2017-10-23

ဒဏ်ရာရသူနှစ်ဦးကို ဘူးသီးတောင်ဆေးရုံကို ဒီနေ့ပို့ဆောင်လိုက်တယ်လို့ အောင်သပြေ(နတလ)ကျေးရွာက ကျောင်းထိုင်ဆရာတော် ဦးသုဒဿနက မိန့်ပါ တယ်။
ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့နေရာဟာ နယ်ခြားမိုင်တိုင်အမှတ် ၄၆ နဲ့ ၄၇ ကြားမှာဖြစ်ပွား ခဲ့တာဖြစ်ပြီး လက်နက်ကိုင် ၂၀ ဝန်းကျင်လောက်က တစ်ဘက်နိုင်ငံဘက်ခြမ်းကနေ ဝင်ရောက်ပစ်ခတ်တာ ဖြစ်တယ်လို့လည်း ဆရာတော်က မိန့်ပါတယ်။
အဲဒီလိုပစ်ခတ်ခံရပြီးနောက် ထွက်ပြေးလွတ်မြောက်လာတဲ့ ရွာခံနှစ်ဦးက ကျေးရွာ သားေ တွကို ခေါ်ယူပြီး အခင်းဖြစ်နေရာကို ပြန်လည်သွားရောက်ရှာဖွေခဲ့ရာမှာ သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးသူနှစ်ဦးရဲ့ ရုပ်အလောင်းကို တွေ့ရှိခဲ့တာလို့ သိရပါတယ်။
ရွာသားတွေပစ်ခတ်ခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီး လုံခြုံရေးတပ်ဖွဲ့တွေထံ အကြောင်း ကြားထားတယ်လို့လည်း ဆရာတော်က မိန့်ပါတယ်။
အောင်သပြေကျေးရွာဟာ နယ်စပ်ဒေသနဲ့တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက တည်ထောင်ထား တဲ့ အိမ်ခြေ ၁၃၀ ကျော်ရှိတဲ့ ကျေးရွာတစ်ခုဖြစ်ပြီး မောင်တောမြို့နဲ့ဆို မိုင် ၅၀ လောက် ဝေးပါတယ်။
