18 October 2017

ပြောင်းလဲချိန်​တန်​​သောအစိုးရနှင့်​ ပြည်​သူ့ရဲတပ်​ဖွဲ့ကို အလျှင်​စလိုအသစ်​ဖွဲ့သင့်​ပြီလား



စုတ်​ချာလွန်း​သောရဲမှူးခင်​​ဇော်​​အောင်​​ပြောသလိ
သူဟာ လုံခြုံ​ရေး SECURITYကုမ္ပဏီကြီးတစ်​ခုလုပ်​ဖို့ဆိုတာ
လုံးဝမဟုတ်​ပါဘူး....


ဒါဟာ ပြစ်​မှုကျူးလွန်​သူကို
အကာအကွယ်​​ပေးတဲ့စကားပါ

မြန်​မာနိုင်​ငံမှာ
လုံခြုံ​ရေးကုမ္ပဏီ​တွေထူ​ထောင်​ထားတာရှိပါတယ်​။


ဘယ်​အဖွဲ့အစည်းကိုမှ
သေနတ်​ကိုင်​ခြင်းကို ခွင့်​ပြုမထားသလို
နိုင်​ငံ​တော်​လုံခြုံ​ရေးအဖွဲ့အစည်းများနှင့်
ထင်​​ယောင်​ထင်​မှားဖြစ်​​စေမည့်
ယူနီ​ဖောင်း၊တံဆိပ်​တို့ကို
သုံးခွင့်​မပြုပါဘူး..။

လက်​နက်​​တွေ စနိုက်​ဘာ​တွေ
Equipment ​တွေ
လက်​နက်​တပ်​ဆင်​လို့ရတဲ့ဒရုန်း​တွေသုံးတာဟာ
သာမန်​လုံခြုံ​ရေးအဆင့်​ထက်​​ကျော်​လွန်​​နေ​ကြောင်း
ထင်​ရှားပါတယ်​..။

အထင်​ရှားဆုံးပြရရင်
National Security Council ဆိုတဲ့
အသုံးအနှုံးပါတံဆိပ်​ပါ။
National ဆိုတာနဲ့ Council ဆိုတာဟာ
နိုင်​ငံ​တော်​အသုံးအနှုံးဖြစ်​ပြီး
တစ်​ဦးတစ်​ဖွဲ့က ရယူသုံးစွဲလို့မရပါဘူး..
ပိုပြီးထင်​ရှား​စေတာက
တပ်​မ​တော်​ကသာအသုံးပြုခွင့်​ရှိတဲ့
ကြည်း​ရေ​လေ အမှတ်​တံဆိပ်​ပါ။

နိုင်​ငံ​တော်​အာဏာကို​ရယူဘို့​ရော
ခေါင်း​ဆောင်​ပိုင်းကိုပါလုပ်​ကြံဖို့ထိပါ
ကြံစည်​လုပ်​ကိုင်​​နေတယ်​ဆိုတာ
ထင်​ရှားလွန်း​နေပါတယ်။

ဖမ်းမိသမျှသက်​​သေခံပစ္စည်း​တွေဟာ
နိုင်​ငံ​တော်​လုံခြုံ​ရေးအဖွဲ့အစည်းနဲ့ ပုံမှားရိုက်​ဖို့
သေ​သေချာချာစဉ်းစား ကြံဆ
ကြိုတင်​စီစဉ်​ထားမှန်း
ထင်​ရှား​ပေါ်လွင်​လွန်း​နေပါတယ်​။

ဒီလို ပြစ်​မှုကျူးလွန်​သူအ​ပေါ်
အကာအကွယ်​​ပေး​နေတဲ့
ပြည်​သူ့ရဲတပ်​ဖွဲ့ ရဲမှူးကြီးခင်​​ဇော်​​အောင်​ကို
ဥပ​ဒေ​ကြောင်းအရ အ​ရေးယူအပြစ်​မ​ပေးဘူးဆိုရင်
မြန်​မာနိုင်​ငံရဲတပ်​ဖွဲ့ဟာ
လူဆိုးသူခိုးကာကွယ်​​ရေးအဖွဲ့အဖြစ်
သတ်​မှတ်​ရ​တော့မှာဖြစ်​ပါတယ်​။

