17 December 2017

ဆန်စက်ပိုင်ရှင်များ၊ ကုမ္ပဏီများ ဧရာဝတီတိုင်းတွင် လယ်မြေမဝယ်ရန် တိုင်းဝန်ကြီးချုပ် တောင်းဆို


ဧရာဝတီတိုင်းဝန်ကြီးချုပ်မန်းဂျော်နီ ပြောကြားသော မိန့်ခွန်းဗီဒီယိုကို ပြသနေစဉ် (ဓာတ်ပုံ − Hla Maung Shwe Facebook)
ဆန်စက်ပိုင်ရှင်များ၊ ကုမ္ပဏီကြီးများအပါအဝင် စီးပွား ရေးလုပ်ငန်းရှင်များက ဧရာဝတီ တိုင်းမှ လယ်မြေများ ဝယ်ယူခြင်းမပြုရန် မြန်မာနိုင်ငံဆန်စပါးအ သင်းချုပ် နှစ်ပတ်လည်အခမ်း အနားတွင် တိုင်းဝန်ကြီးချုပ် မန်းဂျော်နီက တောင်းဆိုသည်။
‘‘ဆန်စက်ပိုင်ရှင်တွေ၊ ကုမ္ပဏီတွေက တောင်သူတွေဆီ က လယ်မဝယ်ဖို့၊ ပူးပေါင်းဆောင် ရွက်ပေးဖို့ တောင်းဆိုပါတယ်’’ဟု ဧရာဝတီတိုင်းဝန်ကြီးချုပ်ကပြောကြားသည်။

 မြန်မာနိုင်ငံ ဆန်စပါးအ သင်းချုပ် နှစ်ပတ်လည် အထွေ ထွေအစည်းအဝေး၊ အထွေထွေ ညီလာခံနှင့် ရွေးချယ်တင်မြှောက် ပွဲအခမ်းအနားသို့ တက်ရောက် နိုင်ခြင်းမရှိ၍ ပြောကြားလိုသည့် မိန့်ခွန်းကို ဗီဒီယိုရိုက်၍ ပြန်လည် ပြသသည်။
ဧရာဝတီတိုင်း ကားလမ်းမ ဘေးများတွင် ယခင်အစိုးရလက် ထက်က စက်သုံးဆီအရောင်း ဆိုင်များ ဖွင့်လှစ်ရန်၊ လယ်ယာ စိုက်ပျိုးခြင်းမဟုတ်ဘဲ အခြား သော စီးပွားရေးလုပ်ငန်းများလုပ် ကိုင်ရန် လယ်မြေဝယ်ယူရင်းနှီး မြှုပ်နှံထားသည့် စီးပွားရေးလုပ် ငန်းရှင်များစွာရှိခဲ့သည်။
 သို့သော် အိမ်ခြံမြေဈေး ကွက် အရောင်းအဝယ်အေးနေ ခြင်းကြောင့် ယခုအစိုးရ လက် ထက်တွင် ထပ်မံဝယ်ယူရင်းနှီး မြှုပ်နှံမှု မရှိသလောက် နည်းပါး ကြောင်း စီးပွားရေးလုပ်ငန်းရှင် အချို့က ပြောသည်။
ဧရာဝတီတိုင်း ဝန်ကြီးချုပ် ပြောကြားသည့် မိန့်ခွန်းတွင် အ ချက်လေးချက်ပါဝင်သည်။
ဆန်စက်ပိုင်ရှင်များ၊ ကုန် သည်ကြီးများက လယ်သမားများ ထံမှ စပါးပေါ်ချိန်တွင် ဈေးနှိမ် ဝယ်ယူမှုမပြုလုပ်ရန်၊ တောင်သူ များကို လက်တွဲဆောင်ရွက်ရန်၊ အကျိုးတူကန်ထရိုက် လယ်ယာ စနစ်ကို အလျင်အမြန်နှင့် ကျယ် ကျယ်ပြန့်ပြန့် ဆောင်ရွက်ရန် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် အသင်းဝင် ကုန်သည်များ၊ စက် ပိုင်များကို ဝန်ကြီးချုပ်ကတောင်း ဆိုသည်။
ထို့အပြင် ၂၀၁၇ မေလက တောင်သူလယ်သမား နှီးနှောဖ လှယ်ပွဲတွင် အကြံပြုတင်ပြထား သည့် အချက်အလက်များကို အ သင်းချုပ်က အကောင်အထည် ဖော်ဆောင်ရွက်ရန် ဝန်ကြီးချုပ် က မေတ္တာရပ်ခံသည်။
ဧရာဝတီတိုင်းသည် ဆန် စပါး အဓိကစိုက်ပျိုးသည့် တိုင်း ဖြစ်ခြင်းကြောင့် ဆန်စပါးအခြေခံ ထုတ်လုပ်သည့် စက်မှုလုပ်ငန်း များ လာရောက်ရင်းနှီးမြှုပ်နှံရန် ဝန်ကြီးချုပ်က ဖိတ်ခေါ်သည်။ အထူးသဖြင့် လျှပ်စစ်ထုတ်လုပ် သည့် စက်ရုံများ၊ ဖွဲနုဆီစက်၊ ဆန်ခေါက်ဆွဲစက်၊ ဆန်ကြာဆံစက်ရုံ၊ ဆန်မှုန့်ထုတ်လုပ်သည့် စက်ရုံ များ လာရောက်ရင်းနှီးမြှုပ်နှံမည် ဆိုပါက တိုင်းအစိုးရအနေဖြင့် အထူးဦးစားပေးကူညီမည်ဟု ဆိုသည်။