17 October 2017

“MOU ပွဲစားလောကနှင့် အ.ည.လ တို့မြှုပ်ကွက်များ”



                                 
၁၇.၁၀.၂၀၁၇
ရွှေလုပ်သား


          လူပို့ပွဲစား ထိုင်းလူမျိုး ဖါခင် နဲ့ မြန်မာအေဂျင်စီ ရွှေစင်ကိုးပွင်ကုမ္ပဏီတို့ ၂၀၁၇ ခုမတ်လက တင်ပို့ ခဲ့တဲ့ အလုပ်သမား ၁၀၂ ဦးအလုပ်ထုတ်ခံရလို့ ထိုင်းနိုင်ငံ မဟာချိုင်အခြေစိုက် AAC မဟာမိတ်အဖွဲ့ က မြ၀တီသို့လာပို့ခဲ့တယ်။ 


  အလုပ်သမားတစ်ဦးစီ ကျပ် ၁၀ သိန်းကျော်ပေးခဲ့ရပေမယ့် ကျပ်ငွေ ၃သိန်းစီပြန်ပေး တာကိုပဲ ကျေနပ်ခဲ့ကြရတယ်။ အလုပ်သမားတွေမှာအရင်းရောအတိုးပါမကျေခဲ့ကြပါ။

         ဒီအလုပ်သမား ၁၀၂ ဦး မတရားအလုပ်ထုတ်ခံလာရတဲ့ အချိုရည်စက်ရုံက အလုပ်သမားခေါ်စာနဲ့ပဲ ရွှေမြန်မာစံကုမ္ပဏီနဲ့ ထိုင်းပွဲစားဖါခင်နဲ့ အလုပ်သမား၂၀၀ပို့ဖို့ စာချုပ်ချုပ်ပြီးအပြန် ကော့ကရိတ်မြို့အ၀င် လှိုင်ဝစစ်ဆေးရေးဂိတ်မှာ အောက်တိုဘာ လ ၁၀ ရက်နေ့မှာ မြန်မာအာဏာပိုင်တွေက ဖမ်းဆီးလိုက်ပါတယ်။

           ထိုင်းနိုင်ငံမှာ ဆောက်လုပ်ရေးကန်ထရိုက်၊ နာနတ်သီးရုံနဲ့ အချိုရည်အလုပ်ရုံ တစ်ခုခု ချိပ်ထားရုံနဲ့ အလုပ်သမားအသွင်းအထုတ်လုပ်စားလို့ ချမ်းသာနေတဲ့ မြန်မာနဲ့ ထိုင်းအေဂျင်စီတွေများစွာရှိပါတယ်။ ဒီလို ပွဲစားအေဂျင်စီမျိုးက အ.လ.ည အာဏာပိုင် နဲ့ပေါင်းထားပြီး လအနည်းငယ်ကြာတာနဲ့အလုပ်သမားကို ထုတ် ပစ်ပြီး အလုပ်သမား အသစ်ထပ်မံခေါ်ယူပြီး အမြတ်ထုတ် (လူကုန်ကူး) တာဖြစ်ပါတယ်။

အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားပြည်ထောင်စုဝန်ကြီး ကို မေးချင်တာက…..

(၁) ဘန်ကောက် အလုပ်သမားသံအရာရှိ…
     ဘန်ကောက်မှာထိုင်တဲ့ အလုပ်သမားသံအရာရှိတွေကလည်း ၂နှစ်စာချုပ်ချုပ် ထားတဲ့ အလုပ်ရုံတစ်ခု ၃လလောက်မှာပဲ အလုပ်သမားခေါ်စာ Demand letter လာတင်ရင်လည်း ထောက်ခံလက်မှတ်ထိုးပေးလိုက်တာပါပဲ။ 

      အလုပ်သမားတင်သွင်းထားတာလပိုင်းသာရှိသေးတဲ့ အလုပ်ရုံက အလုပ်သမား ခေါ်စာထပ်တင်တယ်၊ ဒါဟာ အလုပ်ရုံတိုးချဲ့တာလား၊ အလုပ်သမားတွေကို မောင်း ထုတ်ပြီး နောက်ထပ်အသစ်သွင်း ဖို့လုပ်တာလားဆိုပြီး အလုပ်သမားတွေရဲ့အခြေ အနေကို သိရှိအောင်စုံစမ်းသင့်ပါတယ်။ အလုပ်ရုံကို သွား ရောက် စစ်ဆေးသင့်ပါ တယ်။ ယခုဖြစ်စဉ်မှာ အလုပ်သမားသံအရာရှိတွေ တာဝန်ပျက်ကွက်ခဲ့ပါတယ်။

       အလုပ်သမားသံအရာရှိရုံးမှာ ပွဲစားမ၀င်ရလို့စာကပ်ထားပေမယ့် အလုပ်သမား တစ်ဦးအတွက် ဘတ်ငွေ ၁၀၀ စီထည့်ဖို့ ဘဏ်ကို လျှို့ဝှက်ပေးထားပါတယ်။ အောက် ထပ်က စာရွက်စာတမ်းလုပ်ပေးတဲ့ တရားမ၀င်ဝန်ထမ်းတွေကို မုန့်ဖိုးဆိုပြီး ဘတ်ငွေ နှစ်ထောင်သုံးထောင်မျိုးပေးရပါတယ်။ ဒါမှ Demand  လက်မှတ်ထိုးလို့ထွက်လာပါ တယ်။  


