23 October 2017

ရခိုင်အရေး ပါဝင်ဆောင်ရွက်ဖို့ ပုဂ္ဂလိကလုပ်ငန်းအဖွဲ့ ၉ဖွဲ့ ဖွဲ့စည်း

2017-10-22

ကုန်သည်စက်မှုအသင်းချုပ်ရုံးမှာ အောက်တိုဘာလ ၂၁ ရက်နေ့က အစည်းအဝေး ကျင်းပနေစဉ်
ကုန်သည်စက်မှုအသင်းချုပ်ရုံးမှာ အောက်တိုဘာလ ၂၁ ရက်နေ့က အစည်းအဝေး ကျင်းပနေစဉ်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဥက္ကဌအဖြစ် ဦးဆောင်ပါဝင်တဲ့ ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီထောက်ပံ့ပေးရေး၊ ပြန်လည်ေ နရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း UEHRD မှာ လုပ်ငန်းရှင်တွေ ဦးစီးဆောင်ရွက်မယ့် လုပ်ငန်းအဖွဲ့ ၉ ဖွဲ့ ဖွဲ့စည်းဖို့ မနေ့က UMFCCI မှာကျင်းပတဲ့ ရခိုင်အရေးနဲ့ ပတ်သက် တဲ့ လုပ်ငန်းရှင်တွေ တွေ့ဆုံပွဲမှာ ဆွေးနွေးဆုံးဖြတ်လိုက်ပါတယ်။

နေရပ်ပြန်လာသူတွေရဲ့ ကျန်းမာရေး၊ စားဝတ်နေထိုင်ရေးနဲ့ အလုပ်အကိုင်အခွင့် အလမ်း ဖန်တီးပေးနိုင်ရေးတို့ အတွက် စီးပွားရေးလုပ်ငန်းရှင်တွေ ဦးဆောင်ပြီး လုပ်ငန်းကော်မတီတွေ ဖွဲ့စည်းဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ကုန်သည်စက်မှု အသင်းချုပ်ရဲ့ အထွေထွေအတွင်းရေးမှူး ဦးအောင်ကြည်စိုး က ပြောပါတယ်။

"ပြန်လည်လာမယ့်ပုဂ္ဂိုလ်တွေကို ပြန်လက်ခံဖို့အတွက် ဥပမာ ကျန်းမာရေးစောင့်ေ ရှာက်မှုတွေလိုလိမ့် မယ်။ ကျန်တဲ့လိုအပ်တဲ့ အစားအသောက် ဒါမျိုးလေးတွေ အတွက်ကို ကျနော်တို့ working group လေးတွေ ဖွဲ့လိုက်တာပေါ့။ နောက်တစ် ပိုင်းကျတော့လည်း ပြန်လည်နေရာချထားပေးရေးပေါ့။ ပြီးတော့လည်း ဖွံ့ဖြိုးရေးေ ပါ့။ လုပ်ငန်းကော်မတီလေးကတော့ ကျနော်တို့ UMFCCI မှာ အသေးစိတ်လေးေ တာ့ ရေးထားပါတယ်"

လုပ်ငန်းအဖွဲ့ ၉ ဖွဲ့မှာ ပါဝင်တဲ့ ဆောက်လုပ်ရေးနဲ့ အခြေခံအဆောက်အဦး တည်ေ ဆာက်ရေးလုပ်ငန်းအဖွဲ့ မှာ ရွှေသံလွင် ဦးကျော်ဝင်းကို ပါဝင်ဆောင်ရွက်ဖို့၊ ဦးချစ်ခိုင် အနေနဲ့ စပါးပင်တွေရိတ်သိမ်းဖို့ လယ်ယာသုံးစက်တွေ ပို့ဆောင်ပေးဖို့ အဲဒီအစည်း အဝေးမှာ ဆွေးနွေးညှိနှိုင်းထားတယ်လို့ ဇေကမ္ဘာဦးခင်ရွှေက ပြောပါတယ်။

        တော်ဝင်ကုမ္ပဏီ ဦးကိုကိုထွေး ဘက်ကလည်း နိုင်ငံတကာက စက်မှုဇုန်တွေေ ဖ်ာဆောင်ချင်တယ်လို့ အဆိုပြု ထားတာတွေရှိတယ်လို့ အဲဒီအစည်းအဝေးမှာ တင်ပြ တာကြောင့် စီးပွားရေးဇုန်များ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း အဖွဲ့ကို ဦးကိုကိုထွေးအနေ နဲ့ တာဝန်ယူပေးဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ဦးခင်ရွှေ ကပြောပါတယ်။

ဟိုတယ်လုပ်ငန်းရှင်များအသင်း ဥက္ကဌကို ခရီးသွားလုပ်ငန်းကဏ္ဍမြှင့် တင်ရေးလုပ် ငန်း အဖွဲ့မှာ ပါဝင်ဆောင်ရွက်ဖို့ စီစဉ်ထားပြီးဖြစ်တယ်လို့လည်း ပြောပါတယ်။

အဲဒီလုပ်ငန်းအဖွဲ့တွေဟာ အောက်တိုဘာလ နောက်ဆုံးအပတ်မှာ ရခိုင်ပြည်နယ်ကို သွားရောက်လေ့လာဖို့ ရှိတယ်လို့လည်း သိရပါတယ်။

UEHRD စီမံကိန်းအတွက် ကမ္ဘောဇ ကုမ္ပဏီလီမီတက်က သိန်း ၃၀၀၀၀ အပါအ၀င် စီးပွားရေးလုပ်ငန်းရှင် ၃၀ ကျော်က အလှူငွေ ကျပ်သန်းပေါင်း ၁၇၇၀၀ ကို အောက်တိုဘာလ ၂၀ ရက်နေ့က လှူဒါန်းခဲ့ပါတယ်။