၂၀၁၇ - ခု အောက်တိုဘာ ၇ ရက်
ရွှေလုပ်သား
တင်ဒါအောင်မြင်ပြီး မြန်မာအစိုးရထံတွင်ကျပ်ငွေသိန်း၇၀၀
အာမခံတင်၊ စာချုပ် ချုပ်ဆိုပြီး ထိုင်းနိုင်ငံ တွင်လာရောက်ဖွင့်လှစ်လုပ်ကိုင်လျှက်ရှိသော
Certificate of
Identity- CI စခန်းများသို့ ထိုင်းအာဏာပိုင် များက နေ့စဉ်ဝင်ရောက်စစ်
ဆေးလျှက် ရှိနေကြောင်းသိရသည်။
မြန်မာအလုပ်သမားညွှန်ကြားရေးမှူးချုပ်
DG ဦးဝင်းရှိန် လာရောက်စစ်ေ ဆးနေစဉ်ကာလအတွင်း (ဘန်ကောက်) စမူပရာကန် စခန်းနှင့် မဟာချိုင်
MCC စခန်းရှေ့တို့မှ ဆယ်နှင့်ချီသော ထိုင်းနှင့် မြန်မာ ပွဲစားကိုလည်း ဖမ်းဆီးခေါ်ဆောင်
စစ်ဆေးနေဆဲဖြစ်သည်။ ထို့အပြင် CI စခန်းထဲသွေးစစ်ဆေးရာတွင် စိတ်ကြွဆေးပြား သုံးစွဲထားသည့်
မြန်မာအလုပ်သမားအချို့တို့ကို နေ့စဉ်တွေ့ရှိရသဖြင့် နယ်မြေရဲစခန်း က နေ့စဉ်လာရောက် ခေါ်ဆောင်နေကြသည်။

CI စခန်းစခန်းတို့သို့ အလုပ်သမားများ ကိုယ်တိုင်သွားရောက်လုပ် ကိုင်ရန် ခက်ခဲခြင်းနှင့်
CI စခန်း နှင့် အာဏာပိုင်များနှင့် နီးစပ်သူများက စခန်းတွင်းသို့ ၀င်ေ ရာက်ခွင့်(ခယူ)
ကိုဈေးကြီးမြင့်စွာ ရောင်းချခြင်း များ၊ အစိုးရနှင့်စာချုပ်ချုပ်ဆိုထားသည့် ကတိက၀တ်ဖေါက်ဖျက်မှုများကို
စိစစ်တွေ့ရှိရကြောင်း အမည်မဖေါ် လိုသည့် မြန်မာ အရာရှိ တစ်ဦးကဆိုသည်။
၎.၁၀.၂၀၁၇ နေ့က အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ
ညွှန်ကြားရေးမှူး ချုပ် ဦးဝင်းရှိန် နှင့် အလုပ်သမားအရေး ဆောင်ရွက်သူများဘန်ကောက် အစည်းဝေး မှတ်တမ်းများအရပန်းရောင်ဘတ်ကဒ် ကိုင်ဆောင်ထားသူ ၆သိန်းကျော်နှင့် အထော က် အထားမဲ့ လျှောက်ထားသူ ၆သိန်းကျော်ရှိသည်။
မတ်လကတည်က စတင်ခဲ့သည့် CI လုပ်ငန်း စဉ်အတွင်း ယခု အချိန်ထိ CI စာအုပ်မှာ အုပ်ရေ ၃သိန်းသာထုတ်ပေး
နိုင်ခဲ့သေးသည်။
ယခုပြုလုပ်ဆဲ CI စာအုပ်များ၏ ပန်းရောင် ဘတ် ကဒ်နှင့် အထောက်အထား မဲ့မြန်မာအလုပ်သမား
များ၏ တရားဝင်နေထိုင်ခွင့်သက်တမ်းမှာ ၂၀၁၈ ခုနှစ် မတ်လ ၃၁ ရက်နေ့အထိသာဖြစ်သည်။ ထို့နောက်
