17 December 2017

ပင်လုံတွင်ကျင်းပမည့်​​ရှမ်းအမျိုးသားနိုင်​ငံ​ရေး​ဆွေး​နွေးပွဲအကြို လူထု​တွေ့ဆုံပွဲကိုစစ်​တပ်​တားဆီး


By ဒီဗွီဘီ 17 December 2017


ရှမ်းပြည်နယ် ပင်​လုံမြို့မှာ ဒီကနေ့ ပြုလုပ်မယ့် ရှမ်းအမျိုးသားနိုင်​ငံ​ရေး​ဆွေး​နွေးပွဲအကြို ပထမဆုံးအကြိမ် ​လူထု​တွေ့ဆုံပွဲပိတ်ပင်တားဆီးခံခဲ့ရပါတယ်​။

အန်စီအေစာချုပ်​အရ အစိုးရနဲ့ သဘောတူထားတဲ့ လာမယ့် ဇန်​နဝါရီ လင်း​ခေးမှာပြုလုပ်​မယ့် နိုင်​ငံ​ရေး​ဆွေး​နွေးပွဲအတွက်​ လူထု​တွေဆုံပွဲပြုလုပ်​တာကို လွိုင်​လင်​တိုက်​နယ်​ဗိုလ်​မှူးကြီး ​အောင်​​ဌေး ကိုယ်​တိုင်​လာ​ရောက်​ဟန့်​တားတယ်​လို့ သိရပါတယ်​။


RCSS ​တောင်​ကြီး ဆက်​ဆံ​ရေးရုံးတာဝန်​ခံ ဗိုလ်​မှူးကြီး စိုင်းဦးက “အမှန်​လင်း​ခေးမှာ လုပ်​မယ်​ဆိုကတည်းက ခွင့်ပြုချက်​ရပြီးသား၊ NCA လမ်းစဉ်​အတိုင်း ကျ​နော်​တို့သွား​နေတာ​ပေါ့။ လင်း​ခေးမှာလုပ်​မယ့်ပွဲကို လူထုကိုရှင်းပြဖို့ပါ။ အခုလို တားဆီး ခံရ​တော့ ငြိမ်းချမ်း​ရေးလုပ်​ငန်းစဉ်​ အဟန့်​အတား ဖြစ်​​စေတယ်​”လို့ ​ပြောပါတယ်​။

လူထု​တွေ့ဆုံပွဲ မပြုလုပ်​ဖို့ ရောက်ရှိနေတဲ့ လူတချို့ကိုလည်း ပြန်​ခိုင်းပြီး ​တွေ့ဆုံပွဲ မလုပ်​ဖို့လည်း တားဆီးလိုက်​တယ်​လို့ သိရပါတယ်​။

ရှမ်းလူမျိုးအလိုက်အမျိုးသားအဆင့် ​နိုင်​ငံ​ရေး​ဆွေး​နွေးပွဲကို လာမယ့်​ ဇန်​နဝါရီလမှာ လင်း​ခေးမှာ ပြုလုပ်​ခွင့်​ရတဲ့အတွက် စီစဉ်ထားတဲ့အတိုင်း​ ပြုလုပ်​သွားမယ်လို့ သိရပါတယ်​။