08 October 2017

ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းရောက် ဘင်္ဂါလီအများစုမှာ ARSA အားပေးထောက်ခံသူများဖြစ်



Image may contain: one or more people, child, sky, outdoor and nature
ဘင်္ဂလားဒေ့ရှ်ဘက်သို့ ထွက်ပြေးရောက်ရှိသွားသည့် ဘင်္ဂါလီအများစုသည် ARSA အကြမ်းဖက်အဖွဲ့ကို ထောက်ခံအားပေးဆဲဖြစ်ကြောင်း ရိုက်တာသတင်းဌာနမှ ကွင်းဆင်းမေးမြန်းမှုများအရ သိရသည်။


''ထပ်ခါထပ်ခါ တိုက်ခိုက်နေရမှာပဲ။ အခွင့်အရေးရရင် နောက်တခါလည်း သွားတိုက် ဦးမှာပဲ''ဟု ရသေ့တောင်မြို့နယ်တွင် နေထိုင်ခဲ့သူအသက် ၃၅နှစ်အရွယ် ကမာဟူစိန် က ပြောသည်။

    သူသည် သြဂုတ် ၂၅ ရက် အကြမ်းဖက်တိုက်ခိုက်မှုတွင် ပါဝင်ခဲ့သူတဦးဖြစ်သည်။
၎င်းသည် ပြီးခဲ့သည့် ဇွန်လ ရာမဒန်ဥပုသ်လအတွင်း ဘာသာရေးခေါင်းဆောင်တဦး၏ စည်းရုံးသိမ်းသွင်းမှု ကြောင့် ARSA အဖွဲ့ဝင်ဖြစ်လာခဲ့သည်။

           ထိုဘာသာရေးခေါင်းဆောင်ဆိုသူက ရာနှင့်ချီသော ရွာသူ ရွာသားများအား ရွာလယ်ကွက်လပ်တွင် စုရုံးစေပြီး တိုက်ခိုက်မှုတွင်ပါဝင်ကြရန် ဆော်သြခဲ့သည်ဟု ဆိုသည်။

''မြန်မာတွေကိုတိုက်ရမယ်။ ဘာလို့လဲဆိုတော့ ကျုပ်တို့ရဲ့ မောင်တွေနှမတွေ နေ့စဉ် သေကျေနေကြရတယ်လို့ သူက ပြောတယ်။ အဲဒီနေ့က အားလုံး(တိုက်ခိုက်ဖို့) ပူးပေါင်းခဲ့တယ်ထင်တယ်''ဟု ၎င်းက ပြောသည်။

အမည်မဖော်လိုသူ အသက် ၂၆ နှစ်အရွယ် အခြားဘင်္ဂါလီတဦး၏ ပြောပြချက်အရ လွန်ခဲ့သောသုံးလခန့်က မြင်းလွတ်ကျေးရွာမှ လူ ၆၀ ခန့် ARSA အဖွဲ့ထဲသို့ ၀င်ခဲ့ သည်ဟုဆိုသည်။ ၎င်းသည် လည်း သြဂုတ် ၂၅ အကြမ်းဖက်တိုက်ခိုက်မှုတွင် ပါဝင် ခဲ့ပြီး ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များက ဖမ်းဆီးအရေးယူမည်ကို စိုးရိမ်သဖြင့် အမည် နာမကိုမဖော်ပြရန် မေတ္တာရပ်ခံသည်။

''ကျုပ်တို့မှာ တုတ်တွေ ဓားတွေပဲရှိတာ။ သေနတ်မရှိဘူး။ AK47 သေနတ်တွေပေး မယ်ဆိုပြီး ကျုပ်တို့ ဘာမှမရခဲ့ဘူး။ ဖောက်ခွဲရေးပစ္စည်းတွေကလည်း အလုပ်မဖြစ်ဘူး။ ကျုပ်တို့မှာရှိတဲ့ ၂ ခုက တကယ်လည်းပစ်ရောမပေါက်ကွဲခဲ့ဘူး''ဟု ၎င်းက ပြောသည်။

ထိုညတိုက်ခိုက်မှုတွင် ၎င်းနှင့်အတူ လူဦးရေ ၂၀၀ ခန့်ပါဝင်ပြီး ၄၀ ဦးခန့် သေဆုံးခဲ့ေ ကြာင်း၊ နောက်တကြိမ် တိုက် ခိုက်ရန်လိုအပ်ပါက တိုက်ခိုက်ဦးမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
'' ARSA ကို ကျုပ်ထောက်ခံတယ်။ ခေါင်းဆောင်တွေက ကျုပ်ကို ထပ်သွားတိုက်ဖို့ေ ခ်ါရင် ပြန်သွားဦးမှာပဲ''ဟု ၎င်းက ပြောသည်။

ARSA အဖွဲ့ဝင်များသည် စာတိုပို့အက်ပလီကေးရှင်း Whatsapp ကို အသုံးပြု၍ ချိတ်ဆက်လုပ်ကိုင်ကြ ကြောင်း၊ ၎င်းအက်ပလီကေးရှင်းတွင် ARSA.G1, Rohingya Daesh Arakan စသည့် နာမည်များဖြင့် Group Chat များဖွင့်ထား ကြောင်း၊ ၎င်း Group Chat များ၏ Admin များမှာ ဆော်ဒီဖုန်းနံပါတ်၊ မလေးရှားဖုန်းနံပါတ် ကိုင်ဆောင်သူများဖြစ်ကြောင်း ကျေးရွာအဆင့် ARSA တပ်မှူးများထံမှ သိရသည်။

သို့ရာတွင် ARSA ၏လုပ်ရပ်ကို မထောက်ခံသူများလည်းရှိသည်။ ကမာဟူစိန်က ဆက်လက်တိုက်ပွဲဝင်ရန် ပြောဆိုစဉ် ဒုက္ခသည်စခန်းရှိ လူကြီးတဦးက ၎င်းအား ငေါက်ငမ်းသည်ဟု ဆိုသည်။
''အခု ငါတို့မှာရှိသမျှ ဆုံးရှုံးသွားပြီ။ အကြမ်းဖက်မှုဟာ အဖြေမဟုတ်ဘူးကွ''ဟု အဆိုပါလူကြီးက ပြောသည်။

ဒေသတွင်းနှင့် တိုက်ပွဲဝင်တပ်မှူးများက ပုံမှန်အမိန့်ပေးညွှန်ကြားမှုများ ပြုလုပ်ေ လ့ရှိသည့် အဆိုပါ Group Chat များတွင်လည်း ယခုရက်ပိုင်းအတွင်း တိတ်ဆိတ် လျက်ရှိသည်ဟု အချို့ကပြောသည်။

ရိုက်တာက မေးမြန်းခွင့်ရရှိခဲ့သည့် အကြမ်းဖက်သမားသုံးဦး၏အဆိုအရ မြန်မာ့ တပ်မတော်၏တုံ့ပြန်မှုကို အံ့အားသင့်ကြောင်း၊ တိုက်ခိုက်မှုစတင်ပြီး ရက်သတ္တ ပတ်အနည်းငယ်အတွင်း လက်နက်ချ၍ ရွာများကို စွန့်ခွာထွက်ပြေးရန်တပ်မှူးများက ညွှန်ကြားခဲ့ကြောင်း သိရသည်။


အော်စကာ
Ref : Reuters
LikeShow more reactions
Comment