29 December 2017

ခေါဇာ့မြို့ အုပ်ချုပ်ရေးမှူး နှင့် ကျုံညဲကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးဟောင်းတို့ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် အသစ် အမှုဖွင့်အရေးယူ



နေပြည်တော် ဒီဇင်ဘာ ၂၇

ရေးမြို့နယ် ခေါဇာ့မြို့ အုပ်ချုပ်ရေးမှူး နှင့် ကျုံညဲကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးဟောင်းတို့ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် ယမန်နေ့က အမှုဖွင့် အရေးယူလိုက်ကြောင်း မွန်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးက ပြောသည်။


အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အသစ် ပြန်လည်ဖွဲ့စည်းပြီး ၁လအကြာ ကော်မရှင်က ပထမဦးဆုံး တရားလိုလုပ်အမှုဖွင့် တရားစွဲဆိုလိုက်သည့် အမှုဖြစ်သည်။

မွန်ပြည်နယ်ရဲတပ်ဖွဲ့မှူးက ''အမှုဖွင့်ပြီး တစ်ခါတည်း ဖမ်းဆီးလိုက်ပါပြီ''ဟု Popular News ကို ပြောသည်။

အမှုဖွင့် ဖမ်းဆီးခံထားရသည့် မွန်ပြည်နယ် ရေးမြို့နယ် ခေါဇာမြို့ အုပ်ချုပ်ရေးမှူး နှင့် ကျုံညဲ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဟောင်း တို့သည် ကျုံညဲကျေးရွာရှိ ခြံမြေ ကွက်ပေါ်တွင် ၆ဝ ပေ x ၄ဝ ပေ ခြံကွက် (၁၅)ကွက် ဖြစ်ပေါ်စေရန် ဆောင်ရွက်ပေးရာတွင် ငွေကြေး တောင်းခံခဲ့သည် ဆိုပြီး ဒေသခံတို့က အရေးယူပေးပါရန် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သို့ တိုင်ကြားခဲ့ကြသည်။
အဂတိလိုက်စားမှု တိုက်ဖျက်ေ
ရးကော်မရှင်က စုံစမ်း စစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာ မွန်ပြည်နယ် ရေးမြို့နယ် ခေါဇာမြို့ အုပ်ချုပ်ရေးမှူး ဦးနောင်နောင်လင်း သည် လယ်ယာမြေကို အခြားနည်း အသုံးပြုခွင့်ရရှိရေး ခွင့်ပြုဆောင်ရွက် ပေးခွင့်မရှိဘဲ ခေါဇာမြို့ ကျုံညဲ ကျေးရွာတွင် ၆ဝပေ x ၄ဝပေ မြေကွက် (၁၅)ကွက် ဖော်ထုတ်ရရှိရေး ဆောင်ရွက်ပြီး မြေကွက်ရောင်းရငွေ ကျပ်သိန်း ၂ဝ အနက်မှ ငွေကျပ် ၁၁ သိန်းကို လက်ခံရယူကာ ခွဲဝေပေးခဲ့ ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သဖြင့် 

မွန်ပြည်နယ် ရေးမြို့နယ် ခေါဇာမြို့ အုပ်ချုပ်ရေးမှူး ဦးနောင်နောင်လင်း အပေါ် ၂ဝ၁၃ ခုနှစ် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၇ အရ လည်းကောင်း၊ ဦးထွန်းကြည်(ယခင် ကျုံညဲကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး) အပေါ် ၂ဝ၁၃ ခုနှစ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၇/၆၃ အရလည်းကောင်း ရေးမြို့နယ် ခေါဇာနယ်မြေရဲစခန်း၌ ဒီဇင်ဘာ ၂၆ ရက်တွင် အမှုဖွင့်လှစ်ခဲ့သည်ဟု အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ပြောဆိုသည်။

ပုံစာ။ ။ ပြည်ထောင်စုဝန်ကြီးဟောင်းဦးအောင်ကြည် ဥက္ကဌအဖြစ်တာဝန်ယူထားသည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် အဖွဲ့ဝင်များ၊