ ရက်ည နေက ၎င်းတို့အားနေပြည်တော် လေဆိပ်တွင် ၉ မမ ပစ္စတိုသေ နတ်နှစ် လက်၊ WY စိတ်ကြွဆေး ပြား ၁၂ ပြား၊ ICE  ၁ ဒသမ ၅ ဂရမ်၊ ဆက်သွယ်ရေး စကားပြောစက် များအပါအ၀င် အခြားအသုံးအ ဆောင်ပစ္စည်းများနှင့်အတူ စတင် ဖမ်းဆီးခဲ့သည်။ လေဆိပ်တွင် X Ray ဖြတ်စက်များဖြင့် အိတ်များ ကို ဖြတ်သန်း စစ်ဆေးစဉ် လက် နက်များပါရှိသော ခရီးဆောင် အိတ်ကို သေချာကိုင်တွယ်ပေး ရန် ဖြိုးကိုကိုတင့်ဆန်းတို့ဘက်က တောင်းဆိုရာမှတစ်ဆင့် ဖမ်း မိခဲ့ကြောင်း ရဲမှူးကြီးဇော်ခင် အောင်က ပြောသည်။

‘‘ရှင်းရှင်းပြောရရင် နေပြည် တော်လေဆိပ်မှာက X Ray စက် တွေရှိတယ်။ X Ray စက်မှာ ဖြတ် ရမယ်ဆိုရင် ဘယ်လိုဖြတ်ဖြတ် လက်နက်နဲ့ပတ်သက်ရင် ဘယ် လိုမှ ခွင့်ပြုလို့မရဘူး။ သူတို့က လည်း မသင်္ကာစရာဖြစ်အောင် ဘယ်လိုလုပ်လဲဆိုတော့ ဒါက ကွဲ နိုင်တဲ့ပစ္စည်းဖြစ်လို့ သေချာလုပ် ပေးပါဆိုတော့။ သေချာမပြီး X Ray ကိုဖြတ် လိုက်တဲ့အချိန်မှာ လက်နက်ပုံရိပ်ပေါ်လို့ စမ်းသပ် တွေ့ရှိတာ’’ ဟု ၎င်းက ပြောသည်။

ဦးဖြိုးကိုကိုတင့်ဆန်းသည် ယခင် အားကစားဝန်ကြီးဟောင်း ဦးတင့်ဆန်း၏ သားဖြစ် သည်။ ၎င်းသည် လက်ရှိ မြန်မာနိုင်ငံ မြားပစ်အဖွဲ့ချုပ် ဥက္ကဋ္ဌဖြစ်ပြီး မကြာသေးမီက ဖျက်သိမ်းခဲ့သည့် နေပြည်တော်ဘောလုံးအသင်း၏ ပိုင်ရှင်ဖြစ်သည်။ ထို့အပြင် ၎င်း သည် ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးအမတ်လောင်းအဖြစ် ၀င်ရောက်ယှဉ်ပြိုင်ပြီး ရှုံးနိမ့်ခဲ့သူဖြစ်သည်။

၎င်းနှင့်အတူ လေဆိပ်တွင် ဖမ်းမိသော ဦးရဲမင်းဆွေနှင့် ဦး ဇော်ဝင်းထိုက်တို့သည် မြားပစ် လက်ရွေးစင်ဟောင်းများဖြစ်သ လို ကျန်းမာရေးနှင့်အားကစားဝန် ကြီးဌာန၊ အားကစားနှင့်ကာယ ပညာဦးစီးဌာနလက်အောက်တွင် တာဝန်ထမ်းဆောင်ခဲ့ရာမှ နုတ် ထွက်ခွင့်လျှောက်ထားခဲ့ပြီး စက် တင်ဘာ ၁၄ ရက်တွင်မှ တရား ဝင်နုတ်ထွက် ခွင့် ရရှိထားသူများ ဖြစ်သည်။

အမှုဖွင့်ထားသော ပုဒ်မများ
မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာ ဥပဒေပုဒ်မ ၁၅ သည် မူး ယစ်ဆေးဝါးသုံးစွဲမှုဖြစ်ပြီး အ နည်းဆုံးထောင်ဒဏ်သုံးနှစ်မှ အ များဆုံးငါးနှ စ်အထိ ချမှတ်နိုင်ပြီး ပုဒ်မ ၁၆(ဂ)သည်လက်ဝယ်တွေ့ ရှိမှုဖြစ်ကာ ပြစ်မှုထင်ရှားပါက အနည်းဆုံးထောင်ဒဏ်ငါးနှစ်မှ အများဆုံး ၁၀ နှစ်အထိအပြင် ငွေဒဏ်လည်း ချမှတ်နို င်သည်ဟု ဖော်ပြထားသည်။


မူးယစ်ပုဒ်မ ၂၂ (ခ)သည် လက်နက်(သို့မဟုတ်) ပေါက်ကွဲ စေတတ်သော ၀တ္ထု ပစ္စည်းများကို ကိုင်တွယ်အသုံးပြု၍ ကျူးလွန် ခြင်းဖြစ်ပြီး ယင်းပြစ်မှုကို မူးယစ် ပုဒ်မ ၁၆ မှ ပုဒ်မ ၂၁ အထိ ပြဋ္ဌာန်းထားသော ပြုလုပ်မှုတစ်ခု ခုဖြင့် ကျူးလွန်ခြင်းဖြစ်ပါက ပြဋ္ဌာန်းထားသော အများဆုံးပြစ် ဒဏ်ကိုချမှတ်ခံရမည်ဟု ဖော်ပြ ထားသည်။ ယင်းအတွက် အများ ဆုံး ပြစ်ဒဏ်သည်ထောင်ဒဏ် အနည်းဆုံးငါးနှစ်မှ အများဆုံး ၁၀ နှစ်အထိ ချမှတ်နိုင်ပြီး ငွေ ဒဏ်လည်း ချမှတ်နိုင်သည်ဟု ပါရှိသည်။

လက်နက်ဥပဒေပုဒ်မ ၁၉ (စ)သည် (အမြောက်၊ သေနတ်) ခဲယမ်းမီးကျောက်၊ စစ်ပစ္စည်း တစ်ခုခုကို လက်ဝယ်ထားလျှင် (သို့မဟုတ်) မိမိစီမံအုပ်ချုပ်မှု အောက် တွင်ထားရှိလျှင်ထိုသူအား သုံးနှစ်အထိထောင်ဒဏ်(သို့ မဟုတ်) ငွေဒဏ် (သို့မဟုတ်) ဒဏ်နှစ်ရပ်စလုံး ချမှတ်ရမည်ဟု ပြဋ္ဌာန်းထားသည်။