31 October 2017

တွေ့ကြ ၊ ပြောကြရပြန်ပြီ





ညနေ ၃၀၀နာရီ ၊ ၃၀ .၁၀ .၂၀၁၇ ၊ စစ်တွေဟိုတယ် ။
တွေ့ပြောကြသူများ..
( ကန် ) Nancy Lindbirg, President, US institute of peace နှင့် အဖွဲ့

( ခိုင် ) ဦးသာပွင့် ၊ ဦးသန်းထွန်း ။
မည်သည့်အဖွဲ့အစည်းကိုမျှ ကိုယ်စားပြု ခြင်းမဟုတ်ဘဲ ပုဂ္ဂိုလ်ရေး သီးသန့် ဖိတ်ခေါ်တွေ့ဆုံခြင်း ။


* ဘင်္ဂလီတို့ ဝင်ရောက်နေထိုင်ပုံ သမိုင်းအကျဉ်း ၊
အမည်လိမ် အသုံးပြု ရခြင်းရည်ရွယ်ချက် ၊ လတ်တလော ဖြစ်စဉ်များအကြောင်း တို့ကို ပြောနေကျအတိုင်း ထုံးစံအတိုင်း အကျ ဉ်းချူ ပ် ပြောဖြစ်ကြသည်။

ပြီးနောက်...
( ကန် ) ကိုဖီအာနန်ကော်မရှင်တွင် ဖော်ပြထားသည့် ၁၉၈၂ နိုင်ငံသားဥပဒေ နှင့် ထိုဥပဒေကို နိုင်ငံတကာစံနှင့် အညီ ပြန်လည် သုံးသပ်သင့်သည် ဆိုသည့်ကိစ္စကို မည်သို့ မြင်ပါသနည်း။

( ခိုင်) ကမ္ဘာပေါ်ရှိ နိုင်ငံတိုင်းသည် တည်ဆဲဥပဒေကို လိုက်နာရသည် ။ ကျင့်သုံးရသည် ။ ၁၉၈၂ နိုင်ငံသား ဥပဒေသည် မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေဖြစ်သဖြင့် ထိုဥပဒေအတိုင်းသာ နိုင်ငံသားဖြစ်ခွင့်ရှိသည် ။

၁၉၈၂ နိုင်ငံသားဥပဒေကို ပြု ပြင်ရန်လိုအပ်လာလျင် ပြည်ထောင်စုလွှတ်တော်ကပြု ပြင်ပြီး ပြည်သူ့သဘော ထား အတိုင်းဆောင်ရွက်ပါလိမ့်မည်။ နောက်တစ်ခုက နိုင်ငံတကာစံ ဆိုသည်မှာ အမေရိကန်အပါအဝင် အနောက်နိုင်ငံတို့၏စံနှုန်းကိုသာ ဗဟိုပြုနေကြခြင်းကလည်း တရားမျှတမည်မထင်ပါ။ တရုတ် ၊ အိန္ဒိယ ၊ ရုရှား ၊ ဂျပန် အစရှိသည့် နိုင်ငံကြီးများအပါ အခြားတိုင်းပြည်များ၏ စံနှုန်းများကိုလည်း လေးစား ကြစေလိုပါသည်။

( ကန်) ကိုဖီအာနန် က ယခု ဘင်္ဂလာဒေ့ရှ်ဖက်သို့ ထွက်သွားကြသူများအားလုံးကို ၊ လက်ခံသင့်ပြီး နိုင်ငံသားအဖြစ်အသိအမှတ်ပြုဖို့ ကြိုးပမ်းသင့်သည်ဆိုသည့် အကြံေ ပးချက်ကို သဘောတူနိုင်ပါသလား ။

( ခိုင်) Kofi is not our president and not our leader , only a Counsellor.
ကိုဖီအာနန်သည်ကျွန်တော်တို့သမတ မဟုတ်သလို ခေါင်းဆောင်လဲ မဟုတ်ပါ။ အကြံပေးသူမျှသာဖြစ်၍ သူအကြံပေးသမျှ ကို လိုက်လုပ်စရာလိုအပ်မည်မထင်ပါ ။ မိမိနိုင်ငံအာဏာစက်အောက်မှ မိမိဥပဒေအရသာ ဆောင်ရွက်နိုင်ရပါမည် ။

