18 December 2017

နိုင်ငံရေးမျိုးဆက်များပါဝင်မည့် ပါတီကို ရှစ်လေးလုံးပါတီဟု အမည်ပေး


၈၈ ငြိမ်းပွင့်ကို အမည်ပြောင်းလဲဖွဲ့ခြင်းမဟုတ်ဘဲ ရဲဘော်ဟောင်းများအပါအဝင် နိုင်ငံရေးမျိုးဆက်များပါဝင်ကြောင်း ဦးကိုကိုကြီးပြော
နိုင်ငံရေးပါတီဖြစ်မြောက်ရေးကော်မတီက ယမန်နေ့က သတင်းစာရှင်းလင်းပွဲကျင်းပရာ ဦးကိုကိုကြီး ရှင်းလင်းပြောကြားနေစဉ် (ဓာတ်ပုံ−ကျော်ဇင်သန်း)
 ၈၈ မျိုးဆက်များအပါအဝင် နိုင်ငံရေးမျိုးဆက်များပါဝင်မည့်ပါတီ၏ အမည်ကို ရှစ်လေးလုံး ပါတီ (The Four Eight) ဟုပေးထားပြီး ရက်ပိုင်းအတွင်း ရွေးကောက်ပွဲကော်မရှင်သို့ မှတ်ပုံတင်မည်ဖြစ်ကြောင်း နိုင်ငံရေးပါတီဖြစ်မြောက်ရေး ဦးဆောင်ကော်မတီအဖွဲ့ဝင်များကပြောသည်။


အဆိုပါ ကော်မတီအစည်း အဝေးကို သင်္ဃန်းကျွန်းမြို့နယ် ဓမ္မပီယကျောင်းတိုက်တွင် နှစ် ရက်ကြာ ပြုလုပ်ခဲ့ပြီး ဒီဇင်ဘာ ၁၇ ရက်၌ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့သည်။
လက်ရှိ တည်ထောင်မည့် ရှစ်လေးလုံးပါတီသည် ၈၈ မျိုး ဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း)က တည်ထောင် ခြင်းမဟုတ်ကြောင်း ဦးကိုကိုကြီး က သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုသည်။
‘‘အခု ပါတီထောင်တာဟာ ၈၈ ငြိမ်းပွင့်ကို နာမည်ပြောင်းတာ မဟုတ်ဘူး။ ၈၈ ငြိမ်းပွင့်ကို ပါတီ ထောင်လိုက်တာ မဟုတ်ဘူး။ ဒါလေး ကျွန်တော်တို့ အရင်ဆုံးရှင်းပြပါရစေ။ ကျွန်တော်တို့ အခု ဖွဲ့စည်းတဲ့အထဲမှာ ကျောင်းသား၊ တပ်မတော် ရဲဘော်ဟောင်းတွေ ပါသလို နယ်အသီးသီးမှာ ပြန့်ကျဲ နေတဲ့ ၈၈ အင်အားစုတွေ ပါ တယ်။ နောက် ကျွန်တော်တို့ထက် ငယ်တဲ့ မျိုးဆက်တွေ လူငယ် တွေပါသလို ကျွန်တော်တို့ထက် ကြီးတဲ့ အရင် ၇၄ တို့၊ ဘာတို့က ပါဝင်ခဲ့တဲ့ ရဲဘော်တွေပါတယ်’’ ဟု ဦးကိုကိုကြီးကပြောသည်။
ထို့အပြင် ဦးမြအေး အနေ ဖြင့် ရှစ်လေးလုံးပါတီတွင် မပါ ဝင်သော်လည်း တတ်နိုင်သည့် ဘက်က ပါဝင်မည်ဟု ပြောဆို ထားပြီး ဦးမင်းကိုနိုင်အနေဖြင့် ယခင်ကတည်းက နိုင်ငံရေးပါတီ ဘက်ကို အားမသန်ဘဲ အရပ်ဘက်အဖွဲ့အစည်းပုံစံဖြင့် လူငယ် များကို အသိပညာပေးခြင်းများပြုလုပ်နေသောကြောင့် နိုင်ငံရေးပါတီသို့ ပါဝင်မည်မဟုတ် ကြောင်း ဦးကိုကိုကြီးက ၈၈ ငြိမ်း ပွင့် ခေါင်းဆောင်အချို့နှင့် ပတ် သက်၍ ပြောသည်။
