23 October 2017

နယ်ခြားစောင့်ရဲစခန်းသို့ တိုက်ခိုက်ရန် လာသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတစ်ဦးကို ပစ်ခတ်ဖမ်းဆီး


သေဆုံးသူ ဘင်္ဂါလီအမျိုးသားထံမှ ရရှိသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားကဒ်ရှေ့ခြမ်းနှင့် နောက်ခြမ်းပုံ
 
ကွမ်းသီးပင်ချောင်း ဝနယ်ခြားစောင့်ရဲစခန်းသို့ ဓား ကောက်တစ်လက်ဖြင့် ဦးတည် လာသူ အသက်(၅၆)နှစ်အရွယ် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတစ်ဦးကို သေနတ်ပစ်ခတ်၍ ဖမ်းဆီးခဲ့ရ ကြောင်း နယ်ခြားစောင့်ရဲအရာရှိ တစ်ဦးက ပြောသည်။

အဆိုပါဘင်္ဂလားဒေ့ရှ်နိုင်ငံ သားသည် အောက်တိုဘာ ၂၀ ရက်နံနက်က မောင်တော မြို့နယ် ကွမ်းသီးပင်ချောင်းတံတားအောက်မှ ကွမ်းသီးပင်ချောင်းဝ နယ်မြေ စောင့်ရဲ စခန်းသို့ တိုက်ခိုက်ရန် ပြေးလာသဖြင့် တာဝန်ကျကင်း သမားက လက်နက်ငယ်ဖြင့် ပစ် ခတ်ခဲ့ကြောင်း အထက်ပါရဲအရာရှိက ဆိုသည်။

‘‘မျက်မြင်က ဓားကောက်တစ်လက်တည်းဆိုပေမယ့် ခန္ဓာကိုယ်မှာ တခြားဘာတွေပါ လဲဆိုတာ ဘယ်သူမှမပြောနိုင်ဘူး။ ကင်းသမားက ဘယ်သူလဲလို့ အော်မေးတာေ တာင် မဖြေဘဲ တိုက်ခိုက်ဖို့ ပြေးလာတာ ဖြစ်တယ်’’ဟု နယ်ခြားစောင့်ရဲအရာရှိ က ပြောသည်။

ဖမ်းဆီးမိသူ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားကို စစ်ဆေးရာတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ကတ်တစ်ခုနှင့်အသင့်ကိုင်ဆောင်လာသော ဓားကောက်တစ်လက်ကို သိမ်းဆည်း ရမိခဲ့သည်။အလောင်းကို တောင်ပြိုလက်ဝဲမြို့ တိုက်နယ်ဆေးရုံသို့ ပို့ဆောင်စစ်ေ ဆးကာ တောင်ပြို ယာနယ်ခြားစောင့်ရဲစခန်းတွင် အမှုဖွင့်အရေးယူထားသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၁၅ ရက်ကလည်း ဘင်္ဂလားဒေ့ရှ် နိုင်ငံက ထုတ်ပေး ထားသည့် ဒုက္ခ သည်ကတ်ကိုင်ဆောင်ထားသူ အကြမ်းဖက်သမား တစ်ဦးကို မောင်တောမြို့နယ် ရဲအောင် ချောင်းကျေးရွာနှင့် မဲဒီရွာသွား လမ်း၌ အသေဖမ်း မိခဲ့သည်။