16 December 2017

အမြန်လမ်းက အလုပ်သမား ၁၀ ယောက်ကို ပါလာတဲ့ လက်စွပ် ၁၀ ကွင်းနဲ့ ငွေ ၂ သောင်းစီလှူလိုက်တဲ့ ရက်ရောလှတဲ့ အလှူရှင် သူဋ္ဌေးမကြီးပါ


BY MYANMAR LIVEDECEMBER 15, 2017 ·
ထိုအလှူရှင်၏ အမည်မှာ ကိုမိုးနှင်း+ မခင်မာဝင်း [ သား] မောင်ဥာဏ်ထက်အောင် A 1 – ရွှေဆိုင် မိသားစု မီးခွက်ဈေး လို့ သိရပြီး။ ယခုလို မကြာခဏလှူဒါန်းတတ်ပြီး ဘာသာတရားကိုင်းရှိုင်းကာ မရှိဆင်းရဲ သက်ကြီးရွယ်အိုများဘုန်းကြီးသံဃာများ နှင့် လိုအပ်တဲ့နေရာများကို လိုရင် လိုသလို လှူဒါန်းလေ့ရှိပါတယ်။





အလှူရှင်ကြီးရဲ့ အလှူဒါနကို ယခုလို Facebook မှာ သာဓုခေါ်ဆိုနိုင်ရန် ရေးသားထားပါတယ်….ကဲ အမျိုးတို့ရေ့ ,...........................

ဒီတစ်ခါ အလှုခံပုဂ္ဂိုလ်တွေကတော့ မိုင်တိုင်အမှတ် 137 မိုင် 4 ဖာလုံ နားမှာ ကွက်တိတွေ့တာပါပဲ
သူတို့လေးတွေကို အလုပ်သိမ်းလာချိန်လေး မှာ တိုက်ဆိုင်စွာ လှုခဲ့ရခြင်း ဟာလည်း ဆုတောင်းပြည့် တယ်ပဲပြော ရမှာပေါ့လေ ပါလာတဲ့လက်စွပ်ပိစိလေးကလဲ ၁၀ ကွင်း လူကလဲ ၁၀ ယောက် ကွက်တိမှကွက်တိပါပဲလေ၊
သဒ္ဓါကိုနတ်တွေက သိပြီး ကွက်တိများလွှတ်လေရော့လားပေါ့လေ
ကလေးတွေကိုမေးကြည့်တော့လဲ ဂရုဏာသက်စရာပါပဲ တောထဲကြံသွားခုတ်ရတာတဲ့ တနေ့မှမိုးလင်းမိုးချုပ် ၄၀၀၀ တဲ့ တောထဲခြေလျင်သွားပြန် ၂နာရီခန့်လမ်းလျှောက်ကြရတယ်တဲ့ ဖိနပ်ပါသူပါ ခြေဗလာဖြစ်သူဖြစ် လေးတွေ နဲ့ တစ်ကယ့်ဘဝဆိုတဲ့ခရီးလမ်းခက်ခဲစွာ လျှောက်နေရသူလေးတွေပါပဲလား?
မုန့်ဖိုးလေးတွေပေးမယ်ဆိုပြီးမုန့်ဖိုး၂သောင်းစီပေးတော့မယုံနိုင်တဲ့မျက်လုံးလေးတွေနဲ့တစ်ယောက်တလှည့်စီကြည့်ရင်း အုပ်စုထဲက ကလေးတစ်ယောက်က အော်ပြောတယ်

ကြားမိလိုက်တာ လမ်းခရီးသွားရင်း အံတီကြီး တစ်ယောက်က အကျီ င်္တွေမုန့်ဖိုးတွေ ဝေတယ် လို့ကြားဖူးတယ် ဒို့တော့ တွေ့ဖူးပါဘူး ဆိုပြီးပြောနေကြဘူးတာ ခု တော့ တစ်ကယ်ကြီးတွေ့ရပြီတဲ့ဟေ့းးးးတဲ့ ပျော်နေကြတယ် ပျော်နေကြတယ် ကလေးတွေရယ်





ပြန်ခါနီးနှုတ်ဆက်တော့ ဆုတွေပေးပြီး အမေ့ကို ကန်တောနေကြတယ်သိတတ်သူလေးတွေ ကျန်းမာပါစေ ချမ်းသာပါစေ နောင်ဘဝတွေမှာ ခုလိုခက်ခဲပင်ပန်းစွာ ရှာဖွေစားသောက်ခြင်းမှကင်းဝေးပါစေ ချမ်းသာစွာ နေနိုင်စားနိုင်ကြပါစေ ကျန်းမာကြပါစေလို့ ဆုတောင်းပေးရင်း ပျော်မဆုံး နှုတ်ဆက်မဆုံး အပျော်များ စွာနဲ့သူတို့အိမ်ပြန်ခရီး လေး အပျော်တွေ ကူးရင်း တွေးရင်း ပံ့သကူအလှုလေး ဒီတစ်ခါ အောင်မြင်ပြန်ပါပြီ

သာဓု သာဓု သာဓု