‘‘ကျွန်တော်တို့ ပါတီမှတ်ပုံ တင်တဲ့ကိစ္စကလည်း အားလုံး အဆင်သင့်ဖြစ်ပြီလို့ ပြောလို့ရပါ တယ်။ ကျွန်တော်တို့ ပါတီဖွဲ့ စည်းပုံကိုလည်း အတည်ပြုခဲ့ပြီ။ ပါတီအလံ၊ တံဆိပ်လည်း အတည်ပြုချက်ရခဲ့ပြီ။ ပါတီထူ ထောင်သူများ စာရင်းကိုလည်း လျာထားချက် စီစဉ်ပြီးသားဖြစ်နေပြီ ဖြစ်တဲ့အတွက်ကြောင့် အမြန်ဆုံး သုံး၊ လေး၊ ငါးရက်အ တွင်း ပါတီမှတ်ပုံတင် တင်နိုင်ဖို့ ကြိုးစားမှာပါ’’ဟု နိုင်ငံရေးပါတီဖြစ်မြောက်ရေး ဦးဆောင်ကော်မတီအဖွဲ့ဝင် ဦးမင်းဇေယျကပြော သည်။
ရှစ်လေးလုံး ကြွေးကြော်သံ ဒီမိုကရေစီရရှိရေးဆိုသည့် အချက်ကို ယနေ့အထိ ထိထိရောက်ရောက် အကောင်အထည်မဖော်နိုင်သေးသောကြောင့် ပါတီတစ်ရပ် ထူထောင်ရကြောင်း ဦးကိုကိုကြီးက ရှင်းပြသည်။
နိုင်ငံရေးပါတီ ဖြစ်မြောက် ရေး ကော်မတီအနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ဖြစ်စေရန် အဓိကထား ဆောင်ရွက်မည်ဖြစ်ပြီး မူဝါဒနှင့် ကိုက်ညီပြီး အတူလက်တွဲနိုင်မည့် ပါတီများနှင့်လည်း မဟာမိတ်အဖြစ် ဆောင်ရွက်မည်ဖြစ်ကြောင်း ဦး ဆောင်ကော်မတီဝင်များက ပြော သည်။
‘‘ကျွန်တော်တို့ ထောင်မယ့် ပါတီ အဓိကရည်မှန်းချက်က ပြည်သူ့အားကို ရယူပြီး ပြည်သူ့ အပေါ်မှာ ဘယ်လောက်အထိ အ ကျိုးပြုနိုင်မလဲ၊ ပြည်သူ့အကျိုး ကို ဘယ်လောက်အထိ သယ်ပိုး နိုင်မလဲဆိုတာက ကျွန်တော်တို့ ပါတီရဲ့ စွမ်းဆောင်မှုအပေါ်မှာ မူ တည်ပါတယ်။ ပြည်သူနဲ့ပတ် သက်လို့ ကာကွယ်ပေးမှုတွေ၊ အကျိုးဖော်ဆောင်မှု ရလဒ်တွေအပေါ် မူတည်ပြီးတော့ ပြည်သူ့ အားတွေ ကျွန်တော်တို့ ရအောင် ယူမှာပါ’’ဟု ဦးမင်းဇေယျကပြော ကြားသည်။
ရှစ်လေးလုံးပါတီဟု အမည် ပေးထားသည့် ပါတီကို ဦးဆောင် မည့် ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌများကိုမူ ဦးဆောင်ကော်မတီဝင်များက သတင်းစာရှင်းလင်းပွဲတွင် ပြော ကြားခြင်းမရှိပေ။