      ကိုဖီ ပြောသည့်အတိုင်းသာ ဆောင်ရွက်မည်ဆိုလျင် ဒေါ်အောင်ဆန်းစုကြည်၏ အစိုးရအဖွဲ့သည် ဒေသခံ ရခိုင်လူထုအပါအဝင် ပြည်သူအများစု နှင့် အဟကွာသွား စေနိုင်ပါသည်။

( ကန်) ကိုဖီအာနန် ကော်မရှင်မှာ ရခိုင် ၂ ယောက်ပါ သည် မဟုတ်ပါလား ။

( ခိုင်) ပါ ပါသည် ။ သို့သော် ထိုပုဂ္ဂို လ် ၂ဦးသည် ဒေသခံ ရခိုင်လူထုကို ကိုယ်စားပြု သည်ဟု မပြောနိုင်ပါ။ ပြည်ထောင်စုအစိုးရက ဆွဲထည့်ခန့်အပ်ခဲ့ခြင်းသာဖြစ်ပါသည်။

( ကန်) ရခိုင်ဒေသသည် ယခုလို အဆင့်အတန်းနိမ့်ကျ နေမည့်အစား လမ်းများ ကျောင်းများ ဆေးရုံများ ကောင်းကောင်း ၊ ကုနှ်ထုတ်စက်မှုလုပ်ငန်းများဖြင့် ဖွံ့ဖြိုးတိုး တက်စေချင်သည်။ လူကြီးမင်းတို့လည်း နှစ်သက် မည်ထင်ပါသည် ။

( ခိုင်) ရခိုင်မြေကိုအခြားသူထံရောင်းစားခံရပြီးမှ ချမ်းသာလာခြင်းမျိုးကို မလိုလားပါ။ စစ်အာဏာရှင် အစိုးရကို ဖိအားပေးလို၍ ဘင်္ဂလီတို့ကို အသုံးချပြီး လူ့အခွင့်အရေး ရှုဒေါင့်က ထိုအချိန် မြန်မာစစ်အစိုးရကို ပြစ်တင်ခဲ့ကြသည် ။ ယခု US အပါအဝင် အနောက်နိုင်ငံ တို့နှင့် မြန်မာပြည်သားများပါ သဘောကျ ထောက်ခံသည့် DASSK ဦးဆောင်သည့် ဒီမိုကရေစီ အစိုးရ ဖြစ်လာပါပြီ။

ဤအချိန်တွင်လည်း အစိုးရကို ကူညီ ထောက်ပံ့အားပေး ရမည့်အစား ဘင်္ဂလီတို့၏ သတင်းလိမ်များကို သိသိကြီး နှင့် လက်ခံပြီး ပြည်သူ့ဒီမိုကရေစီအစိုးရကို အကျပ် အတည်း ဖြစ်အောင် လုပ်ဆောင်နေကြခြင်း အပေါ်လုံးဝလက်မခံ နားမလည်နိုင်ပါ။
မြန်မာ့ဒီမိုကရေစီသည် အတိမ်းအစောင်မခံသည့် on the margin အနေအထား မှာဖြစ်ပါသည် ။ ရာနှုန်းပြည့်မဟုတ် သည့်တိုင်အောင် ဒီမိုကရေစီစံနှုန်းများသည့် အနောက်တိုင်းဖက်ကို လူတိုင်းယိမ်းချင်ကြပါသည် ။

သို့သော် ရခိုင်ပြည်နယ်တွင်ဖြစ်နေသည့် ဘင်္ဂလီအရေး အပေါ် အနောက်နိုင်ငံတို့၏ ဘက်လိုက်မှုက မြန်မာပြည်ကို တရုတ်ဖက်သို့ လုံးဝချည်းကပ်သွားနိုင်သည်ကိုလည်း သတိပြုကြစေလိုသည်။

