11 October 2017

ARSA စကားလုံးတွင် ရိုဟင်ဂျာဆိုသော စကားလုံး ပါဝင်သဖြင့် မသုံးစွဲသင့်ကြောင်းနှင့် လက်ရှိတွင် တည်ငြိမ်နေသည်ဟု ပြော၍မရနိုင်ကြောင်း သုံးသပ်မှုများရှိနေ

11.10.2017 အလဲဗင်း
 ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်လျက်ရှိသော ဘင်္ဂါလီ အကြမ်းဖက်အဖွဲ့အား ARSA (Arakan Rohingya Salvatioin Army) စကားလုံးတွင် ရိုဟင်ဂျာဟူသော စကားလုံးပါဝင်သဖြင့် မသုံးစွဲသင့်ကြောင်းနှင့် လက်ရှိတွင်တည်ငြိမ် နေသည်ဟုပြော၍မရနိုင်ကြောင်း သုံးသပ်မှုမျာ ရှိနေသည်။ 
 
      အကြမ်းဖက် ဘင်္ဂါလီများအနေဖြင့် ရခိုင်တိုင်းရင်းသား ကျေးရွာများကို တိုက်ခိုက် ခဲ့ရာတွင် ထောင်နှင့်ချီသော အင်အား ပါဝင်သည့်အတွက် နောက်ကွယ်မှ ပူးပေါင်း ပါဝင်သူများစွာ ရှိခဲ့သည်မှာ အထင်အရှား ဖြစ်နေသဖြင့် ဘင်္ဂါလီတို့ နယ်မြေလု တိုက်ခိုက်ပြီး မြန်မာနိုင်ငံအတွင်း မရှိသော အမည်ကို ဖော်ဆောင်ခြင်းသည် မသင့်လျော်သော လုပ်ရပ်ဖြစ်ကြောင်း ဒေသခံများက သုံးသပ်ကြသည်။

 ယင်းနှင့်ပတ်သက်ပြီး ဘူးသီးတောင်မြို့နယ်မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းက “ပြီးခဲ့တဲ့အစိုးရ လက်ထက်ကတည်းက မြန်မာနိုင်ငံထဲမှာ ရိုဟင်ဂျာမရှိဘူးဆိုတာ ပြောပြီးသားဖြစ်တယ်။ အခုလည်း သြဂုတ် ၂၅ ရက်မှာ ကင်းစခန်း ၃၀ ကို တစ်ပြိုင်နက်တည်း ဘင်္ဂါလီ အကြမ်းဖက်တွေက တိုက်ခိုက်ခဲ့ တယ်။ ဒါဟာ ရခိုင်ပြည်နယ်ထဲမှာ နယ်မြေသစ်တစ်ခုကို အကောင်အထည်ဖော်ဖို့ ကြိုးစားနေတာ ဖြစ်တယ်။ အဲဒီအချိန် တစ်ရက်နှစ်ရက်လောက်သာ ဘင်္ဂါလီအကြမ်း ဖက်လို့သုံးပြီး နောက်ပိုင်းမှာ ARSA လို့ သုံးနှုန်းလာခဲ့တာဟာ ရိုဟင်ဂျာ ဆိုတာကို အသိအမှတ်ပြုသလို ဖြစ်နေတယ်။ တကယ်တော့ ပြည်နယ်လွှတ်တော်ကလည်း မြန်မာနိုင်ငံမှာ မရှိတဲ့ လူမျိုးလို့ အတည်ပြုထားပြီးသား ဖြစ်တယ်။ တကယ်တော့ ဘင်္ဂါလီတွေဟာ ဘင်္ဂလားဒေ့ရှ်က ၀င်လာတယ်ဆိုတာ သမိုင်းကြောင်းရှိပြီးသားဖြစ် တယ်။ အဲဒါကို ပျောက်ပျက်ချင်တဲ့အတွက် ရိုဟင်ဂျာဆိုပြီး သမိုင်းလိမ် နာမည်သစ်နဲ့ လုပ်ဆောင်နေတာဖြစ်တယ်။ ဒါကြောင့် ARSA ဆိုတဲ့အမည်ကို မသုံးသင့်ဘူး။ ကန့်ကွက်သင့်တယ်လို့ ပြောချင်ပါတယ်” ဟု ပြောကြားသည်။

