17 October 2017

ဖြိုးကိုကိုတင့်ဆန်း၏ နေအိမ်မှ လက်နက်နှင့် မူယစ်ေ်ဆးဝါးများ ထပ်မံ ဖမ်းဆီးရမိ

17 October 2017 16:55(+0630) (လွန်ခဲ့သော 2 နာရီ ခန့်က)

လယ်ဝေးမြို့နယ် နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ လက်နက်/ခဲယမ်းနှ င့် စိတ်ကြွ ဆေးပြားများ သိမ်းဆည်းရမိမှု (၁၆.၁၀.၂၀၁၇)မှ သတင်းဆက်

၂၀၁၇ ခုနှစ်၊အောက်တိုဘာလ ၁၅ ရက်နေ့ ၂၃၄၅ အချိန် ACE ဟိုတယ်၌ ဗဟန်းမြို့ မရဲစခန်း မယ(ပ)၂၀/၂၀၁၇၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၁ အမှုမှ တရားခံပြေး သီဟ (ဖြိုးကိုကိုတင့်ဆန်း၏ ယာဉ်မောင်း)အား ဖမ်းဆီးရမိခဲ့ပြီး အောက်တိုဘာလ ၁၆ ရက် နေ့ ၀၄၃၀ အချိန် ဖြိုးကိုကိုတင့်ဆန်းပါ (၃)ဦး(ဖမ်းမိ)အား ဒက္ခိဏမြို့မရဲစခန်း(ပ) ၃၉၆/၂၀၁၇၊ လက်နက်ပုဒ်မ ၁၉(စ)ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိပါသည်။


ထို့နောက် ၂၀၁၇ ခုနှစ်၊အောက်တိုဘာလ ၁၆ ရက်နေ့ ၀၈၁၅ အချိန် သာကေတမြို့ နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲတပ်ဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ ရဲတပ်ဖွဲ့ဝင်များ၊ မူးယစ်တပ်ဖွဲ့စု(၄၁)၊ရန်ကုန်(အရှေ့)၊ မှုခင်းရဲတပ်ဖွဲ့နှင့် သတင်းရဲတပ်ဖွဲ့တို့ပါ ပူးပေါင်းအဖွဲ့သည် သာကေတမြို့နယ်၊ ၁၀/တောင် (၁၃)ရပ်ကွက်၊ ရှုခင်းသာလမ်း မ/၂၀၀ရှိ ဖြိုးကိုကိုတင့်ဆန်းပိုင် ACE GROUP OF COMPANIES အဆောက် အဦးအား ဝင်ရောက်ရှာဖွေခဲ့ရာ..................
 
 နေပြည်တော် FC ဘောလုံးအသင်း မန်နေဂျာ ဖြိုးဘိုဘို၊ (၂၄)နှစ်၊ ဗမာ/ဗုဒ္ဓ၊ (ဘ) ဦးဆန်းဦးစိုး၊ (၃၉)လမ်း၊ အလယ်ဘလောက်၊ (၈)ရပ်ကွက်၊ ကျောက်တံတားမြို့နယ်၊ နေပြည်တော်ရှိ ACE ဟိုတယ် လက်ထောက်မန်နေဂျာ စိုးမြင့်ကျော်၊ လုံခြုံရေးဝန်ထမ်း ဦးသန်းဌေးနှင့် ဟိုတယ်စားပွဲထိုး ငြိမ်းချမ်းအောင်တို့အားတွေ့ရှိပြီး (၇)လွှာရှိ ဖြိုးကိုကိုတင့်ဆန်း၏ အိပ်ခန်းအတွင်းမှ သေနတ်ထည့် အိတ်(၁)အိတ်၊ စနိုက်ပါ မှန်ပြောင်း(၁)ခု၊ အရှည်(၁၅)လက်မခန့်ရှိ သေနတ်ပြောင်း(၁)ခု၊ စပရိန်ပါ လက်နက်ငယ် မောင်းတုံး (၁)ခု၊ နှစ်အိတ်တွဲ ကျည်ကပ်အသေးထည့်အိတ်(၁)ခု၊ 
 
 ကော်ဖြင့်ပြုလုပ်ထားသည့် ကျည်အိမ်ထည့်အိတ် (၂ခုတွဲ)(၂)ခု၊ လက်ကိုင်စကာြးေ ပာ စက် (၈)လုံး၊ အဝေးကြည့် မှန်ပြောင်း (၁)ခု၊ Drone(၅)ခုနှင့် ၄င်းတို့အား မောင်းနှ င်သည့် ကိရိယာ(၁)ခု၊ ရေချိုးခန်းအတွင်းမှ WYစာတမ်းပါ စိတ်ကြွဆေးပြား(၈)ပြား၊ မူးယစ်ဆေးဝါးသုံးစွဲရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ သံဘောစေ့ (၁၀၀)ပါ (၁)ဗူး၊ ၉ မမကျည်(၂)တောင့်၊ အိမ်သာခန်း မျက်နှာကျက်ပေါ်၌ သိမ်းဆည်းထားသည့် M-16 သေနတ်(၁)လက်(မောင်းတုံးမပါ)၊ သံဘောစေ့ဖြင့် ပစ်ခတ်ရသည့် M-4 ကာ ဘိုင် ပုံစံသေနတ်(၁)လက်နှင့် ဘောစေ့ထည့်ရသည့် ကျည်အိမ်(၁)ခုတို့အား သိမ်း ဆည်းရမိခဲ့သဖြင့် ၂၀၀၅ အချိန် ဖြိုးကိုကိုတင့်ဆန်းနှင့် ဖြိုးဘိုဘိုတို့(၂)ဦး(ဖမ်းမိ)အား သာကေတနယ်မြေရဲစခန်းမယ(ပ)၂၆/၂၀၁၇၊ မူး/စိတ်ပုဒ်မ ၁၅/၁၆(ဂ)/၂၂(ခ)/၂၁ ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်းသတင်းရရှိပါသည်။