အစိုးရအ​နေနဲ့
စစ်​အာဏာရှင်​တို့နဲ့
ထိပ်​တိုက်​ရင်​ဆိုင်​ရမှုကို
ရှောင်​လွှဲ အ​လျော့​ပေး​နေတာ​တွေ
ရပ်​သင့်​ပါပြီ..
ကိုယ့်​ကိုကိုက်​မယ့်​​မြွေ​ပွေးကို
မွေးမထားသင့်​ပါဘူး။

အထူးစုံစမ်းစစ်​​ဆေး​ရေးအဖွဲ့
ကိုယ့်​လူများနဲ့ဖွဲ့ပြီး
ကိုင်​တွယ်​စစ်​​ဆေးဘို့ လိုပါတယ်
ဒါဟာ ကံ​တရားက​ဖေးမလို့
ပေါ်​ပေါက်​လာတာပါ
အစိုးရဆိုတာ
တိုင်းပြည်​နဲ့ပြည်​သူ​တွေကို
တရားဥပ​ဒေအရအကာအကွယ်​​ပေးဘို့
တာဝန်​ရှိပါတယ်​။

လုံခြုံ​ရေးအဖွဲ့အစည်းများဟာ
ဥပ​ဒေအရ​ဆောင်​ရွက်​ခြင်းရှိမရှိ
စောင့်​ကြည်​၊့ကြပ်​မတ်
စစ်​​ဆေးအ​ရေးယူဖို့ 
ဆောင်​ရွက်​​နေရပါမယ်​။

ဒီလိုနဲ့..
တစ်​​နေ့ပြုပြင်​နိုး ​ကောင်းလားနိုး
မျှော်​လင့်​ကာ ​ရှေ့ဆက်​သွား​နေရင်းနဲ့
တိုင်းပြည်​ဟာ အန္တရာယ်​စက်​ကွင်းထဲ
အကြိမ်​ကြိမ်​ ကျ​ရောက်​​နေတာ
မျက်​မြင်​ပါပဲ..။

ဒါ​ကြောင့်​..
တရားဥပ​ဒေစိုးမိုး​ရေးအတွက်
လိုအပ်​တဲ့အဖွဲ့အစည်း​တွေ
ထပ်မံ​ဖွဲ့စည်းပြီး
စောင့်​ကြပ်​ထိမ်းသိမ်းဘို့
လို​နေပါပြီ...။

တာဝန်​​ပေးသင့်တဲ့လူတစ်​​ယောက်​က​တော့
ဗိုလ်​ကြီး​ဟောင်း ​နေမျိုးဇင်​ကိုပဲ
ကျွန်​​တော်​​ပြေးမြင်​မိပါတယ်​။
ပြည်​သူက​ရွေးချယ်​တင်​​မြှောက်​ထား​သော
အစိုးရအဖြစ်​ မြင်​ပါရ​စေ။

ဒီအစိုးရကို
ပြည်​သူက​ရွေးချယ်​တင်​​မြှောက်​ထား​သော
ပြည်​သူ့အစိုးရပုံသဏ္ဍာန်​မျိုးအဖြစ်
မြင်​​တွေ့ချင်​ပါတယ်​။

အစိုးရဟာ
စစ်​အာဏာရှင်​တစ်​စုကခန့့်​ထားသလိုမျိုး
သူတို့မျက်​နှာရိပ်​မျက်​နှာကဲ
အကဲခတ်​လှုပ်​ရှား​နေရတဲ့...
ဥပ​ဒေနဲ့အမှန်​တရားအ​ပေါ်ရပ်​တည်​ပြီး
လုပ်​သင့်​တာကိုမလုပ်​ရဲတဲ့...
ခပ်​ညံ့ညံ့ အစိုးရအဖြစ်
မမြင်​​တွေ့ချင်​​ကြောင်းပါခင်​​ဗျား..။

(​ရေးရင်းနဲ့ပါသွားတဲ့
စိတ်​​စေတနာအမှားကို
နားလည်​​ပေးကြပါရန်
မေတ္တာရပ်​ခံပါသည်​..
ပြန်​မပြင်​​တော့ပါ)

NayNay