ဘင်္ဂါလီများသည် ရိုဟင်ဂျာအမည်ခံပြီး နယ်မြေသစ်တစ်ခုကို ထူထောင်လိုခြင်းသည် ဒေသတွင်း တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားအောင် လုပ်ဆောင်ခြင်းနှင့် ဒေသခံ တိုင်းရင်းသားလူမျိုးများ မောင်တောခရိုင်အတွင်း နေထိုင်နိုင်ခြင်း မရှိအောင် လုပ်ေ ဆာင်နေသည့်အပြင် လက်ရှိကာလတွင် ဘူးသီးတောင်မြို့မှ ဘင်္ဂါလီများအား ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိသူများက ခြိမ်းခြောက်ကာ ဖုန်းဆက်ခေါ်ယူခြင်းများ ရှိနေပြီး မြို့ပေါ်ရပ်ကွက်မှ ဘင်္ဂါလီများလည်း ထွက်ပြေးရန် ပြင်ဆင်နေကြောင်း သိရသည်။

      အလားတူ အကြမ်းဖက်သမားများဟု အမည်တပ်ခံရသူများ၏ နောက်ကွယ်တွင် ဘင်္ဂါလီအားလုံးက ကျောထောက်နောက်ခံ ပေးထားခြင်းများ ရှိနေသည်ကို တွေ့ရှိရ သည့်အတွက် ဘင်္ဂါလီ အားလုံးသည် အကြမ်းဖက်သမားများနှင့် ဆက်နွှယ်မှု ရှိနေေ ကြာင်းလည်း ဒေသခံများက သုံးသပ်ပြောဆိုသည်။

           ယင်းနှင့်ပတ်သက်ပြီး စစ်တွေမြို့မှ ဦးသန်းထွန်းကလည်း “ရခိုင်ပြည်နယ် သာမကဘူး။ မြန်မာတစ်နိုင်ငံလုံးမှာ ရိုဟင်ဂျာမရှိဘူးလို့ နိုင်ငံတော်အဆင့် တာဝန် ရှိသူတွေရော၊ ခေါင်းဆောင်တွေရော အကြိမ်ကြိမ် ပြောထားပြီးဖြစ်တယ်။ အဲဒီနာမည် ဟာလည်း ရခိုင်ပြည်နယ်မှာ ပြဿနာဖြစ်တဲ့ အကြောင်းရင်းထဲမှာပါတယ်။ အခုတော့ ARSA လို့ နာမည်တပ်တယ်။ နာမည်တပ်တာကတော့ တပ်ပေါ့။ ဒါပေမဲ့ ရိုဟင်ဂျာဆို တဲ့ စာလုံးကို မြန်မာနိုင်ငံကလူတွေ ဘယ်သူမှ လက်ခံမှာ မဟုတ်ဘူး။ တစ်ခုရှိတာက ARSA အဖွဲ့ဆိုတာဟာ မြန်မာနိုင်ငံအတွင်းမှ မဟုတ်ဘဲ မြန်မာနိုင်ငံကို ကျူးကျော် ၀င်လာသူတွေသာ ဖြစ်တယ်ဆိုတာ ခိုင်လုံသေချာသွားတယ်။ တကယ်တော့ ARSA အဖွဲ့ဆိုတာက အဖွဲ့ဝင်အင်အား ဒီလောက်များတာ မဟုတ်ဘူး။ ဒါပေမဲ့ ARSA ရဲ့ေ နာက်မှာ မောင်တောခရိုင် တစ်ခုလုံးမှာရှိတဲ့ ဘင်္ဂါလီအားလုံးနီးပါးဟာ ARSA ရဲ့ နောက်လိုက်အပေါင်းပါတွေ ဖြစ်နေတဲ့အတွက် လူအုပ်နဲ့ချီပြီးတော့ ရဲစခန်းကို တစ် ပြိုင် တည်း ၀င်ရောက်စီးနင်း တိုက်ခိုက်ခဲ့တာ ဖြစ်တယ်။ ဒါကြောင့် ARSA နဲ့ နောက် ကွယ်မှာ မောင်တောခရိုင်က ဘင်္ဂါလီတွေအားလုံး ပူးပေါင်းပါဝင်နေတယ် ဆိုတာက လည်း ပေါ်လွင်နေတယ်လို့ သုံးသပ်ပြောဆိုလိုပါတယ်” ဟု ပြောကြားသည်။

လက်ရှိအနေအထားတွင် ARSA ဘင်္ဂါလီ အကြမ်းဖက်သမားများဟု ပြောဆိုနေကြ ဆဲဖြစ်ကာ ဘူးသီးတောင်မြို့ နယ်အတွင်းမှ ဘင်္ဂါလီများ နေ့စဉ်ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်နေမှုများ ရှိနေပြီး နေအိမ်များအား မီးလောင်မှု မီးရှို့မှုများ ဖြစ်ပေါ်နေဆဲဖြစ်ရာ တည်ငြိမ်အေးချမ်းသည်ဟု ပြောဆို၍ မရနိုင်ကြောင်း ဦးထွန်းအောင်သိန်းက ဆိုသည်။