12 October 2017

7 day   ငြိမ်းချမ်း


မွန်ပြည်နယ်တွင် ဆောက်လုပ်ရေးလုပ်ငန်း အပါအ၀င် အခြားရင်းနှီးမြှုပ်နှံမှုများပြုလုပ်မည်ဆိုကာ ထိုင်းလုပ်ငန်းရှင်များထံမှ ဘတ်ငွေသန်း ၃၀၀ ကျော် (ကျပ်ငွေ ၁၂ ဘီလီယံကျော်)လိမ်လည်သွားသော မွန် ဘုရင်၏မျိုးဆက် ဆိုသူ မြန်မာနိုင်ငံသားတစ်ဦးကို ထိုင်း ရဲတပ်ဖွဲ့က ဖမ်းဝရမ်းထုတ်ထားသည်။


အသက်(၅၀)ကျော်အရွယ် ဦးကျော်မြင့်ဦးနှင့် ထိုင်းနိုင်ငံသားနှစ်ဦးသည် ငွေများလိမ် လည်ခဲ့သဖြင့် လိမ်လည်ခံရသည့် ထိုင်းလုပ်ငန်းရှင်များက DSI အဖွဲ့ထံ အမှုဖွင့် တိုင်ကြား ခဲ့သည်။

မြန်မာနိုင်ငံ မွန်ပြည်နယ်တွင် ဆောက်လုပ်ရေး လုပ်ငန်းအပါအ၀င် အခြားရင်းနှီးမြှုပ်နှံ မှုများပြုလုပ် မည်ဆိုကာ ငွေများလိမ်လည်သွားသောကြောင့် ထိုင်း လုပ်ငန်းရှင်များက ထိုင်းအထူးမှုခင်းစုံစမ်းစစ်ဆေးရေး အဖွဲ့(DSI)ထံ အမှုဖွင့်တိုင်ကြားခြင်းဖြစ်ကြောင်း  DSI အဖွဲ့နှင့်နီးစပ်သူ ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများ အဖွဲ့(MAT)ဒါရိုက်တာ ဦးကျော်သောင်းက ပြောသည်။

လိမ်လည်မှုတွင်ပါဝင်သော ထိုင်းနိုင်ငံသား နှစ် ဦးကို DSI အဖွဲ့က ဖမ်းဆီးပြီး ဦးကျော်မြင့်ဦးကို ဖမ်း ၀ရမ်းထုတ်ထားကာ ၎င်းသည် မြန်မာနိုင်ငံတွင်းသို့ ၀င်ေ ရာက်သွားသည်ဟု ထိုင်းရဲတပ်ဖွဲ့က ယူဆထားကြောင်း ဦးကျော်သောင်း က ပြောသည်။

‘‘သူက မွန်ပြည်နယ်ကအစိုး ရအဖွဲ့နဲ့လည်း ရင်းနှီးတဲ့သူဖြစ် တယ်။ နောက်ပြီး မွန်ဘုရင်ရဲ့မျိုး ဆက်ဆိုပြီး ထိုင်းလုပ်ငန်းရှင်တွေ ကို လိမ်ထားတာ။ အစုရှယ်ယာ တွေကို မက်လုံးပေးပြီးလိမ်ထား တာ’’ ဟု ဦးကျော်သောင်း ကပြောသည်။

ဦးကျော်မြင့်ဦးသည် မွန်ပြည်နယ်အစိုးရအဖွဲ့နှင့် ရင်းနှီး သူဟု ပြောဆိုမှုနှင့်ပတ် သက်ပြီး မွန်ပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ရေးဝန်ကြီးေ ဒါက်တာ မင်းကြည်ဝင်း ထံမေးမြန်းရာ ကျော်မြင့်ဦးနာ မည်ကို မသိကြောင်းပြော သည်။

‘‘ကျော်မြင့်ဦးဆိုတဲ့ နာမည် နဲ့တော့ ကျွန်တော်တော့မသိဘူး။ ကျန်တဲ့အဖွဲ့တွေတော့ မသိဘူး။ ပြည်နယ်အစိုးရအဖွဲ့မှာတော့ ဒီ သတင်းဘာမှမကြားရသေးဘူး’’ ဟု ၀န်ကြီးဒေါက်တာမင်းကြည်ဝင်းက ပြောသည်။

ယင်းငွေလိမ်လည်မှုနှင့်ပတ်သက်ပြီး အောက်တိုဘာ ၉ ရက်က DSI အဖွဲ့သည် ထိုင်း နိုင်ငံတွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ထားပြီး ဦးကျော်မြင့်ဦး ကို ဖမ်းဆီးရန် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ဆက်သွယ်မည်ဟုပြောကြားသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး DSI အဖွဲ့က ဘန် ကောက်မြန်မာသံရုံးသို့ မဆက် သွယ်သေးကြောင်း မြန်မာသံရုံးမှ အလုပ်သမားသံအရာရှိ ဦးမိုး အောင်ခိုင်က ပြောသည်။

‘‘ဒီကိစ္စက ချွန်ဘူရီဆိုတဲ့ မြို့မှာဖြစ်တာ။ အဲဒီကသတင်း ဌာနနဲ့ပူးပေါင်းပြီး လိမ်လည် တာ။ သူတို့ရင်းနှီးမြှုပ်နှံမှုတွေ လုပ်တာ သေချာတယ်ဆိုတာ လူတွေယုံ ကြည်အောင် အဲဒီသတင်းဌာနက ရေးပေးတာပေါ့’’ ဟု ဦးကျော် သောင်းက ပြောသည်။

၂၀၁၆ ဒီဇင်ဘာအတွင်းက လည်း ဘန်ကောက်မြို့အနီး ထုံဘူရီနယ်မြေတွင် အိမ်အ ကူ လုပ်နေသော မြန်မာအမျိုးသမီး တစ်ဦး ထိုင်းအလုပ်ရှင်ထံမှ ဘတ်ငွေခုနစ်သန်း (ကျပ်သိန်း ၂,၆၀၀ )တန်ဖိုးရှိ ရွှေ၊ စိန်ထည် နှင့်ငွေများ ခိုးယူထွက်ပြေးသည် ဆိုကာ ၎င်းကို ဖမ်းမိရေး ဆုငွေ ဘတ်တစ်သိန်း (ကျပ်ငွေသိန်း ၃၀ ကျော်)ထုတ်၍ လိုက်လံ ရှာဖွေနေသည်။