20 December 2017

ကိုးတန်းကျောင်းသူကို မူးယစ်စေသည့် အချိုရည်တိုက်ကာ အဓမ္မပြုကျင့်သူကို အလုပ်နှင့်ထောင်ဒဏ် ၂၃နှစ်ချမှတ

ရန်ကုန်၊ ဒီဇင်ဘာ ၁၉ ။           ။ အသက် ၁၅ နှစ် အရွယ် ကိုးတန်းကျောင်းသူကို မူးယစ်စေသည့် အချိုရည်တိုက်ပြီး သားမယားပြုကျင့်ခဲ့သည့်အမှု့တွင် တရားခံဖြစ်သူကို ရန်ကုန် အနောက်ပိုင်းခရိုင်တရားရုံးတွင်   စစ်ဆေးကာ  အလုပ်နှင့်ထောင်ဒဏ် ၂၃ နှစ် ချမှတ်လိုက်သည်။
စွပ်စွဲခံထားရသည့် သန်းကိုကိုမောင်ကို အဓမ္မပြုကျင့်မှု ပုဒ်မ၃၇၆အရ ထောင်ဒဏ်အနှစ်၂၀၊ လူခိုးယူမှု ပုဒ်မ ၃၆၃ အရ ထောင်ဒဏ် ၃နှစ် ချမှတ်ခဲ့ပြီး ပြစ်ဒဏ်နှစ်ခုကို သီးခြားစီ ကျခံစေရန် တရားသူကြီးက အမိန့်ချမှတ်လိုက်ခြင်းဖြစ်သည်။
“ ဖြစ်သင့်တယ်။ဆိုတော့ ပထမဦးဆုံးအနေနဲ့ အမသမီးလေးဖြစ်တာ နောက်ကလေးတွေ။ နောင်ဒီလိုမျိုးမဖြစ်အောင်လို့ သူတို့အမိန့်ချတာ အမတော့ကျေနပ်တယ် “ ဟု တရားလို ဒေါ်မူမူချိုက ဆိုသည်။
ဖြစ်စဉ်မှာ အသက်၁၅ နှစ်အရွယ် ကိုးတန်းကျောင်းသူကို ပြစ်မှုကျူးလွန်သူ သန်းကိုကိုမောင်ဆိုသူက စက်တင်ဘာလ ၅ ရက်နေ့လည်ပိုင်းက လှည်းတန်းစင်တာရှေ့တွင် ချိန်းဆိုကာ လိမ္မော်ရည်တိုက်ခဲ့ပြီး  အမျိုးသမီးငယ် သတိလစ်သွားမှ သန်းကိုကိုအောင်အိမ်သို့ ခေါ်ဆောင်သွားခဲ့သည်။ ထိုမှတဆင့် တည်းခိုခန်းသို့ ခေါ်ဆောင်ကာ အဓမ္မ ၄ ကြိမ်ပြုကျင့် ခဲ့ကြောင်း ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးမှသိရသည်။
အဆိုပါကိစ္စနှင့် ပတ်သက်ပြီး ကိုးတန်းကျောင်းသူ ကိုလိုက်လံကူညီပေးနေသူဖြစ်သည့် ကိုဖိုးဇော်က “ နောက်နောင်မှာ ဒီအပြစ်ကျူး လွန်တဲ့သူဘက်က ဆင်ခြင်ပြီးတော့ ဒီအမှုတွေလျော့ပါးသွားမယ်လို့ ထင်ပါတယ်။ ၂၃ နှစ်ချလိုက်တယ်ဆိုတဲ့ အပိုင်းမှာလည်း ကျွန်တော်တို့ ဘက်ကတော့ မျှတတယ်။ အဆင်ပြေပါတယ်လို့ပဲ ပြောချင်ပါတယ်”  ဟုပြောသည်။
မြောက်ဒဂုံရှိ “Royal” တည်းခိုခန်းမှာ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဖြစ်စဉ်ဖြစ်ပွားခဲ့သည့်အချိန်တွင် ထိုအချိန်က ၉ တန်းကျောင်းသူမိန်းကလေးမှာ ၁၅ နှစ် ၇ သာရှိသေးကြောင်းသိရသည်။
တရားလို ကိုးတန်းကျောင်းသူမှာ ကမာရွတ်မြို့နယ်တွင်နေထိုင်ပြီး အဆိုပါနှစ်ဦးမှာ အွန်လိုင်း မှတဆင့် တွေ့ဆုံခဲ့ခြင်း ဖြစ်ကာ အမှုကို ကမာရွတ်ရဲ စခန်းတွင် မိန်းကလေးငယ်၏ မိခင်ကိုယ်တိုင် အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။