၂၀၁၀ကတည်း က စတင်ထုတ်ပေးခဲ့ သည့် အနီရောင်နှင့် ခရမ်းရောင် စာအုပ်များမှာလည်း ပြန်လဲလှယ်ကြ
ရတော့မည်ဖြစ် သဖြင့် ထိုင်းရောက်အလုပ်သမားများအတွက် CI စာအုပ် ထုတ်ပေးရေးနှင့် ပတ်စပို့ ထုတ်ပေး
ရေးလုပ်ငန်းစဉ် ကြန့်ကြာနေမှုကို ထိုင်းအစိုးရက သတိပြုလာခဲ့သည်။
ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက်မြန်မာနိုင် ငံသားများအဖွဲ့ MAT ဒါရိုက်တာ
ဦးကျော်သောင်းက “ထိုင်းအာဏာပိုင်တွေ နေ့ရောညပါ CI စခန်းတွေကို
စောင့် ကြည့်တာ၊ ပွဲစားတွေကို ဖမ်းဆီးစစ်ဆေးတာ တွေ ခပ်စိပ်စိပ်လုပ်နေတယ်။ DG ဦးဝင်းရှိန်နဲ့
အစည်းဝေးမှာ ကျနော်က ထိုင်းမှာ လုံးဝအသုံးမ၀င်တဲ့ မျက်လုံးစကင် ဖတ်တဲ့ စမတ်ကဒ်လုပ်နေတာကို
မလုပ်ပါနဲ့ အလုပ်သ မားတွေအတွက် အချိန်ကုန် တယ်၊ ငွေကုန်တယ်၊ စခန်းေ တွအတွက်လည်း အကျိုးမရှိတဲ့အလုပ်ဖြစ် တယ်။
အ လုပ်သမားတွေ အတွက် အမှန် တကယ်လုပ်သင့်တာက အကုန်အကျလည်း သက်သာ အကျိုးလည်းတကယ်ရှိမယ့်
အစီအစဉ်မျိုးကိုချဖို့ အကြံပြုခဲ့ပါတယ်” ဟု ပြောသည်။
လက်ရှိထိုင်းနိုင်ငံတွင် CI ထုတ်ပေးသည့်စခန်းပေါင်း
၉ခုရှိသည်။ စခန်းတစ်ခု မှ နေ့စဉ် အလုပ်သမားပေါင်း ၅၀၀ ဦးစီ စာအုပ်လုပ်ပေးနိုင်ပါက
စခန်းတစ်ခုမှ အလုပ် ချိန် ၆ရက်အတွက်အုပ်ရေ ၃၀၀၀ ထွက်ရှိမည်ဖြစ်သည်။ စခန်း၉ခုဖြစ်သဖြင့်
တစ်ပတ် တွင် ၂၇,၀၀၀ ထွက်ရှိမည်ဖြစ်သည်။ တစ်လ တွင် CI စာအုပ်ပေါင်း ၁၀၈,၀၀၀ ထုတ် လုပ်ပြီးစီးမည်ဖြစ်ပါသည်။
သို့ဖြစ်၍ နှင့်အထောက်အထားမဲ့ အလုပ်သမားပေါင်း တစ်သန်းအား ထုတ်လုပ်ချိန် ၉လခွဲမျှ
ကြာမြင်နိုင်မည်ဖြစ်သည်။

လက်ရှိ CI စခန်းပိုင်ရှင်တို့သည်၊ ဘန်ကောက် (စမူပရာကန်) စခန်းက CI စာအုပ်တစ်အုပ်ကို
၇ ဘတ်၊ မယ်ဆိုင်စခန်း ၁၅ဘတ်၊ မဲဆောက်စခန်းက ၄ဘတ်၊ မဟာချိုင်စခန်း (၂) က ၄ဘတ်နှင့် မဟာချိုင် စခန်း(၁) နှင့်ရနောင်းစခန်းတို့က အခကြေးငွေမယူပဲ ၀န်ဆောင်မှုပေးမည်ဟုဆိုကာ ပြည်ထောင်စုသမ္မတ
