15 October 2017

ရခိုင်ပဋိပက္ခ တရုတ်- ရုရှား ကူညီရေး ဟာဆီနာ ပန်ကြား


15 October 2017 03:36(+0630) (လွန်ခဲ့သော 4 နာရီ ခန့်က)
ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ခ်ဟာဆီနာ (နိုဝင်ဘာ ၂၀၁၆)
ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ခ်ဟာဆီနာ က ရိုဟင်ဂျာပြဿနာနဲ့ ပတ်သက်ပြီး ရုရှားနဲ့ တရုတ်နိုင်ငံတွေအနေနဲ့လည်း ကူညီဖြေရှင်းပေးကြဖို့ ရုရှားသမ္မတ ဗလာဒီမီ ယာပူတင် နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ကို စာရေးသားပေးပို့သွားမှာကြောင်း ဘင်္ဂလားဒေရှ့်နိုင်ငံက သတင်းတွေမှာ ဖော်ပြထားပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး ရှာရီယာအာလမ်က ၀န်ကြီးချုပ် ဟာဆီနာရဲ့ အထူးကိုယ်စားလှယ်အဖြစ်နဲ့ ဒီစာကို ယူဆောင်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး အလမ်ဟာ ၀န်ကြီးချုပ် ဟာဆီနာ ရဲ့ အမိန့်နဲ့ ရုရှားနိုင်ငံကို အောက်တိုဘာ ၁၅ ရက်နေ့မှာ ၃ ရက်ကြာ သွားရောက်မှာဖြစ်ပါတယ်။ အဲဒီနောက်တော့ သူဟာ တရုတ်နိုင်ငံကိုခရီးဆက်မှာဖ်ြစါတယ်။

ဒီခရီးစဉ်အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေနဲ့ ရိုဟင်ဂျာပြဿနာနဲ့ ပတ်သက်ပြီး၊ တရုတ် နဲ့ ရုရှားနိုင်ငံတွေရဲ့ ကူညီထောက်ပံ့မှုတွေရအောင် လုပ်ဆောင်သွား မှာဖြစ် တယ်လို့ဆိုပါတယ်။ ရိုဟင်ဂျာတွေကို မြန်မာနိုင်ငံမှာ ပြန်လည်နေရာချ ထားဖို့အတွက် တရုတ်နဲ့ ရုရှားနိုင်ငံတို့ ထောက်ခံမှုကို ရရှိသွားဖို့ဖြစ်တယ် လို့လည်း ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ် နဲ့ မြန်မာနိုင်ငံဟာ တရုတ်နဲ့ ရုရှားနိုင်ငံတွေရဲ့ မိတ်ဆွေနိုင်ငံတွေဖြစ် တာနဲ့အမျှ၊ အဲဒီနိုင်ငံတွေအနေနဲ့လည်း ရိုဟင်ဂျာပြဿနာနဲ့ ပတ်သက်ပြီး ဖြေရှင်းေ ပးဖို့ မြန်မာနိုင်ငံကို စည်းရုံးနိုင်လိမ့်မယ်လို့ ဘင်္ဂလားဒေ့ရှ်ဘက်က ယူဆနေတာဖြစ် ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)