‘‘ပါတီ တရားဝင်မှတ်ပုံတင် ရပြီဆိုမှ CC  (ဗဟိုကော်မတီ)နဲ့ CEC (ဗဟိုအလုပ်အမှုဆောင် ကော်မတီ)တို့ကို ရွေးချယ်တင် မြှောက်မယ်’’ဟု ဦးမင်းဇေယျက ပြောသည်။
ပါတီအသစ်ဖြင့် ဝင်ရောက် လာမည့် ရှစ်လေးလုံးပါတီသည် ဒီမိုကရေစီတိုက်ပွဲတွင် ပါဝင်ထား သည့်သူများဖြင့် ဖွဲ့စည်းထား သော ပါတီဖြစ်သောကြောင့် အားသာချက် များစွာရှိကြောင်း နိုင်ငံရေးပါတီ ဖြစ်မြောက်ရေး ကော်မတီအဖွဲ့ဝင် ဦးမင်းဇေယျကပြောသည်။
‘‘ကျွန်တော်တို့မှာ အရမ်း ထူးခြားပြီးတော့ အားသာတဲ့ အ ချက်တစ်ချက်ရှိပါတယ်။ အဲဒါ ဘာလဲဆိုတော့ ကျွန်တော်တို့ ထောင်မယ့် ရှစ်လေးလုံးပါတီမှာ ပါဝင်မယ့်လူတွေ အများစုဟာ ရှစ်လေးလုံး မျိုးဆက်တွေပါ။ တစ်နည်းအားဖြင့် ဒီမိုကရေစီ အရေးကို စတင်ပြီးတော့ ကြိုးပမ်း ခဲ့တဲ့ တည်ဆောက်ခဲ့တဲ့ မျိုးဆက် တွေပါ။ ၈၈ ကနေ ယနေ့တိုင် ပြည်သူနဲ့အတူ ပြည်သူ့အရေးကို ပါဝင်လှုပ်ရှားနေတဲ့ မျိုးဆက်တွေ အများစုက အခု နိုင်ငံရေးပါတီ အဖြစ်နဲ့ တရားဝင်ရပ်တည်ဖို့ ပြင် ဆင်နေတာပါ။ ကျွန်တော်တို့ရဲ့ သမိုင်း၊ ပုံရိပ်တွေဟာ ပြည်သူ ကြားထဲမှာ ပျံ့နှံ့နေပြီးသားပါ။ ပြည်သူတွေက ကျွန်တော်တို့ကို ကောင်းကောင်းသိတယ်။ ကျွန် တော်တို့အပေါ်မှာ အများကြီး မျှော်လင့်တယ်’’ဟု ၎င်းကပြော သည်။
ပါတီအလံနှင့် တံဆိပ်ကို လည်း ရွေးချယ်ထားပြီး အဝါ ရောင်နောက်ခံတွင် ၈ ဂဏန်း လေးလုံးဖြင့် ဒီဇိုင်းဆင်ထား သည်။
နိုင်ငံရေးပါတီ ဖြစ်မြောက် ရေးကော်မတီက ရှစ်လေးလုံး ပါတီ အမည်သတ်မှတ်ခြင်းသည် ပြည်သူတစ်ရပ်လုံး ပါဝင်တော် လှန်ခဲ့သည့် ဖက်ဆစ်တော်လှန် ရေးကို မြန်မာ့တပ်မတော်က တော်လှန်သည့်ပုံစံဖြင့် တော်လှန် ရေးနေ့ကို တပ်မတော်နေ့အဖြစ် ပြောင်းလဲသတ်မှတ်ခြင်းနှင့် တူနေပြီး ရှစ်လေးလုံး သမိုင်းဖြစ်ရပ် ကြီးကို အပိုင်သိမ်းပိုက်ခြင်းနှင့် တူနေကြောင်း ဝေဖန်မှုအချို့ လည်းရှိသည်။
နိုင်ငံရေးပါတီ ဖြစ်မြောက် ရေးကော်မတီက ပါတီအမည် သတ်မှတ်နိုင်ရေး ၂၀၁၆ ဇူလိုင် ၁၅ ရက်က စတင်ကာ အဖွဲ့များ ဖွဲ့စည်းခဲ့ပြီးနောက် တစ်နှစ်ခွဲခန့် အကြာတွင်မှ ပါတီအမည် ပေးနိုင်ခဲ့ကြောင်း ပါတီဖြစ်မြောက် ရေး ဦးဆောင်ကော်မတီအဖွဲ့ဝင် ဦးရဲနိုင်ကပြောသည်။