20 December 2017

FED အပါအ၀င် ထိုင်းအခြေစိုက် မြန်မာအဖွဲ့လေးဖွဲ့ကို အစိုးရက ပထမဆုံးအကြိမ် ဂုဏ်ပြုချီးမြှင့်

ဆဲဗင်းဒေး     December 19, 2017

ထိုင်းရောက်မြန်မာလုပ်သားများ၏အရေး ကူညီပေးနေသော FED အဖွဲ့ကို ပြည်ထောင်စုဝန်ကြီးဦးသိန်းဆွေက ဂုဏ်ပြုလက်မှတ်ချီးမြှင့်နေစဉ် (ဓာတ်ပုံ − FED)
ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားများအရေး ကူညီဆောင်ရွက်ပေးနေသော မြန်မာအဖွဲ့အစည်းလေးဖွဲ့ကို အစိုးရက ပထမဆုံးအကြိမ် နေပြည်တော်သို့ ဖိတ်ကြားပြီး ဂုဏ်ပြုလက်မှတ်များ ချီးမြှင့်ခဲ့သည်။
ထိုင်းနိုင်ငံတောင်ပိုင်းအခြေ စိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက် ရေးဖောင်ဒေးရှင်း (FED)၊ မဲ ဆောက်မြို့ အခြေစိုက်မြန်မာလုပ် သားများကို ကူညီဆောင်ရွက်နေ သော (JACBA) အဖွဲ့၊ မဟာချိုင် မြို့အခြေစိုက် ရွှေ့ပြောင်းအလုပ် သမား အခွင့်အရေးကွန်ရက် (MWRN) နှင့် ဘန်ကောက်မြို့အ ခြေစိုက် မြန်မာလုပ်သားများအ ရေး ကူညီပေးနေသော (MMNB) အဖွဲ့လေးဖွဲ့ကို ဒီဇင်ဘာ ၁၈ ရက်က ကျရောက်သော အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာသူများနေ့ အခမ်းအနားတွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးသိန်းဆွေက ဂုဏ်ပြုလက်မှတ်များ ချီးမြှင့်ခဲ့သည်။


ယင်းကဲ့သို့ မြန်မာအဖွဲ့အစည်းများအပေါ် အစိုးရက ပထမဆုံး အသိအမှတ်ပြုပေးအပ်ခြင်းဖြစ်ကြောင်း JACBA အဖွဲ့ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောသည်။
‘‘ထိုင်းဥပဒေနဲ့အညီ မြန်မာ လုပ်သားတွေအရေးကို ကူညီပေး နေတာရယ်၊ အဓိကမြန်မာလုပ် သားတွေရဲ့ သားသမီးတွေကို ပညာရေးသင်ကြားပေးနေတာ ရယ်၊ နောက် အလုပ်သမားအခွင့် အရေးနဲ့ပတ်သက်ပြီး မြန်မာလုပ် သားတွေကို အသိပညာပေးတွေ လုပ်နေလို့ ပေးတာလို့ထင်တယ်’’ ဟု ဦးမိုးကြိုးကပြောသည်။
FED အဖွဲ့မှ ကိုမင်းဦးက ‘‘ရွှေ့ပြောင်းအလုပ်သမားအရေး ဆိုတာ အစိုးရတစ်ခုတည်း လုပ် လို့မရဘူးပေါ့။ NGO တွေ၊ အဖွဲ့ အစည်ေးတွနဲ့ပေါင်းပြီး လုပ်မှအ ဆင်ပြေမယ်ပေါ့။ အဲဒါကြောင့် ထိုင်းရောက်မြန်မာလုပ်သားအ ရေး ကူညီပေးနေလို့ အသိအမှတ် ပြုပေးတာလို့ ၀န်ကြီးက ပြော သွားပါတယ်’’ဟု ပြောသည်။
ထိုင်းနိုင်ငံရောက် မြန်မာ လုပ်သားများအရေး ကူညီပေးနေ သာ ထိုင်းအခြေစိုက် မြန်မာအ ဖွဲ့အစည်း ၁၃ ဖွဲ့ရှိပြီး ယင်းတို့အ နက် AAC မဟာမိတ်အဖွဲ့သည် အသက်အန္တရာယ်ခြိမ်းခြောက်ခံ ရမှုနှင့် ထိုင်းရဲတပ်ဖွဲ့၏ ဖိအား ပေးမှုများကြောင့်ဟုဆိုကာ အဖွဲ့ လှုပ်ရှားမှုများကို ဒီဇင်ဘာ ၁၂ ရက်ကစ၍ ရပ်နားထားသလို ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသား များအဖွဲ့ MAT ကလည်း လုံခြုံ ရေးအခြေအနေများကြောင့် ရပ် နားထားကြောင်း ယင်းအဖွဲ့ ဒါ ရိုက်တာဦးကျော်သောင်းက ပြော သည်။
ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသော မြန်မာလုပ်သား လေးသိန်းခန့်ရှိကြောင်း အလုပ်သမားအရေး ကူညီပေးနေသော အဖွဲ့ များက ခန့်မှန်းသည်။