07 December 2017

R2P ပီက ဒီအတိုင်းလာလို့မရဘူး



သုတ ဆောင်းပါးတို
ဂိုလ်ရှယ်လေး
..................................
တကမ္ဘာလုံးက ကုလားတွေ ဒီကနေ့ ကျနော့်ကိုဆဲပါလိမ့်မယ် သို့သော် အမှန်ကို ရေးပါတယ်.။
--------------------------------

ရေးနေကြတာ အများကြီးတွေ့တယ်ကျနော် ပဲ ရုပ်သံဖိုင်တွေ တင်ပေးထားပါတယ် ပြန်ရှာကြည့်ပါ။

ကျနော် မဝေဖန်လိုပါ။ ကျနော်သင်ရဘူးတဲ့ ဘာသာရပ်ထဲကနိုင်ငံတ ကာ လုံခြုံရေးဆိုင်ရာနှင့် ပတ်သက်သော ပြဌာန်းချက်များ (The codes of international security concern) ဆိုတဲ့ အခန်းထဲက ကောက်နုတ်ချက် ရိုးရိုးရှင်းရှင်းလေးပဲ ကျ အမှန်တိုင်းပြောပါ့မယ်။

R2P တကယ်ဝင်ဖို့ လုပ်ရင် အချက် (၃) ချက် တကယ်လုပ်ရပါတယ်
ကျယ်ပြန့်တဲ့ အချက်လည်း ဖြစ်ပါတယ်။

R2P က ခိုးဝင်လို့ မရပါဘူး တကယ်ကြေငြာပြီး ၀င်ရပါတယ်။
ဒါဆိုရင် ဘာအချက် သုံးချက်ကို လုပ်ရသလဲ?

(1) Budget planing committee by alliance forces လို့ခေါ်တဲ့ မဟာမိတ်ပူးပေါင်းနိုင်ငံတွေက ကုန်ကျစရိတ် လုပ်ငန်းစဉ် ကော်မတီကြီးတရပ် အရင်ဆုံး ဖွဲ့ရပါတယ်။

အခု အဲ့ဒီကော်မတီ မရှိဘူး ကျောက်ဖြူရေနက်ဆိပ်ကမ်းက ဆော်ဒီပိုက်ဆံကို တရုတ်က ချေးပြီးဆောက်တာပါ ဆော်ဒီက အိုအိုင်စီမှာ အများဆုံးထည့်ဝင်တဲ့ နိုင်ငံမို့ အားမပေးပါ သူချီးပေးထားတဲ့ ငွေတွေ ပလုံသွားမှာ ကြောက်ပါတယ် သို့ကြောင့် R2P အတွက် ကုန်ကျစရိတ် ထဲမှာ ဥပမာ ဒေါ်လာ ဘီလီယံ ၃၀ လောက်သုံးမယ်ဆိုရင် တောင် နည်းလှပါတယ်။ ဆော်ဒီကုလားလူလည်ပါ မထည့်ဝင်ပါဘူး ။စိတ်ချပါ။

(၂) Military Operational Maneuver Project လို့ခေါ်တဲ့ စစ်ဘက်ဆိုင်ရာ စစ်ဆင်ရေးကိစ္စရပ်များနှင့်ဆိုင်သော လူသူ လက်နက် ယာဉ် ပစ္စည်း ချမှတ်ရေး စီမံကိန်း ကို ဖွဲ့စည်းရပါတယ်။

စစ်ဘက်ဆိုင်ရာနဲ့ ပတ်သက်လို့ အမေရိကန်မလာပါ မြောက်ကိုရီးယားကို မြန်မာထက် ပိုစိတ်ဝင်စားပါတယ်။ ပြင်သစ်နဲ့ ဗြိတိန်က အတွင်း ပေါ်လစီ pocket code လုပ်ထားတာက ပြင်ပ ကုလားတွေကိစ္စကို ၀င်ရောက်မစွက်ဖက်ပဲ ရှောင်ရှားဖို့ပါ ..ဆီးရီးယားကိစ္စမှာ ပြင်သစ်နဲ့ ဗြိတိန်မပါလို့ အမေရိကန် ခဲလေသမျှ သဲရေကျနေရပါတယ်။

