26 October 2017

မရမ်းကုန်း KBZ ဘဏ်တွင် ငွေလာအပ်သူထံမှ ငွေစက္ကူအတု သိန်း၂၀ ကျော်ဖိုး ဖမ်းမိ


26 October 2017 16:58(+0630) (လွန်ခဲ့သော 2 နာရီ ခန့်က)
အောက်တိုဘာလ ၂၅ ရက်နေ့ နေ့ လည် ၁၁ နာရီ ၂၀ မိနစ်ခန့် က ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ် KBZ ဘဏ်ခွဲသို့ ငွေလာအပ်နှံသူ အမျိုးသား(၁) ဦးထံမှ ငွေကျပ် သိန်း ၂၀ ကျော် တန်ဖိုးရှိ တစ်သောင်းတန်၊ ငါးထောင်တန်၊ တစ်ထောင်တန် ငွေစက္ကူအတုများကို ဖမ်းဆီးရမိခဲ့ကြောင်း သိရပါသည်။

ဖြစ်စဉ်မှာ မရမ်းကုန်းမြို့နယ် (၅) ရပ်ကွက်ရှိ KBZ ဘဏ်ခွဲသို့ ယမန်နေ့နေ့ လည် ပိုင်းက မင်္ဂလာတောင်ညွှန့် မြို့နယ်၊ ကန်တော်လေးတောင်ရပ်ကွက်နေထိုင်သူ စိုးမိုးနိုင် (ဂျပန်စက်ဘီးမျိုးစုံနှင့် လျှပ်စစ်မော်တာဘီးရောင်းဝယ်ရေး) လာရောက် အပ်နှံသည့် ငွေကျပ် ၃၅ သိန်းအနက်မှ ၁၀,၀၀၀ ကျပ်တန် ငွေစက္ကူအတု(၉၈)ရွက်၊ ၅,၀၀၀ ကျပ်တန်ငွေ စက္ကူအတု (၁၈၂)ရွက်၊ ၁,၀၀၀ ကျပ်တန် ငွေစက္ကူအတု (၁၂၉)ရွက် တို့အား ဘဏ်ဝန်ထမ်းများက စိစစ်တွေ့ရှိခဲ့၍ မရန်ကုန်းမြို့ နယ် ရဲတပ်ဖွဲ့ မှ တပ်ဖွဲ့ ဝင်များက သွားရောက် သိမ်းဆည်းခဲ့ကြောင်း သိရသည်။

        အဆိုပါ ငွေစက္ကူအတုများကို မှုခင်းရဲတပ်ဖွဲ့မှ စိစစ်ခဲ့ရာ နိုင်ငံခြားစက္ကူ အမျိုး အစားဖြစ်ပြီး စက္ကူသားချောနေခြင်း၊ အတုသည်အစစ်ထက် အလျားနှင့် အနံ (၁) မီလီမီတာ စီတိုခြင်း၊ အက္ခရာ/ဂဏန်းများ အရောင်မှေးမှိန်ခြင်း၊ ရုပ်ပုံ/တန်ဖိုး ရေစာ ပုံရိပ်သဏ္ဍာန်သာ ပါရှိခြင်း၊ လုံခြုံရေး ကြိုးခရမ်း/ငွေမှင်ရောင်သာပါရှိပြီး အရောင်ြေ ပာင်းလဲမှု မရှိခြင်း၊ ကာလာပရင်တာနည်းဖြင့် တုပထာတာဖြစ်ပြီး လျှို့ဝှက်ချက်များ မပါရှိကြောင်း သိရသည်။

ငွေစက္ကူအတုများ ဝင်ရောက်ရာလမ်းကြောင်းကို ရဲတပ်ဖွဲ့မှ စစ်ဆေးလျက်ရှိပြီး ငွေစက္ကူ အတုများအပ်နှံသူ စိုးမိုးနိုင်အား မရမ်းကုန်းမြို့မရဲစခန်းမှ (ပ) ၉၃၀/၂၀၁၇၊ ဗဟိုဘဏ် ဥပဒေပုဒ်မ ၁၀၅/၁၀၆ ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း ပြည်ထဲရေး ၀န်ကြီး ဌာန၏ သတင်းထုတ်ပြန်ချက် အရ သိရပါသည်။

သစ်ထူးလွင်