18 December 2017

မောင်တောမြို့နယ်၊ အင်းဒင်ကျေးရွာသုဿန်၌ အမည်မသိရုပ်အလောင်းများတွေ့ရှိကြောင်း သတင်းထုတ် ပြန်ချက်


နေပြည်တော် ၊ ဒီဇင်ဘာ - ၁၈ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ အင်းဒင်ကျေးရွာသုဿန်၌ လူများအား သတ်ဖြတ်မြှုပ်နှံထားကြောင်း အမည်မဖော်လိုသူတစ်ဦးက သတင်းပေးပို့တိုင်ကြားလာသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ကန ဦးသွားရောက် စုံစမ်းစစ်ဆေးခဲ့သည်။

စုံစမ်းစစ်ဆေးချက်များအရ အင်းဒင်ကျေးရွာသုဿန်၌ အမည်မသိရုပ်အလောင်းများ ရှာဖွေတွေ့ရှိခဲ့ရပြီး ဖြစ်စဉ်မှန်ပေါ်ပေါက်နိုင်ရေးအတွက် အသေးစိတ် စုံစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိသည်။


၂၀၁၇ ခုနှစ်၊ သြဂုတ် ၂၅ ရက်မှစ၍ ဘူးသီးတောင်၊ မောင်တောဒေသ၌ ARSA အစွန်းရောက်အကြမ်းဖက် သမားများ၏ တိုက်ခိုက်မှုကြောင့် တည်ငြိမ်အေးချမ်းမှုပျက်ပြားခဲ့ရသဖြင့် နယ်မြေဒေသပြန်လည်တည် ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များဖြင့် ထိန်းသိမ်းဆောင်ရွက်ခဲ့ရသည်။

ထိုသို့ဆောင်ရွက်ရာတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ထိတွေ့တိုက်ခိုက်မှုစည်းမျဉ်းများ (Rules of Engagement)နှင့်အညီ ဆောင်ရွက်သွားရန်နှင့် ချိုးဖောက်မှုရှိပါက ဥပဒေနှင့်အညီ အရေးယူသွားမည်ဖြစ်ကြောင်း အောက်ခြေအဆင့် ထိ အသိပေးညွှန်ကြားခဲ့ပြီးဖြစ်ပါသည်။

အထက်ပါဖြစ်စဉ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် တစ်စုံတစ်ရာပါဝင် ပတ်သက်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိ ရပါက တရားဥပဒေနှင့်အညီ ထိရောက်စွာအရေးယူ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့