05 October 2017

တိုင်ကြားမှလုပ်ပေးခြင်း အစိုးရပျင်းလုပ်ရပ်ဟု ဦးနေဘုန်းလတ်ဆို

             တိုင်ကြားစာရရှိမှ မြေပြင်တွင် ဆောင်ရွက်ပေးခြင်းသည် အစိုးရပျင်း၏ လုပ်ရပ်သာဖြစ်ပြီး အစိုးရကောင်းသည် တိုင်ကြားစရာမလိုဘဲ မည်သည့်နေရာတွင် မည်သို့ဖြစ်နေသည်ကို မည်သူမှ မတိုင်ကြားရဘဲ သိရှိရန်လိုအပ်သည်ဟု ရန်ကုန် တိုင်းဒေသကြီး သင်္ဃန်းကျွန်းလွှတ်တော်ကိုယ်စားလှယ် ဦးနေဘုန်းလတ်က ပြော ဆိုသည်။



        စက်တင်ဘာ ၂၉ ရက်တွင်ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် ဦးနေဘုန်းလတ်၏ မေးခွန်းကို ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး၏ ပြန်လည်ြေ ဖကြား ချက်နှင့်ပတ်သက်၍ လွှတ်တော်အပြီးတွင် ၎င်းက အထက်ပါအတိုင်း ဝေဖန် ကာ မီဒီယာများသို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

ဦးနေဘုန်းလတ်က ရန်ကုန်မြို့ရှိ လမ်းများ၊ ရေမြောင်းများပေါ်တွင် ကျူးကျော်မှုများကို စီမံချက်ဖြင့် တစ်ပြိုင်တည်းဖြေရှင်းရန်အတွက် လွှတ်တော်တွင် မေးခွန်းမေးမြန်းခဲ့ခြင်း ဖြစ်ပြီး ဦးမောင်မောင်စိုးက တိုင်ကြားမှုများကို အလေးထားစစ်ဆေးနေကြောင်းနှင့် စည်ပင်က ကျူးကျော်မှုများကိုရှင်းလင်းပြီး နောက်ပိုင်းတွင် ပြန်လည်ကျူးကျော်မှု မရှိစေရန်အတွက် တာဝန်ခံသည့်လူ လိုအပ်နေကြောင်း ပြန်လည် ဖြေကြားခဲ့သည်။

“အစိုးရကောင်းဆိုတာ တိုင်စရာ မလိုဘူး။ ဘယ်နေရာမှာ ဘာဖြစ်နေလဲ ဘယ်သူမှ Information မပေးဘဲသိနေရမယ်” ဟု ဦးနေဘုန်းလတ်ကဆိုသည်။အစိုးရ မှ ရပ် ကွက်အုပ်ချူပ်ရေးမှူးများ၊ စည်ပင်အုပ်ချုပ်ရေးမှူးရုံးများခန့်အပ်ထားခြင်းသည် ရက်ကွက် များထဲတွင် လမ်းကျူး၊ ရေမြောင်းကျူးကျော်ခြင်း စသည့် သတင်းအချက်လက် များကို သိရှိဆောင်ရွက်ရန် ခန့်အပ်ထားခြင်းဖြစ်ကြောင်း ၎င်းကဆက် လက်ပြောကြားသည်။

       ပြည်သူပိုင်မြေနေရာကို အဆောက်အအုံများ အခိုင်အမာမဆောက်ခင်ကပင် စည်ပင်ကဖြေရှင်းပေးရမည်ဖြစ်သော်လည်း အဆောက်အအုံ၊ ခြံစည်းရိုး အခိုင်အမာ တည်ဆောက်ပြီး ကျူးကျော်သည့်တိုင်အောင် စည်ပင်ကအရေးယူခြင်းမရှိဟု ၎င်းက ထောက်ပြသည်။

လေးထောင့်ကန်၊ သံသုမာ၊ ရတနာ၊ ဝေဇယန္တာနှင့် သုမင်္ဂလာ စသည့်လမ်းများတွင် ကျူးကျော်တည်ဆောက်ထားသည့် ဈေးဆိုင်နှင့် စီးပွားရေးလုပ်ငန်း ၄၇ ခုကို ရှင်း လင်းပေးခဲ့သည်ဟု ရန်ကုန်မြို့တော်ဝန်ထံမှ သိရသည်။
Credit to The Voice Journal