မြန်မာနိုင် ငံတော်အစိုးရ တင်ဒါရွေးချယ်စီစစ်ရေးကော်မတီ၌ စာချုပ်ပါစည်းကမ်းအားဖေါက် ဖျက်ပါက
ကျပ်ငွေ သိန်း၇၀၀ အား ပြည်သူပိုင်အဖြစ် သိမ်းဆည်းခံမည်ဟုအာမ ဘန္တေခံ၍ လုပ်ကိုင်ခဲ့ကြခြင်းဖြစ်သည်။
၂၀၁၇ ခုသြဂုတ်လ၂၀ ရက်နေ့တွင် အလုပ်သမားလူဝင်မှုကြီးကြပ်ရေး
နှင့်ပြည်သူ့ အင် အားဝန်ကြီးဌာနမှ ညွှန်မှူး ဦးဝင်းညွန့်ဦး လာေ ရာက် စစ်ဆေးစဉ်တွင် တရားမ၀င်
စမတ် ကဒ် ၅၀၀ ၀န်းကျင်တို့ကို MMC မဟာချိုင်(၁) စခန်းတွင် ဖမ်းဆီးစစ်ဆေးတွေ့ရှိခဲ့သည်။
၁၄.၉.၂၀၁၇ နေ့က လည်း CI လာလုပ်သည့် အလုပ်သမား၁၆ဦးအား စခန်းတွင်မှ ပွဲစားများက ၀င်းကြေးအမြောက်အမြားတောင်းခံသည့်ကိစ္စနှင့်
ပတ်သက်၍ အလုပ်သမားများက မကျေနပ်သဖြင့် မဟာချိုင်အခြေစိုက် PLN အင်ဂျီအိုအဖွဲ့သို့သွားေ ရာက် တိုင်တန်းခဲ့ပါသည်။
ထိုအင်ဂျီအိုမှ မြန်မာဘာသာပြန် စူရာချိုင်းမင်းထွန်း ကအဆိုပါ အလုပ်သမားများ အားလုံးကို ခေါ်ဆောင်၍ ဘန်ကောက်မြန်မာသံရုံးအလုပ်သမားသံအရာရှိ ဦးမိုးအောင်ခိုင် ထံသို့ သွားေ ရာက်
ပို့ဆောင်ခဲ့သော်လည်း မဟာချိုင် CI စခန်း(၁) မှာ မည်သည့် အရေးယူဆောင်ရွက်ခြင်းမှမရှိခဲ့သဖြင့်
အမှန် အတိုင်းဖြစ်စေလိုသည့် အလုပ်သမားအရေးဆောင်ရွက်သူများက နိုင်ငံတော်အစိုးရကိုအားမလိုအားမရဖြစ်ေ နကြသည်။
မြန်မာအစိုးရမြန်မာအလုပ်သမားဝန်ကြီးဌာနအနေဖြင့် ကိုယ့်သားသမီးအား မိမိကိုယ်တိုင်
ရိုက်၍ ဆုံးမမည်လား၊ သူတပါး ကြိုးတုတ်၍ ရိုက်နှက်ဆုံးမသည်ကို ခံယူမည်လားဟူသည်ကို စောင့်ကြည့်ကြရ
တော့မည်ဖြစ်သည်။ မြန်မာအစိုးရက အမှန်အတိုင်းဖေါ်ထုတ်စိစစ်အရေးယူမှုပြုလုပ်ရတော့မည်ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် CI စခန်းတွင်း၏ လည်ပတ်မှုအနေအထားနှင့် အခြားေ သာအချက်အလက်
အတော်များများတို့အား ထိုင်းထောက်လှမ်းရေးများက ရရှိသွားခဲ့ ပြီးဖြစ်ပါသည်။ ထိုင်းအစိုးရဘက်မှ
တစ်စုံတစ်ရာ အစီအစဉ်ပြောင်းလဲသွားနိုင်ေ ကြာင်း အလေးနက်ထား စဉ်းစားရတော့မည်ဖြစ်သည်။