(၃) Rehabilitation and humanitarian assistance by lawful order လို့ ခေါ်တဲ့ ပြန်လည်ထူထောင်ရေးနဲ့ ဥပဒေထိမ်းကျောင်းမှုဖြင့် လူသားချင်း အထောက်ပံ့ပေးဆောင်မှု ကော်မတီဖွဲ့ရပါတယ်။

R2P စ၀င်ပြီးထဲက တိုက်မယ် ရှင်းမယ် ဖမ်းမယ် ဆီးမယ်နဲ့ မပြီးပါဘူး အဲ့ဒီတိုင်းပြည်ကို ပြန်လည်ပြီး ထူထောင်ပေးရပါတယ်။ ရမ်းလုပ်လို့ မရပါဘူး။ ရံပုံငွေ အဖွဲ့မရှိဘူး စစ်အင်အးတောက်တောက်တင်းတင်း ဦးဆောင်ပေးမည့် နိုင်ငံကြီးမပါဘူး ဆိုရင် မဖြစ်နိုင်ပါဘူး။

သို့ကြောင့် မြန်မာ စစ်ဘက်က အခု အသံကုန်ဟစ်ပြပါတယ် မကြောက်ဘူး လာခဲ့စမ်းပါ ရှိရှိသမျှလက်နက်နဲ့ ပြုံဆော်ပလိုက်မယ် စတဲ့ အော်ဟစ်ပြမှုတွေက တကယ် R2P လာဖို့ မဖြစ်နိုင်တာကို ကာချုပ် မင်းအောင်လှိုင်တို့ ကာကွယ်ရေး စစ်ရုံးကြီးလက်အောက်မှာ ဖွဲ့ထားတဲ့ စစ်မဟာဗျူဟာနှင့် နိုင်ငံရေး သုတေသန ပညာရှင်များအဖွဲ့က ကျနော် အထက်ဖေါ်ပြပါ အချက်တွေကို ကောင်းကောင်းသိကြပါတယ်။

အခိုင်မာဆုံးထောက်ပြချင်တာက R2P ဆရာကြီးကတော့ ကိုဖီအာနန်ဖြစ်ပါတယ်။ သူပဲ ဒီကိစ္စကို အကောင်ထည်ဖေါ် စာတမ်းတွေ ပြုစုပြီး ကမ္ဘာမှာ ပထမဆုံး တင်ပြခဲ့တာပါ။ အခု ကိုဖီအာနန်ကြီးက ဆော်ဒီနဲ့ အိုအိုင်စီကို မတွေ့ပဲ ရှောင်နေပါတယ်။ မြန်မာပြည်ရခိုင်ဒေသ တည်ငြိမ်ရေးနဲ့ပြန်လည်ထူထောင်ရေး လေ့လားဆန်းစစ်မှု ကော်မတီမှာလည်း ဥက္ကဌ ကြီး ဖြစ်နေတာမို့ ဆရာမနိုင်လို့ R2P ပီကို ခေါ်သွင်းတဲ့ အရှက်နည်းတဲ့ လုပ်ရပ်မျိုး သူမလုပ်ပါ။

ဒီပို့စ်မှာတော့ ကုလားတွေ တော်တော်လာဆဲကြပါမယ်။ အမှန်တရားပဲ ကျနော် ရေးပါတယ် ဘက်မလိုက်ပါ စစ်ဘက်က ရာဇ၀တ်မှု အကြီးကျယ် ကျူးလွန်ထားတာကိုတာ့ တခြားတနည်းနဲ့ ကမ္ဘာက အရေးယူပါလိမ့်မယ်။
အသေချာတွေးမှ မြင်နိုင်ပါတယ်။

ကျနော် အမှန်ပဲ ရေးပါတယ်
ဂိုလ်ရှယ်လေး