24 October 2017

ဘင်္ဂါလီ ကျောင်းသား၊ ကျောင်းသူများအတွက် စစ်တွေတွင် အဝေးသင်ဌာနခွဲ သီးခြားဖွင့်မည်

ဆုဆက်
7Day News

စစ်တွေမြို့နယ် သက္ကေပြင်ကျေးရွာ အထက်တန်းကျောင်းခွဲတွင် ဘင်္ဂါလီကျောင်းသား၊ ကျောင်းသူများအတွက် အဝေးသင်ဌာနခွဲတစ်ခုသီးခြားဖွင့်လှစ်ပေးရန်ပညာရေးဝန်ကြီး ဌာနကစီစဉ်နေပြီး ရန်ကုန်မြို့မှ ဆရာ၊ ဆရာမများကိုတာဝန်ထမ်းဆောင်ရန် စေလွှတ် မည်ဟု အဆင့် မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သိန်းဝင်းက ပြော သည်။


ရန်ကုန်အဝေးသင် တက္က သိုလ်(စစ်တွေဌာနခွဲ) မှ ပထမနှစ် (မြန်မာစာနှင့် သမိုင်း အထူးပြု) ဘင်္ဂါလီကျောင်းသား၊ ကျောင်း သူကိုးဦးကို သက္ကပြင် ကျေးရွာ အထက် တန်းကျောင်းခွဲရှိ အဝေး သင်ဌာနခွဲတွင် နိုဝင်ဘာ ၉ ရက် မှ ဒီဇင်ဘာ ၈ ရက်အထိ အနီး ကပ်သင်တန်းပို့ချခြင်း၊ စာမေးပွဲ စစ်ဆေးခြင်း၊ အဖြေလွှာစစ်ဆေး ခြင်းနှင့် အောင်စာရင်း ပြုစုခြင်း ဆောင်ရွက်ရန် ရန်ကုန်မြို့မှ ကထိကနှင့် လက်ထောက် ကထိကဆရာ၊ ဆရာမများ စေလွှတ်မည်ဖြစ်သည်။

‘‘စစ်တွေမှာ အဝေးသင်မ တက်နိုင်တဲ့ လူမျိုးခြားတွေအ တွက် အဝေးသင်ဌာနခွဲတစ်ခု ဖွင့် ပေးမှာပါ။ ဒီနှစ်မှစလုပ်တဲ့ အစီ အစဉ်သစ်ပေါ့။ စစ်တွေက ဆရာ၊ဆရာမကို မသုံးဘဲ ရန်ကုန်က ဆရာ၊ ဆရာမတွေကို စာထုတ်ပြီး တောင်းထားပါတယ်။ အဲဒီမှာ တစ်လတာဝန်ထမ်းဆောင်ရမှာ ပါ’’ ဟု ဒေါက်တာသိန်းဝင်းက ပြောသည်။

သက္ကပြင်ကျေးရွာ အဝေး သင်ဌာနခွဲသို့ မြန်မာစာဘာသာ ရပ်သင် ဆရာ၊ ဆရာမ နှစ်ဦး၊ သမိုင်းနှစ်ဦး၊ အင်္ဂလိပ်စာတစ်ဦး၊ ပထ၀ီဝင်တစ်ဦး၊ ဒဿနိကတစ် ဦး၊ စုစုပေါင်း ခုနစ်ဦးသွားရောက် ပို့ချရမည်ဖြစ်ပြီး တာဝန်ထမ်း ဆောင်မည့် ဆရာ၊ ဆရာမစာရင်း ကို အောက်တိုဘာ ၃၀ ရက် နောက်ဆုံးထားပေးပို့ရန် အဆင့် မြင့်ပညာဦးစီးဌာနက ရန်ကုန်မြို့ ရှိ တက္ကသိုလ်များသို့ အကြောင်း ကြားထားသည်။

၂၀၁၇ အဝေးသင် တက္က သိုလ်စာမေးပွဲဖြေဆိုရန် ရန်ကုန် အဝေးသင်တက္ကသိုလ်၏ အဝေးသင်ဌာနခွဲ စစ်တွေတက္ကသိုလ် တွင် ကျောင်းအပ်ထားသည့် ဘင်္ဂါလီကျောင်း သား၊ ကျောင်းသူ ကိုးဦးရှိနေပြီး ၎င်းတို့ကို စစ်တွေ တက္ကသိုလ်တွင် မတက်ရောက်စေ ဘဲ သီးခြားဌာနခွဲဖွင့်လှစ်ပေးခြင်းjဖစ်သည်။ အဆိုပါ အဝေးသင်ဌာနခွဲတွင် တစ်လ ကြာ တာဝန်ထမ်း ဆောင်မည့် ဆရာ၊ ဆရာမများအတွက် စစ်တွေမြို့၌ နေထိုင် ရေး၊ သွားလာရေးတို့ကို ပညာ ရေးဝန်ကြီးဌာနက စီစဉ်ပေးမည် ဖြစ်ပြီး ယင်းကဲ့သို့နှစ်ကြိမ် သွား ရောက်တာဝန်ထမ်းဆောင်ပါက နယ်တာဝန်ထမ်းမှုတစ်ကြိမ်အဖြစ် သတ်မှတ် မည်ဖြစ်သည်။

‘‘တစ်လလောက်သွားရမှာ ပေါ့။ ဒီနှစ်မှာ တစ်လသွားမယ်။ နောက်နှစ်တစ်လသွား မယ်ဆိုရင် နယ်ကို အပြောင်းအရွှေ့ သွားရ မယ့် အကြိမ်တစ်ကြိမ် အဖြစ် သတ်မှတ်ေ ပးပါမယ်’’ဟု ဒေါက် တာသိန်းဝင်းက ပြောသည်။

အဆင့်မြင့်ပညာဦးစီးဌာန ၏ ရာထူးတိုးမူဝါဒအရ ရန်ကုန် နယ်မြေနှင့် မန္တလေး နယ်ြေ မရှိ တက္ကသိုလ်၊ ကောလိပ်များမှ နယ် တက္ကသိုလ်၊ ကောလိပ်များသို့ ပြောင်းရွှေ့ရပါက တာဝန်ထမ်း ဆောင်ရသည့်ကာလကို ဒေသအ လိုက် တစ်နှစ်မှသုံးနှစ်အထိ သတ်မှတ်ထားသည်။