26 December 2017

လူကုန်ကူးမှု့ဖြင့် ဘင်္ဂလားဒေ့ရှ်ရုပ်ရှင်ဒါရိုက်တာ မလေးရှားတွင်အဖမ်းခံရ



 ဂီတပွဲနှင့် သက်ဆိုင်ခြင်းမရှိသူ ၃၀-၄၀ ခန့်ကို အခကြေးငွေယူကာ မလေးရှားသို့ ခေါ်သွင်းခဲ့ဟုဆို။
*****************************************
( ဒီဇင်ဘာ - ၂၆၊ ၂၀၁၇ )

- ဘင်္ဂလားဒေ့ရှ်ရုပ်ရှင်ထုတ်လုပ်သူ အနွန်နိုမမ်မန်အား ယဉ်ကျေးမှု့ဖျော်ဖြေပွဲအသွင်ဗန်းပြလျှက် လူကုန်ကူးမှု့ကြောင့် ဖမ်းဆီးထားကြောင်း မလေးရှားရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်ဟု ယနေ့ထုတ် bd24news ကဖော်ပြသည်။



အနွန်နို တင်ဆက်နေသည့် ‘Bangladeshi Nights’ အစီအစဉ်အား စပွန်ဆာပေးသူတစ်ဦးက တနင်္ဂနွေနေ့ညပိုင်း ကွာလာလန်ပူဟိုတယ်တစ်ခုတွင် အနွန်နိုအဖမ်းခံရသည့် သတင်းမှန်ကန်ကြောင်းနှင့် မလေးရှားရဲတပ်ဖွဲ့က စစ်ဆေးလျှက်ရှိရာ တနင်္လာနေ့မွန်းလွဲမတိုင်မီ ပြန်လွတ်လာရန် ကြိုးစားလျှက်ရှိကြောင်း အတည်ပြုသည်။










မလေးရှာနိုင်ငံက သတင်းထုတ်ပြန်ရာတွင် ဘင်္ဂလားဒေ့ရှ်ရုပ်ရှင်ထုတ်လုပ်သူအား လူကုန်ကူးမှု့ဖြင့် ဖမ်းဆီးထားကြောင်း မလေးရှားရဲတပ်ဖွဲ့က ဖော်ပြထားသည်။
အနွန်နိုသည် ၄င်းရိုက်ကူးနေသည့် အစီအစဉ်နှင့် သက်ဆိုင်ခြင်းမရှိသူ ၃၀-၄၀ ခန့်အား အခကြေးငွေယူကာ ဘင်္ဂလီအနုပညာရှင်များနှင့်အတူရောနှောလျှက် မလေးရှားသို့ ခေါ်သွင်းခဲ့သည်ဟု သတင်းကြားသိရကြောင်း ကွာလာလန်ပူရောက် ဘင်္ဂလီအသိုင်းအ၀န်းက ပြောကြားသည်။
စနေနေ့ည ကာလာလန်ပူ Wisma MCA ဂီတခန်းမရုံတွင်တင်ဆက်သည့် အနွန်နို၏ ‘Bangladeshi Nights’ အစီအစဉ်တွင် ထင်ရှားသော ဘင်္ဂလီတေးသံရှင်များ၊ မော်ဒယ်နှင့် သရုပ်ဆောင်များ ပါဝင်ကြသည်။
https://bdnews24.com/…/malaysia-reportedly-detains-banglade…