25 December 2017

ခြောက်လအတွင်းထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများ တစ်သိန်းခြောက်သောင်းကျော်ပြန်လည်ဝင်ရောက်ခဲ့



ရန်ကုန် ဒီဇင်ဘာ ၂၄ The Union Daily

ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်းအလုပ်သမားဆိုင်ရာ အက်ဥပဒေ ပြင်ဆင်ပြောင်းလဲမှုကြောင့် ဥပဒေနှင့်မညီညွတ်သည့် မြန်မာရွှေ့ ပြောင်းအလုပ်သမားများ ဇွန်လ ၂၉ ရက် မှ ယခုလ ၂၁ ရက်အထိ ၁၆ဝ၉၉၃ ဦး (ကျား ၉၂၃၂၆၊ မ ၆၈၆၆၇)တို့ ပြန်လည်ဝင် ရောက်လာခဲ့ကြောင်း သိရသည်။




ထို့ပြင် ယခုလ ၂၂ ရက် နံနက် ၉ နာရီမှ ညနေ ၆ နာရီ အထိ မြဝတီမြို့အမှတ်(၁) ချစ်ကြည်ရေးတံတားမှ မြန်မာရွှေ့ ပြောင်းအလုပ်သမား ၁၃၆ ဦး(ကျား ၉၇၊ မ ၃၉)၊ ကြာအင်း ဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူမြို့(၁)ရပ်ကွက်ရှိ သွပ်ပြားပေါက် (ဒေသအခေါ်)မှ ၂၉ ဦး (ကျား ၁၈၊ မ ၁၁)၊ ထားဝယ်မြို့နယ် ထီးခီးနယ်စပ်ဂိတ်မှ ၈၂ ဦး (ကျား ၅၂၊ မ ၃ဝ)၊ တနင်္သာရီမြို့နယ် မောတောင်နယ်စပ်ဂိတ်မှ ၂၁၁ဦး (ကျား ၁၁၃၊ မ ၉၈)၊ ကော့ သောင်းမြို့ နယ်စပ်ဂိတ်မှ ၆၄၁ ဦး(ကျား ၃၆၄၊ မ ၂၇၇)၊ စုစုပေါင်း ၁ဝ၉၉ ဦး(ကျား ၆၄၄၊ မ ၄၅၅) တို့ ရောက်ရှိခဲ့သည်။
ရောက်ရှိလာသည့် ရွှေ့ပြောင်းလုပ်သားတို့ထံမှ ငွေကြေးတစ်စုံ တစ်ရာ ကောက်ခံခြင်းမရှိဘဲ အစွန်းရောက်အကြမ်းဖက်သမား များ၊ မူးယစ်ဆေးဝါး၊ လက်နက်/ခဲယမ်းများ၊ တရားခံပြေးများ၊ ငွေစက္ကူအတု ပြုလုပ်သူများနှင့် ငွေစက္ကူအတုများ ပါလာခြင်းမရှိ စေရေး အုပ်ချုပ်ရေးအဖွဲ့များ၊ လဝက၊ နယ်မြေခံ ရဲတပ်ဖွဲ့ဝင်များ နှင့် တာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့များမှ စိစစ်ရှာဖွေ ခြင်း၊ စားစရာ၊ ရေနှင့်လိုအပ်သည့် ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးလျက်ရှိပြီး ၄င်းတို့မှာ နေရပ်အသီးသီးသို့ ပြန်လည် ထွက်ခွာသွားကြောင်း သိရသည်။