            ၀၉၁၅ အချိန် ဗဟန်းခေတ္တမြို့နယ်ရဲတပ်ဖွဲ့မှူး၊ ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ ရဲတပ်ဖွဲ့ဝင်များ မူးယစ်တပ်ဖွဲ့စု(၄၂)၊ရန်ကုန်(နောက်)မှ ရဲတပ်ဖွဲ့ဝင်တို့ပါ ပူးပေါင်း အဖွဲ့သည် ဗဟန်းမြို့နယ်၊ ရွှေတောင်ကြား(၁) ရပ်ကွက်၊ ငွေဝတ်မှုန်ရိပ်သာလမ်း အမှတ်(၇၀/တ)ရှိ ဖြိုးကိုကိုတင့်ဆန်း၏ နေအိမ်အား ရှာဖွေခဲ့ရာ ၅.၅၆ကျည် (၃)ေ တာင့်၊ ဖြိုးကိုကိုတင့်ဆန်းအမည်နှင့် နိုင်ငံတော်တံဆိပ်ပါ ပြောက်ကျားဝတ်စုံ(၁)စုံ၊ 
 
       နိုင်ငံတော်တံဆိပ်နှင့် အရိုးခေါင်းလက်မောင်းတံဆိပ်ပါ အနက်ရောင် လက်ရှည် အင်္ကျီ(၁)ထည်၊ စနိုက်ပါမှန်ပြောင်း(၂)လက်(တို ၁၊ ရှည် ၁)၊ စစ်စိမ်းရောင် သံလိုက် အိမ်မြှောင် (၁)ခု၊ လက်ကိုင်စကားပြော စက်(၁)လုံး၊ သေနတ်ချိန်သီး(၁)ခု၊ကျည်ကာ အင်္ကျီ(၂)ထည်၊ ကျည်အိမ်ထည့်အိတ်(၄ခုတွဲ)(၁)ခု၊ အနက်ရောင် လက်ကိုင်အိတ် (၂)လုံး၊ စကားပြောစက် ထည့်အိတ် (၁)ခု၊ WY စာတမ်းပါ စိတ်ကြွဆေးပြား (၂)ပြား၊ ICE ဟုယူဆရသည့် အမှုန့်များ ကပ်နေသည့် ကပ်ခွာအိတ်(၁)ခု၊ ခဲပြား(၉)ခုနှင့်မီးခြစ် (၃)လုံး၊ စိတ်ကြွဆေးပြားသုံးစွဲရာတွင် အသုံးပြုသည့် ရေသန့်ဗူး/ဖန်ပုလင်း(၃) လုံးတို့ အား သိမ်းဆည်းရမိခဲ့ သဖြင့် ၁၈၁၅ အချိန် ဖြိုးကိုကိုတင့်ဆန်း (ဖမ်းမိ)အား ဗဟန်းမြို့ မရဲစခန်းမယ(ပ)၄၉/၂၀၁၇၊ မူး/စိတ်ပုဒ်မ ၁၆(ဂ) ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သတင်း ရရှိပါသည်။


အလားတူ ၁၀၃၀ အချိန် နေပြည်တော်ရဲတပ်ဖွဲ့မှူး၊ စရဖ(နေပြည်တော်)မှ ဗိုလ်မှူး တင်အောင်လွင်၊ မှုခင်းရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင်များ မူးယစ်တပ်ဖွဲ့စု(၁၀၅) ၊နေပြည်ေ တာ်(လေဆိပ်) မှရဲတပ်ဖွဲ့ဝင်တို့နှင့် နယ်မြေခံရဲတပ်ဖွဲ့ဝင်များပါ ပူးပေါင်းအဖွဲ့သည် ဟိုတယ် ACE အခန်းအမှတ် (H-1)အခန်းအတွင်းမှ မန်မိုရီစတစ်(၄)ချောင်း၊ ဟာ့ဒစ် (၁)ခု၊ ကွန်ပျူတာ System ပုံး(၃)ပုံး၊ လက်ကိုင်ဖုန်း(၁)လုံး၊ ဝိုင်ဖိုင်လွှင့်စက်(၁)လုံး၊ X5R Reader (၁)လုံး၊ အသံဖမ်းစက်(၁)လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ပါသည်။


ထို့နောက် အောက်တိုဘာ ၁၆ ရက်နေ့ ၁၅၅၅ အချိန် ဒက္ခိဏသီရိမြို့နယ်ရဲ တပ်ဖွဲ့ မှူးရဲမှူး ခင်မောင်ကျော်နှင့်အဖွဲ့သည် (၁၁၅)မိုင် ဖြူးအမြန်လမ်းမကြီးရဲစခန်း၌ ထိန်း သိမ်းထားသည့် ဂျိုးဇက်(ခ)စယောသ၊(၅၃)နှစ်၊ ကရင်/ခရစ်ယာန်၊ ACE အထွေထွေ မန်နေဂျာ၊ (ဘ)ဦးမန်းလှရွှေ၊ ဒက္ခိဏသီရိမြို့နယ်နေသူပါ(၅)ဦး(ကျား ၄၊ မ ၁)တို့အား သွားရောက်ခေါ်ဆောင်ခဲ့ပြီး လယ်ဝေးမြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၌ စစ်ဆေးလျက်ရှိေ ကြာင်း သတင်းရရှိပါသည်။

Ministry of Home Affairs, Myanmar