(၂) ပွဲစားဖါခင်နဲ့ ဘားအံအခြေစိုက် အ.လ.ည ညွှန်မှူး…..
      ထိုင်းနိုင်ငံအတွင်းသို့ အလုပ်သမားတင်သွင်းခွင့်ပြုထားသူဟာ ထိုင်းလုပ်ငန်းရှင် ကိုယ်တိုင်ဖြစ်ရမယ်။ ဒုတိယအမျိုးအစားက အလုပ်သမားတင်သွင်းရဖို့အတွက် အာ မခံ ဘတ်ငွေ ၅သန်း တင်ထားတဲ့ကုမ္ပဏီ ဖြစ်ရပါတယ်။ ဒီစည်းကမ်းချက်ဟာ ထိုင်း အစိုးရက ၂၀၁၆ ခု မတ်လ ကတည်းက တရားဝင်သတ်မှတ်ထားတာဖြစ်ပါတယ်။

         ဘားအံကို လာရောက်စာချုပ်ချုပ်ဆိုတဲ့ ပွဲစားဖါခင်ဟာ အထက်ဖေါ်ပြပါ အင်္ဂါရပ် ၂ခုနဲ့ပြည့်စုံသူဖြစ် သလား၊ သူဟာ ကရင်ပြည်နယ်မြို့တော် ဘားအံ အလုပ် သမားဝန်ကြီးဌာနရုံးအထိ လာရောက်စာချုပ်ချုပ် ဆိုစဉ် ဖါခင်ရဲ့ပတ်စပို့ကို ကောစစ်ေ ဆးလိုက်သလား။ ဘာနဲ့စာချုပ်ချုပ်ကြပါသလဲ။  စာချုပ်ချုပ်ပြီး အပြန် မှာအဖမ်းခံရ တယ် ဆိုတော့ ဖါခင်ဝင်လာတဲ့ စာရွက်စာတမ်းတစ်စုံတစ်ရာကိုတောင်မှ ကြည့် လိုက်မိရဲ့လား။ မြန်မာအလုပ်သမားတွေကို ကြိုက်တဲ့ ထိုင်းပွဲစားလာခေါ်၊ ဘားအံ အ.လ.ည ပြည်နယ်မှူး ဦးအောင်ကျော် မင်း ထည့်ပေးလိုက်တော့မှာလား။ အစိုးရ ချင်းတင်ပို့ပါတယ်ဆိုတဲ့ MOU ဆို တာ အ.လ.ည ညွန်မှူးတို့နဲ့ အပေးအယူ တည့်ရင် တည့်သလို လူပို့ခွင့်ရှိပါသလား။  


(၃) အာဏာပိုင်များတဲ့ မြ၀တီအာဏာပိုင်များ
     ပွဲစားဖါခင် ကို နယ်ခြားစောင့်တပ်က ဗိုလ်မှူးခင်မောင်ဝင်း နဲ့ မြန်မာအာဏာပိုင် အချို့ကဖမ်းဆီးပြီး မြ၀တီမြို့နယ်ရဲစခန်းမှာအမှုဖွင့်တဲ့အခါမှာလည်း မြ၀တီ ရှေ့နေ များ ကွန်ယက်အကူညီယူပြီးအမှုဖွင့်တော့မှ တရားမ၀င်နယ် စပ်ဖြတ်ကျော်မှု လ၀က အက် ၁၃/၁ အမှုဖွင့်ထားကြောင်းသိရှိရပါတယ်။ 

     ဖြစ်သင့်တာက ရာချီတဲ့အလုပ်သမားတွေကို နိုင်ငံခြားတိုင်းပြည်တစ်ခုသို့ တင်ပို့ တဲ့ကိစ္စ ပြဿနာပေါ်လာတဲ့အခါ ဒီပွဲစားဖါခင်ကို (အ.လ.ည အပြင် လ.၀.ကနဲ့လူကုန် တားတို့ကပါ သေချာစိစစ် လုပ်ဆောင်သင့်ပါတယ်။ အခုကြားရတဲ့သတင်းက ထိုင်းနိုင် ငံသားမို့လို့ ဘာအမှုနဲ့မဖွင့်ရဆိုလားပဲ။ 

             ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေခင်ဗျား၊ အကျင့် ပျက်ခြစားလာဘ်စားမှု တွေနဲ့ သရဲမကြောက် သစ္ဆေမကြောက် လာဘ်စားပြီး တာဝန် မကျေဖြစ်နေကြတဲ့ လူကြီး မင်းရဲ့ဝန်ထမ်းတွေကို သေသေချာချာ ပညာပေးခြင်း အားဖြင့် တစ်လ ကို မြန်မာ အလုပ်သမားပေါင်း နှစ်သောင်းနီးပါး ပို့ဆောင်နေ တဲ့ MOU လုပ်ငန်းစဉ်ကို သေသေ ချာချာအကောင်အထည်ဖေါ်လိုပါတယ်။

     တိုးတက်တဲ့တိုင်းပြည်တွေမှာတော့ ပြဿနာတစ်ခုပေါ်လာရင် ဖုံးကြဖိကြတာ မျိုးမလုပ်ပဲ နောက်ထပ် မဖြစ်အောင် ယိုပေါက်တွေ၊ အားနည်းချက်တွေကို လေ့လာ သုံးသပ်ကြပါတယ်။ ပြစ်မှုကျူးလွန်သူ တာဝန် ပေါ့လျှော့သူတွေကို ပြစ်ဒဏ်ချမှတ်ကြ ပါကြောင်း တင်ပြအပ်ပါတယ်။