( ကန်) ယခုလို အလွန်အရေးကြီးသည့်အနေအထား ရောက်နေသည့် ဘင်္ဂလီကိစ္စကို လူကြီးမင်းတို့ဆိုလျင် မည်ကဲ့သို ဖြေရှင်းကြမည်နည်း ။

( ခိုင်) ဖြစ်နိုင်လျင် ထွက်သွားသူများအား တစ်ယောက်မျှ ပြန်လက်မခံချင် ။ အကယ်၍ မလွဲကင်းသာ ပြန်လည်လက်ခံရမည် ဆိုလျင် ရခိုင်အားလုံးနီးပါးအများစု ဖြစ်စေလိုေ သာ သဘောထားကို ပြောပြပါမည်။

၁။ ရိုဟင်ဂျာ ဆိုသော အမည်လိမ်ကို စွန့်လွှတ်ပါ ။


၂ ။ ဘင်္ဂလီဆိုသောအမည်ဖြင့် နိုင်ငံသားလျှောက်ထားပါ။

၃ ။ဥပဒေနှင့် ညီညွတ်၍ နိုင်ငံသားဖြစ်လာနိုင်သည့် ဘင်္ဂလီတို့သည် ရခိုင်( မြန်မာ) တို့၏ ယဉ်ကျေးမှု အပြုအမူ အတိုင်း နေထိုင်နိုင်ရလိမ့်မည်။ သီးခြားနေရာချထား ပေးရမည်။

၎ ။ ဥပဒေအရ နိုင်ငံသားလုံးဝ မဖြစ်နိုင်သူများကို လုံခြုံရေးစောင့်ကြပ်ထားသောစခန်း ( Camp with security) များဖြင့် ထားရှိရမည်။

( သို့မဟုတ်)
ဝန်ကြီးချူပ် ဟာစိနာ ပြောသလို ဘင်္ဂလာဒေ့ရှ်ပိုင် အိန္ဒိယသမုဒ္ဒရာထဲရှိ ကျွန်းတစ် ကျွန်းတွင် သူတို့ပြောသော ၆သိန်း ခန့်ရှိ ထွက်ပြေးဘင်္ဂလီများကို ထားရရှိပြီးမှ မြန်မာ နိုင်ငံသား ဟုတ်/မဟုတ် စီစစ်စေလိုသည်။

( ကန်) ထို ၆သိန်း ခန့်. ဒုက္ခရောက်ဘင်္ဂလီများကို လူသား ဟူသောရှုဒေါင့်အမြင်မှ ကြည့်ပြီး စာနာသနားလက်ခံသင့်သည်ဟု မထင်ပါလား ။

( ခိုင်) မြန်မာပြည်သည် ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံများထဲမှ တစ်ခုဖြစ်ပါသည်။ ဗုဒ္ဓဘာသာတိုင်းပြည်ပီပီ စာနာသနား တတ်ပါသည်။ သို့သော် နိုင်ငံသားမဟုတ်သည့် ထိုလူ ၆သိန်း ကို နေ့တဓူဝ ကျွေးမွေးဖို့ဆိုသည်မှာ မဖြစ်နိုင်ပါ။

        သနားပါသည်၊လူသားချင်းစာနာပါသည် ဆိုသောUS အပါအဝင် ချမ်းသာ သည့် မူဆလင်နိုင်ငံများအပါအဝင် အခြားအနောက်နိုင်ငံများက ခွဲဝေယူဆောင် ကျွေးမွေးနေ ရာချထားကြလျင် အပြောနှင့် အလုပ်ညီမည် ဖြစ်ပါသည်။

# တွေ့ဆုံချိန် ၁နာရီ၁၅မိနစ် အတွင်း ပြောဖြစ်ခြင်းများ ထဲမှ သိသာသည့် အပြောအဆိုများကိုသာ ဖော်ပြခြင်း ဖြစ်ပါသည်။



( ThanTun)
------------------------------------------------------------------------------------
ယနေ့ ၂၇ .၁၀ .၂၀၁၇ နံနက် ၉း၀၀နာရီ တွင် စစ်တွေဟိုတယ်တွင် ဦးသာပွင့် ၊ ဦးသန်းထွန်း တို့က မည်သည့်အဖွဲ့အစည်းနှင့်မျှ မပက်သက်ဘဲ ပုဂ္ဂလိကသီးသန့် ဖိတ်ကြားမှုအရ ဗြိတိသျှသံရုံးမှ Dr. Gail Marzetti , Head of DFID နှင့် တွေ့ဆုံ သည်။

