20 October 2017

ဒေါ်အောင်ဆန်းစုကြည်က ဘင်္ဂလားဒေ့ရှ်အစိုးရကို ပညာ စပေးနေပြီ


ဒုက္ခသည် အားလုံးကို ၁၉၉၃က (အသုံးပြုသော) မူများ အတိုင်း ပြန်ခေါ်ပါမယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြားပါတယ်။ ၂၈-၄-၁၉၉၂ မြန်မာ – ဘင်္ဂလားဒေ့ရှ့် MOU မှာ ၎င်း စိစစ်ရေး အချက်များ ပါဝင်ပါတယ် ။


ထွက်ပြေးဘင်္ဂလီတွေ ပြန်လက်ခံဖို့ ကိစ္စမှာ.. “၁၉၉၃ က (အသုံးပြုသော) မူများ အတိုင်း ပြန်ခေါ်ပါမယ်” လို့ ဒေါ်အောင်ဆန်းစုကြည် က (မထင်မှတ်ဘဲ) ထုတ်ပြော လိုက်တဲ့ အတွက် ဘင်္ဂလားဒေ့ရှ် အစိုးရ အတွက် ခေါင်းခဲစရာ အနေအထားသို့ ချက်ချင်း အခြေအနေ ပြောင်းလဲ သွားတာကို တွေ့ရပါတယ်။

ဘင်္ဂလားဒေရှ် အတိုက်အခဝ ခေါင်းဆောင် (သမ္မတဟောင်း) ဟူစိန်မိုဟာမက် အာဆတ် ကိုယ်တိုင်က – ဒေါ်အောင်ဆန်းစုကြည်ရဲ့ “၁၉၉၃ သဘောတူညီချက် နဲ့ ပြန် လက်ခံမဲ့မူ” ရဲ့ အကျိုးဆက်ကြောင့် ဘင်္ဂလားဒေ့ရှ် အနေနဲ့ ဘင်္ဂလီ ဒုက္ခသည်ေ တွကို ပိုက်ဘော မိတော့မဲ့ အနေအထားနဲ့ ဟာစီနာ အစိုးရ အနေနဲ့ ဖြေရှင်း ပေးရေ တာ့မဲ့ လုပ်ငန်းစဉ် တွေကို ပြောကြားထားတာကို ဘင်္ဂလားဒေ့ရှ် သတင်းစာ Dhaka Tribune မှာ အခုလို ဖေါ် ပြထားပါတယ်။

မြန်မာအစိုးရ အနေနဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို ဘယ်တော့မှ ပြန်ခေါ်မှာ မဟုတ် ဘူး လို့ ကျွန်တော်ယုံတယ်၊ သူတို့အတွက် တာဝန်ယူပေးရမယ် ပြီးတော့ သူတို့ကို အစားအသောက်နဲ့ နေစရာတွေ ထောက်ပံ့ပေးရမယ်” ဟု အာဆတ် က ပြောကြား သည်။ “ဒုက္ခသည် အားလုံးအတွက် နေစရာ ဆောက်ပေးဖို့ ခက်ခဲမယ် ဆိုရင်တောင် သူတို့ အမြဲတမ်း နေထိုင်ဖို့ အစီအစဉ်တွေ စလုပ်ဖို့ လိုပါတယ်။ မြန်မာနိုင်ငံတွင် နေ ထိုင်ခဲ့ကြောင်း သက်သေ အထောက်အထား ရှိသူများကို ပြန်ခေါ်မည်ဟု မြန်မာနိုင်ငံ ဘက်က ပြောဆို ထားချိန်တွင် အာဆတ်က ဒုက္ခသည် အနည်းငယ်ကိုသာ ပြန်ခေါ် ဖွယ်ရှိကြောင်း ထောက်ပြခဲ့သည်။

        “ရိုဟင်ဂျာတွေက ID ကတ်တွေ၊ ဗီဇာတွေ ဘာ တစ်ခုမှ ယူမလာဘူး။ အဲဒီ ထောင်ပေါင်းများစွာထဲက နည်းနည်းကိုတောင် ပြန်ခေါ်ဖို့ ဘယ် ဖြစ်နိုင်ခြေရှိပါ့မလဲ။ နောက်ဆုံးတော့ ကျွန်တော်တို့ ကပဲ သူတို့ (ရိုဟင်ဂျာ) ကို တာဝန် ယူပေးရမှာပေါ့” ဒုက္ခသည် အားလုံးကို ၁၉၉၃က (အသုံးပြုသော) မူများ အတိုင်း ပြန်ခေါ်ပါမယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြားမှုအတွက်-

1993 verification process အရ ဘင်္ဂလီဒုက္ခသည် အများစု မြန်မာပြည်ကို ပြန်ပို့ဖို့ မဖြစ်နိုင်ကြောင်း နဲ့ 1993 principle သဘောတူညီချက်က မြန်မာတွေ အတွက် တစ်ဖက်သတ် အသာစီး ရထားတဲ့ အကြောင်း ကို –

လက်ရှိအချိန်မှာOIC (၅၇) နိုင်ငံရဲ့ ဖိအား EU UK နဲ့ US အပါအဝင် ကမ္ဘာ့နိုင်ငံကြီးေ တွ ရဲ့ဖိအား မျိုးစုံ ပေးခြင်း ခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည် ဆီကနေ (ရိုလော်ဘီေ တွ စိတ်ကြိုက်) လိုက်လျောမှု တွေရလာမယ်လို့ ဟာစီနာတို့ ဘင်္ဂလားဒေ့ရှ် ဘက်က အပိုင် တွက်ပြီးသား။ ဒါပေမဲ့ .. ဒေါ်အောင်ဆန်းစုကြည် ဆီက (မထင်မှတ်ထားတဲ့) ထွက်ပြေး ဘင်္ဂလီတွေကို ၁၉၉၃ သဘောတူညီချက်နဲ့ ပြန်လက်ခံဖို့ ပြတ်ပြတ်သား သား ပြောလာတဲ့ အပေါ် —

ဒုက္ခသည် အရေအတွက်ကို အမျိုးမျိုး စာရင်းပိုပြပြီး ကမ္ဘာကို မျက်ရည် အချူတော်တဲ့ မူယာမာယာ ဘွားတော် ဟာစီနာတော့ ဘယ်လို ယောက်ယက်ခတ်နေမလဲမသိဘူး။ ဘင်္ဂလားဒေ့ရှ် နိုင်ငံကပုဂ္ဂိုလ်တွေ အချင်းချင်းကြားမှာတော့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ ပြောကြားချက် (၁၉၉၃ သဘောတူညီချက်) ကို လက်ခံရခက် ငြင်းရခက်နဲ့ အကြီး အကျယ် ခေါင်းစားအကြပ်ရိုက်နေကြတာကတော့အသေအချာပါဘဲ။ ဘဘဦးဝင်းတင် ပြောခဲ့တဲ့ “ဒေါ်အောင်ဆန်းစုကြည်ကို မခန့်မှန်းနဲ့”ဆိုတဲ့ စကားကိုဘဲ ပြန်ကြားနေ မိတော့တယ် …။

Credit to Andrew Kaung
Photo by original uploader