29 October 2017

ရခိုင်ပြည်နယ်သို့ အကြမ်းဖက်လုပ်ရန် ၀င်ရောက်ခဲ့သူ တစ်ဦးအပါအ၀င် အစ္စလာမ်မစ်အကြမ်းဖက်သမား လေးဦးကို ဗုံးများနှင့် အတူ ဘင်္ဂလာဒေ့ရှ်တွင်ဖမ်းမိ


29 October 2016 16:59(+0630) (၁ နှစ် ခန့်က)

နိရဉ္စရာ၊ အောက်တိုဘာ ၂၉

ဘင်္ဂလာဒေ့ရှ် ရဲတပ်ဖွဲ့မှ တရားမ၀င် အကြမ်းဖက်အဖွဲ့ - ဟာကတူရ် ဂျီဟဒ် အယ်လ် အစ္စလာမ်မီ ဘင်္ဂလာဒေ့ရှ် (ဟူဂျီ-ဘီ) - Harkatul Jihad al Islami, Bangladesh (Huji-B) အဖွဲ့ဝင်ဟု သံသယရှိသူ ၄ ဦးကို ဓါတ်ဆီဗုံး ၁၄ လုံး၊ အကြမ်းပြုလုပ်ထား ဗုံးလေးလုံးတို့နှင့်အတူလွန်ခဲ့သော ကြာသပတေးနေ့က ဖမ်းဆီးမိသည်ဟုသိရ သည်။

        ဖမ်းဆီးခံရသူများမှာ ရှာဟိန်းဒူလာ (Shahidullah) (၄၃) နှစ်၊ အာမီနှုရ်ဟုတ် (Aminul Haq) (၄၉) နှစ်၊ ကိုင်ရုလ်အစ္စလာမ် (Khairul Islam) (၂၆)နှစ်နှင့် ဂိုလန် ကီဘာရီယာ ခန် (Golam Kibria Khan) (၂၅) နှစ်တို့ ဖြစ်ကြပြီး သူတို့အား ဂါဇီပူရ် မြို့နယ် Joydevpur တောထဲရှိ လူသူမရှိသော တဲအိမ်တစ်ခုကို ရဲတပ်ဖွဲ့မှ ၀င်ရောက် စီးနင်းစဉ် ဖမ်းဆီးမိကြောင်း ဂါဇီပူရ်ရဲဌာနမှ ရဲမှူး Harun-or-Rashid ပြောကြားသည်။

     ဂါဇီပူရ် ရဲတပ်ဖွဲ့မှ သတင်းစာရှင်းလင်းပွဲတစ်ခုအား ၎င်းတို့ရုံးခန်းတွင် ပြုလုပ်ရာ ဖမ်းမိသောလေးဦး အထဲမှ ရှာဟိန်းဒူလာဆိုသူသည် ရခိုင်ပြည်နယ်သို့ အကြမ်းဖက် လုပ်ငန်းများ လုပ်ဆောင်ရန် သွားရောက်ခဲ့သူ ဖြစ်ကြောင်း ကနဦး စစ်ဆေးမေးမြန်း စဉ် ၀န်ခံပြောကြားသည်ဟု ဆိုသည်။

သတင်းထောက်များက ရခိုင်ပြည်နယ်တွင် ရက်ပေါင်းမည်မျှ နေထိုင်ခဲ့ပါသလဲဟု ရဲမှူး Harun-or-Rashid မေးမြန်းရာ ဖမ်းဆီးခံထားရသူ ရှာဟိန်းဒူလာက တစ်ခါ မေးမြန်း စဉ် သုံးလဟုလည်း ပြောကြောင်း၊ နောက်တစ်ခါ ခြောက်လဟုလည်း ပြောကြောင်း၊ ဖြေကြားမှုမှာ ကွဲပြားမှုများရှိနေကြောင်း၊ အသေအချာ စစ်ဆေးမေးမြန်းပြီမှသိရမည် ဖြစ်ကြောင်း ပြောကြားသည်။

      ဖမ်းဆီးခံရသူ လေးဦးသည် ဘင်္ဂလာဒေ့ရှ် လက်ရှိ အစိုးရအား အကြည်အညို ပျက်စေသည့် လုပ်ရပ်များကို ဆောင်ရွက်ရန် စီစဉ်နေသူများ ဖြစ်ပြီး လေးဦးထဲမှ ကိုင်ရုလ်အစ္စလာမ် (၂၆)နှစ်နှင့် ဂိုလန် ကီဘာရီယာ ခန် (၂၅) နှစ်တို့မှာ ဂါဇီပူရ်ရှိ အစ္စလာမ်မစ် နည်းပညာ တက္ကသိုလ်မှ ကျောင်းသားများ ဖြစ်ကြသည်ဟု ဆိုသည်။

သူတို့နှစ်ဦးသည် ပေါက်ကွဲစေတတ်သော ဗုံးများကို ပြုလုပ်လေ့ရှိသည်ဟု ဘင်္ဂလာရဲက ပြောသည်။

(Source: The Daily Star)
Narinjara