တစ်နာရီအကြာ တွေ့ဆုံမှုအပြီးတွင် အရေးပါသည့် ပြောဖြစ်ချက် အချို့ ကို ဖော်ပြအပ်ပါသည်။

$$ = Dr. Gail Marzetti
# = ဦးသာပွင့် ၊ ဦးသန်းထွန်း
$$.ရခိုင်ပြည်နယ်ထဲရှိ အားလုံးသောလူ့အဖွဲ့အစည်း
( All communities) ကို အကူအညီပေးမည် ။

ရခိုင်များအတွက် ၅၃% ဖြစ်ပြီး ၊ ကျန်သောအကူအညီကို အခြားလူ့အဖွဲ့အစည်း ကို ပေးအပ်မည့်အပေါ် မည်ကဲ့သို့ သဘောထားပါသလဲဟု မေးမြန်းတီးခေါက် ။

# ၅၃ % ကူညီပေးမည်ဆိုသည်ကို ကျေးဇူးလည်းတင် သလို လက်ခံလိုပါသည်။ သို့သော် ကျန်လူ့အဖွဲ့အစည်း ဆိုသည်မှာ နိုင်ငံသားဖြစ်ရန်လိုအပ်ပါလိမ့်မည်။

ရခိုင်ကို ၅၃ % အကူအညီပေး၍ ကျန်လူ့အဖွဲ့အစည်းများ ကို နိုင်ငံသား( Citizen ) ပေးမည်ကို သဘောတူရမည့် သဘောဆောင်သည့် အပေးအယူ ( Give and Take)
မျိုးကို မည်သည့်ရခိုင်မှ လက်ခံနိုင်ဖွယ်မရှိပါ။

မြန်မာနိုင်ငံသားများကိုသာ ကူညီပေးကြပါ။
အကြမ်းဖက်သမားများကို အားပေးသည့် ကူညီမှုမျိုး မဖြစ်စေလိုပါ။

$$. နှစ်ကာလ ရှည်လျားစွာနေထိုင်လာကြသည့် ထိုဘင်္ဂလီမူဆလင်များ( စစချင်း ရို.. ဟုပြောသည်ကို ဤတွေ့ဆုံပွဲတွင် ထိုအသုံးအနှုန်းကို မသုံးဖို့ ကန့်ကွက်ခဲ့သဖြင့် သူမ ပြောင်းသုံးခြင်း)ကို နိုင်ငံသား အဖြစ် အသိအမှတ်ပြုရန် အစိုးရ နှင့် ရခိုင်လူထုက ငြင်းဆန်နေကြသည်ဆိုတာ ဟုတ်ပါသလား။

# လူတစ်ဦးချင်းစီ နိုင်ငံသားအဖြစ်လျှောက်ထားလာပြီး ၁၉၈၂ နိုင်ငံသားဥပဒေဖြင့် စီစစ်၍ နိုင်ငံသားဖြစ်လာခွင့် ကို မည်သည့်ရခိုင်မျှ ကန့်ကွက်ခဲ့ခြင်းမရှိ ။

