အောက်တိုဘာလ
၂၀ ရက်နေ့က မောင်တောမြို့နယ်ရှိ ရဲကင်းစခန်းအတွင်းသို့ အလ္လာဝက္ကဘတ် ဟု
ဟစ်အော်ကာ ဓားကောက်ကိုင်ဆောင် ပြေးဝင်လာသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား (၁)
ဦးကို ပစ်ခတ်ဖမ်းဆီးခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာ နက
သတင်းထုတ်ပြန်ခဲ့ပါတယ်။

၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ ၂၀ ရက် နံနက် ၈
နာရီ ၁၅ မိနစ်အချိန်ခန့်တွင် မောင်တောမြို့နယ် ကွမ်းသီးပင်
ချောင်းဝရဲ ကင်းစခန်း၌ ရဲတပ်သား ဒိုင်းဖေထူး ကင်းတာဝန် ထမ်းဆောင်နေစဉ်
ဘင်္ဂါလီအမျိုးသား (၁) ဦးသည် ကွမ်းသီးပင်ချောင်း တံတားအောက်မှ ကွမ်းသီးပင်
ချောင်းဝကင်းစခန်းသို့ ဓားကောက်ကိုင်မြှောက်လျက် ဦးတည်ပြေးလာစဉ် စခန်းနှင့်
ကိုက် (၂၀) ခန့် အကွာ အရောက် ရဲတပ်သား ဒိုင်းဖေထူး မှ ရပ်တန့်၍ လက်နက်ချရန်
အော်ဟစ်သတိပေး ခဲ့သော်လည်း ၎င်းဘင်္ဂါလီ အမျိုးသားမှာ ရပ်တန့်ခြင်းမရှိဘဲ
အလ္လာဝက္ကဘတ် ဟု အော်ဟစ်၍ ဆက်လက်ပြေးဝင်လာသဖြင့် ရဲတပ်သား ဒိုင်းဖေထူး က
၎င်းကိုင်ေ ဆာင်သည့် BA-63 မောင်းပြန်ရိုင်ဖယ်ဖြင့် (၁) ချက် ပစ်ခတ်ခဲ့ရာ
ဘင်္ဂါလီအမျိုးသားတွင် ယာရင်ညွန့်အောက် ဖောက်ဝင်ဒဏ်ရာ (၁) ချက်ဖြင့်
စခန်းနှင့် (၅) ကိုက်ခန့် အကွာတွင် လဲကျသေဆုံးသွားခဲ့ခြင်း ဖြစ်တယ်လို့
ဖော်ပြထားပါတယ်။

အဆိုပါ
သေဆုံးသူအား စစ်ဆေးရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား မိုဟာမတ် ရှာဟက်အာ့သာ၊
(၅၆)နှစ် ဖြစ်ပြီး ၎င်းထံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ကတ်အမှတ်
(ID)2690421588992 နှင့် ဓားကောက် (၁) ချောင်း တို့အား
သိမ်းဆည်းရမိခဲ့ပါ တယ်။
အဆိုပါ ဖြစ်စဉ်ကို တောင်ပြိုယာနယ်မြေရဲစခန်းက
(ပ) ၂၂/၂၀၁၇၊ အကြမ်းဖက် တိုက် ဖျက်ရေး ဥပဒေပုဒ်မ ၅၀ (က) ဖြင့် အမှုဖွင့်
စစ်ဆေးလျက်ရှိတယ်လို့ သိရှိရ ပါတယ်။
Credit မင်းထွန်း(အုတ်ကျင်း)