19 December 2017

အမ်းမြို့နယ် အမ်းတောင်အုပ်စု၊ကြက်ရေစမ်းကျေးရွာအနီး ဘင်္ဂါလီ ၁၃ ဦး ဖမ်းဆီးရမိ



ရခိုင်ဂေဇက်၊ ဒီဇင်ဘာလ ၁၉ ရက်

အမ်းမြို့နယ် အမ်းတောင်အုပ်စု၊ ကြက်ရေစမ်းကျေးရွာအနီး ကား လမ်းပေါ်တွင် ဘင်္ဂါလီ များ ဖြတ်သန်းသွားလာနေကြောင်းသတင်းရရှိသဖြင့် ကံမြင့်ကန်စစ်ဆေးရေးဂိတ်မှတာဝန်ရှိများသူမှာ သွားရောက်စစ်ဆေးခဲ့ရာ ဘင်္ဂါလီလူမျိုး ၁၃ ဦးကို ဒီဇင်ဘာလ ၁၉ ရက်နေ့ နံနက်ပိုင်းက ဖမ်းဆီးရခဲ့မိကြောင်း အမ်းမြို့မရဲစခန်းမှ သိရသည်။


ဖြစ်စဉ်မှာ စစ်ဆေးရေးဂိတ်တာဝန်ကျ အမ်းမြို့မစခန်းမှ ဒုရဲအုပ်၊ လ၀ကမှူးနှင့် ရွာသားများနှင့်အတူ သွားရောက်ရှာဖွေခဲ့ရာ အမ်း- မင်းဘူးကားလမ်း မိုင်တိုင်အမှတ် ၇၀/၅ မိုင်နေရာ၌ ဘင်္ဂါလီလူမျိုး ၄ ဦးကို ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့အားစစ်ဆေးမေးမြန်းရာ တောထဲ၌ပုန်းအောင်းနေသည့် ကျန် ၉ ဦးတို့ကို ဖမ်းဆီး ရမိခြင်းခဲ့ကြောင်းသိရသည်။

“သတင်းအရ သွားရောက်စစ်ဆေးတဲ့အခါမှာ ဖမ်းမိခဲ့တာဖြစ်ပါတယ်။ အမ်း-မင်းဘူးကားလမ်းမိုင်တိုင်အမှတ် ၇၀/၅ မိုင်နေရာမှာ ဘင်္ဂါလီ ၄ ဦးကို အရင်ဆုံးဖမ်းမိခဲ့ပါတယ်။ သူတို့ကို ထပ်ပြီးစစ်ဆေးတဲ့အခါ ကျန်ရှိနေတဲ့ ၉ ဦးဟာ တောထဲမှာပုန်းအောင်းနေတယ်လို့ပြောတယ်။ ဆက်ပြီးရှာဖွေတဲ့အခါ ကြက်ရေစမ်းရွာ အရှေ့ဘက် ၃ မိုင်အကွာ ကြံချီးချောင်းစပ်အနီး ကျန် ၉ ဦးကို ထပ်မံဖမ်းမိခဲ့တာပါ။’’ဟု အမ်းမြို့မစခန်း ဒုရဲအုပ်မှ ပြောသည်။

ဖမ်းဆီးရမိသည့် ဘင်္ဂါလီ ၁၃ ဦးတို့၏ ကိုယ်ရေးအချက်အလက်များနှင့် သတင်းအချက်အလက်များ ကို စစ်ဆေးနိုင်ရန်အတွက် အမ်းမြို့မရဲစခန်းသို့ ခေါ်ဆောင်ရန် စီစဉ်ဆောင်ရွက်လျှက်ရှိကြောင်း အမ်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကိုကိုမြတ်က ဆိုသည်။

အဆိုပါ ဘင်္ဂါလီ ၁၃ ဦးတို့အား ကံမြင့်ကန်စစ်ဆေးရေးဂိတ်မှ တာဝန် ရှိများသူနှင့် လ၀ကမှူးတို့မှ စစ်ဆေး ဖမ်းမိခဲ့ခြင်းဖြစ်ပြီး ၎င်းတို့ကိုစစ်ဆေးအရေယူဆောင်ရွက်နိုင်ရန်အတွက် အမ်းမြို့မရဲစခန်းသို့ ခေါ်ဆောင်ရန် ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။