ထိုဘင်္ဂလီတို့ကသာ လျှောက်ထားခြင်းလည်းမရှိ၊ အစိုးရက နိုင်ငံသားဖြစ်ခွင့်ရနိုင်ရေး စီစစ်မှုကိုလည်း ဖီဆန်ကြခြင်းသာ ဖြစ်သည်။ မြန်မာနိုင်ငံတွင် တိုင်းရင်းသား ၁၃၅ မျိုးရှိနေ သည်ကို သူတို့က လူမျိုး အမည်လိမ် (Fake name ) ဖြင့် ၁၃၆ ခုမြောက် တိုင်းရင်းသားလုပ်ချင်ပြီး မွေးရာပါ နိုင်ငံသား ဖြစ်ခွင့်တောင်းဆိုမှုကိုတော့ လုံးဝလက် မခံနိုင်။

$$.ှလူသားချင်းစာနာမှု ကို သတိပြုရမည်ဖြစ်ပြီး ၊ နိုင်ငံတကာ အကူအညီများဖြင့် ဘင်္ဂလီတို့လုပ်အားကို အသုံးချ ကာ ဖွံ့ဖြိုးတိုးတက်စေချင်သည်။

# လူသားချင်းစာနာမှုကိစ္စပြောရမည်ဆိုလျင် ဗြိတိသျှ အပါအဝင် ဥရောပ နှင့် အမေရိကန်တို့တွင် ဖြစ်ပျက်နေသည့် မူဆလင်အကြမ်းဖက်မှုများဖြင့် ယှဉ်ထိုးပြီး တိုင်းပြည်ချင်း စာနာစေလိုသည်။

ကမ္ဘာကြီးတွင် ပြည်ပနိုင်ငံများသို့ တရားမဝင် ဝင်ရောက်ရန် ( illigal immigrants ) ကြိုးပမ်းသူ အားလုံးနီးပါးသည် မူဆလင်များဖြစ်ကြပြီး ၊ သူတို့၏ ဘာသာတူ ချမ်းသာ သော OIC တိုင်းပြည်များသို့ အဘယ်ကြောင့် မဝင်ရောက်ကြသနည်း ၊ OIC တို့ က လည်းအဘယ်ကြောင့်လက်မခံကြရသနည်းကိုလည်းစဉ်းစားဆင်ခြင်ကြစေလိုသည်။

ဖွံ့ဖြိုးတိုးတက်မှုကို ရခိုင်အပါအဝင် အားလုံက လိုလားပါသည် ။ သို့သော် ရခိုင်မြေမှာ ရခိုင်လူမျိုးမကျန် ( သို့) ရခိုင်လူမျိုးအနေကျပ်စေမည့် ဖွံ့ဖြိုးတိုးတက်မှုမျိုး ကို သဘောမတူနိုင်ပါ။

ရခိုင်လူမျိုးများ အန္တရာယ်ကင်းစွာ ဖွံ့ဖြိုးတိုးတက်စေမည့် အကူအညီများကိုသာ မျှော်လင့်ပါသည်။ ကူညီကြပါ ။

$$.ဘင်္ဂလာဒေ့ရှ်နိုင်ငံရောက်နေသည့် မြန်မာပြည်မှ ထွက်သွားသူများကို ပြန်လည် လက်ခံရေး ကိစ္စအပေါ် မည်သို့ သဘောထားပါသနည်း။

# နိုင်ငံတော်အတိုင်ပင်ခံကိုယ်တိုင် ဦးဆောင်ပြီး ၁၉၉၃ သဘောတူညီချက် ( 1993 agreement) အရ စီစစ် လက်ခံရန်ဆောင်ရွက်နေသည် ။ လက်ခံမည့်သူ နှင့် လက်ခံ ရန်တွန်းအားပေးနေသူများအား " ပြန်လည်လက်ခံသူများထဲ တွင် အကြမ်းဖက်သမား များ မပါဝင်ပါ " ဟု မည်သူက အာမခံနိုင်ပါမည်နည်းဟု ရခိုင်များကိုယ်စား မေးခွန်း ထုတ်လိုပါသည်။

# ရခိုင်တို့သည် မိမိလူမျိုးအတွက် သဘောထားတင်းမာသူ ( Hard liner ) များ ဖြစ်နိုင်သည်။

သို့သော် အစွန်းရောက် အကြမ်းဖက်သမား ( extremist terrorists )များ မဟုတ်ကြ သည်ကို နားလည်ရန် လိုသလို လက်တွေ့ဖြစ်ရပ်များကလည်း သက်သေပြနေ ပါသည်။
( ThanTun)
LikeShow more reactions