20 December 2017

မိန်းမတွေရိုသေထိုက်တဲ့ယောက်ကျားဆိုတာ….

ယောကျာ်းကောင်းတစ်ယောက်ဟာ…
သစ်ပင်ကြီးတစ်ပင်နဲတူတယ်..သူချစ်ခင်တဲ့လူတွေကိုအရိပ်မိုးပေး
ခြင်းဖြင့်အေးမြစေတယ်…
ယောကျာ်းကောင်းတစ်ယောက်ဟာ..
လမင်းကြီးနဲ့ပမာတူတယ်..
သူချစ်ခင်ရတဲ့လူတွေကိုအေးမြစေတယ်ငြိမ်းချမ်းစေတယ်..


ယောကျာ်းကောင်းတစ်ယောက်ဟာ…
အိမ်ကြီးတစ်လုံးနဲ့တူပါတယ်..
သူချစ်ခင်ရတဲ့လူတွေကိုမိုးဒဏ်၊လေဒဏ်မှကာကွယ်ပေးတယ်…

ယောကျာ်းကောင်းတစ်ယောက်ဟာ…
ဗဟုသုတများပြည့်နှက်နေသောစာအုပ်ကြီးတစ်အုပ်နဲ့တူပါတယ်..
အမှားကိုပြုပြင်ပေးပြီးလမ်းမှန်ရောက်အောင်ပို့ဆောင်ပေးနိုင်တယ်…
ယောကျာ်းကောင်းတစ်ယောက်ဟာ….
သူရဲကောင်းကြီးနဲ့တူပါတယ်..
သူချစ်ခင်ရတဲ့သူကိုဘေးအပေါင်းတို့မှကင်းဝေးအောင်ဥာဏနဲ့ကာယ
အားဖြင့်ကာကွယ်စောင့်ရှောက်နိုင်တယ်…
ယောကျာ်းကောင်းတစ်ယောက်ဟာ…
သဘောင်္ကြီးတစ်စင်းနဲ့တူပါတယ်..
သူချစ်ခင်ရတဲ့လူတွေကိုဘဝပင်လယ်ပြင်ကျယ်ကြီးအား,အားမာန်
ဖြင့်ကူးခတ်ရင်းလိုရာဘဝပန်းတိုင်ဆီသို့အရောက်ထမ်းပိုးပို့ဆောင်
ပေးနိုင်တယ်…
ယောကျာ်းကောင်းတစ်ယောက်ဟာ..
ဖခင်ကောင်းတစ်ယောက်နဲ့ပမာတူတယ်…
အနစ်နာခံတတ်ပြီးချစ်ခင်ကြင်နာတတ်တယ်….
ချိုသာစကားဖြင့်ချော့တစ်ခါ၊ကရုဏာဒေါသောဖြင့်ခြောက်တလှည့်
သွန်သင်တယ်..
ယောကျာ်းကောင်းတစ်ယောက်ဟာ…
ခေါင်းဆောင်ကောင်းတစ်ယောက်နဲ့တူပါတယ်..
သူချစ်ခင်ရတဲ့လူ
တွေကိုတရားနည်းလမ်းကျစွာသွန်သင်ပြနိုင်တယ်..
ကျရောက်မည့်ဘေးများကိုရှေ့ဆုံးကနေတားဆီးနိုင်တယ်.
.ဖြစ်လာသမျှပြဿနာအားလုံးကိုတာဝန်ယူဖြေရှင်းပေးနိုင်တယ်
အရာရာကိုဦးနှောက်ဖြင့်ဝေဖန်ပိုင်းခြားပြီး
ဖြစ်သင့်ဖြစ်ထိုက်တာကိုဦးစားပေးစီမံဆောင်ရွက်နိုင်တယ်
သူချစ်ခင်ရတဲ့လူတွေအားကိုးထိုက်သောအရည်အချင်း
နဲ့အားကိုးလေးစားထိုက်သောအကျင့်စာရိတ္တတွေရှိတယ်..
ယောကျာ်းကောင်းတစ်ယောက်ဟာ…
သတ္တိရှိတယ်သို့သော်မိုက်ရူးရဲမဆန်ဘူး…
ယောကျာ်းကောင်းတစ်ယောက်ဟာ..
မိခင်ကိုရိုသေစွာလုပ်ကျွေးသလိုချစ်သူ၊ဇနီးမယားအပေါ်ချစ်ခင်
ကြင်နာတယ်မရက်စက်ဘူး….
ယောကျာ်းကောင်းတစ်ယောက်ဟာ..
ပွေရှုပ်သောမိန်းမ၊လှည့်ဖျားတတ်သောမိန်းမမျိုးရှောင်တယ်..
မိန်းမကောင်းကိုသာရွေးချယ်လက်ထပ်တယ်…
မိန်းမကိစ္စရှင်းတယ်….
ယောကျာ်းကောင်းတစ်ယောက်ဟာ…
အသောက်အစားနဲအပျော်အပါးကိုမပျော်မွေ့ဘူး..
အသောက်အစား၊အပျော်အပါးများဖြင့်သူ့ဘဝကိုမကုန်ဆုံးစေဘူး..
အသောက်အစား
အပျော်အပါးဖြင့်အချိန်မကုန်ဘူး…
ယောကျာ်းကောင်းတစ်ယောက်ဟာ..
အပြောနဲ့အလုပ်ညီပါတယ်..ကတိနဲ့သစ္စာတည်ပါတယ်…
ရိုသေကန်တော့ထိုက်သောယောကျာ်းမျိုးဆိုတာ…
အထက်ပါယောကျာ်းမျိုးဖြစ်တယ်…
အကယ်၍အသင်မိန်းကလေးရဲ့ချစ်သူဟာထိုဖော်ပြတဲ့အချက်များထဲက
အချက်အနည်းငယ်မျှသာပြည့်စုံရင်ဘာအကြောင်းကြောင့်နဲ့မှလက်
မလွတ်ပါနဲ့…ယနေ့ခေတ်အားကိုးထိုက်သောယောကျာ်းကောင်း
ဆိုတာရှားပါးသောတန်ဖိုးကြီးရတနာကြီးပါတကား…
.
နှင်းဆီဒဏ္ဍာရီ
ချစ်သူတိုင်း ညားကြပါစေ