24 December 2017

ဘူးသီးတောင်မြို့နယ်၌ ကျေးရွာသားတစ်ဦး သေဆုံး

The Mirror Daily

မောင်တော ဒီဇင်ဘာ ၂၂

ဘူးသီးတောင်မြို့နယ် သဲနီ(မြို) ကျေးရွာနေ လောင်ရွှီး(၆၅)နှစ်သည် ဒီဇင်ဘာ ၁၃ ရက် နံနက် ၉ နာရီတွင် ရွာအရှေ့ဘက် လေးဖာလုံခန့်အကွာရှိ တောင်ယာ ၌ လွှတ်ကျောင်းထားသည့် နွားများသွားကြည့်ရန် နေအိမ်မှ တစ်ဦးတည်း ထွက်ခွာခဲ့ကြောင်း သိရသည်။

အိမ်သို့ ပြန်လည်ရောက်မလာသဖြင့် သားဖြစ်သူ ချာချဲ(၃ဝ)နှစ် ပါ နှစ်ဦးက လိုက်လံရှာဖွေခဲ့ရာ ဒီဇင်ဘာ ၁၅ ရက် နံနက် ၈ နာရီတွင် သဲနီကျေးရွာ၏ အရှေ့ဘက် သုံးဖာလုံခန့်အကွာ လျှိုမြောင်ထဲ၌ လည်ပင်းတွင် အရှည်ရှစ်ပေခွဲခန့်ရှိ နိုင်လွန်ကြိုး တစ်ချောင်း ချည်နှောင်လျက် ကြိုးဖြင့် ဆွဲခံထားရသည့် ဒဏ်ရာဖြင့် သေဆုံးနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ ဝင်များက သွားရောက်စစ်ဆေးခဲ့ပြီး အလောင်းအား ဘူးသီးတောင်မြို့ဆေးရုံသို့ ပို့ဆောင်ခဲ့ကာ သေဆုံးမှုနှင့်ပတ်သက်၍ တောင်ဘဇာ နယ်မြေစခန်း၌ အမှုဖွင့် စုံစမ်းလျက်ရှိသည်။

သတင်းစဉ်