07 October 2017

“စာရေးဆရာ ညီမင်းညိုစီးလာသည့်ကား လူနှစ်ဦးကခဲနှင့်ထု၊ကျူးလွန်သူများကိုရဲတပ်ဖွဲ့စုံစမ်း”





The VOICE   အောက်တိုဘာ ၇ ရက်

          စာရေးဆရာ ညီမင်းညိုနှင့် ကဗျာဆရာ ထွဏ်းသွေးအိမ်တို့သည် ရေဦးမြို့နယ်၊ စည်ကြီးေ ကျးရွာ စာပေဟောပြောပွဲမှအပြန်၊ စစ်ကိုင်းမြို့ နယ်၊ကျောက်ဆည်ရွာထိပ်အရောက်၊ ယနေ့နံနက် ၂နာရီခွဲခန့် အချိန်တွင် ၎င်းတို့စီးလာသည့်ကားကို လူ၂ဦးက ခဲဖြင့်ပစ်ပေါက်သဖြင့် စာရေးဆရာ ညီမင်းညို၏ မျက်နှာ ညာဘက်ပါးရိုးဒဏ်ရာရရှိ သွားခဲ့ပြီး ကျူးလွန်သူများကို စုံစမ်းနေကြောင်း စစ်ကိုင်းမြို့နယ်ရဲတပ်ဖွဲ့က ရဲအရာရှိတစ်ဦး ကပြော သည်။ 


“မိတ်ဆွေများစိတ်ပူပန်မှုလျှော့အောင်အရင်ပြောရရင် ညာဘက်ပါးရိုး(မျက်လုံးေ အာက်) ၉ချက်ချုပ်လိုက် ရပါတယ်။ဒဏ်ရာနက်ပြီးပါးရိုးထိပါတယ်။ မျက်လုံးမထိတာ အလွန်ကံကောင်းပါတယ်။ မျက်မှန်ကတော့ ကားနောက်ခန်းထိ လွင့်စင်သွားပါတယ်။ ဒါ လူသတ်မှုပါ၊ လူကိုသေစေနိုင်လောက်တဲ့အထိ မောင်းနေတဲ့ကားကို မှောက် သွားစေနိုင်လောက်တဲ့အထိ၊ မိုက်ရိုင်းယမ်းကားမှုပါ” ဟု ၎င်း၏ လူမှုကွန်
ယက်စာမျက်နှာတွင်ရေးသားထားသည်။ 

ယင်းကိစ္စနှင့်ပတ်သက်၍ အမှုဖွင့်ထားခြင်းမရှိပဲ စစ်ကိုင်းမြို့နယ်၊ ကန့်တလူ ရဲကင်းတွင် အသိပေး အ ကြောင်းကြားထားကြောင်း၊ စစ်ကိုင်းမြို့နယ်၊ ကျောက်ဆည်ကျေးရွာအနီး၊ လွန်ခဲ့သော တစ်နှစ်ခန့် က လည်း အဆိုပါဖြစ်စဉ်မျိုးဖြစ်ပွားခဲ့ ဖူးကြောင်း စစ်ကိုင်းမြို့နယ် ရဲတပ်ဖွဲ့ထံမှသိရသည်။

         စာရေးဆရာ ညီမင်းညိုနှင့် ကဗျာဆရာ ထွဏ်းသွေးအိမ်တို့သည် စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့နယ်၊ စည်ကြီးကျေးရွာတွင် အောက်တို ဘာလ ၆ ရက် ညနေက စာပေဟောပြောပွဲပြီး၊ ပြန်အလာတွင် ယင်း ကဲ့သို့ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။