23 December 2017

ရန်ဟီးလီနေရာတွင် မျှတ၍ဘက်မလိုက်သည့် ပုဂ္ဂိုလ်တစ်ဦးနှင့်အစားထိုးပါက ကုလသမဂ္ဂနှင့် ပူးပေါင်းဆောင်ရွက်မည်


မြန်မာအစိုးရက ပြည်ဝင်ခွင့်ပိတ်ပင်ထားသည့် မစ္စစ်ရန်ဟီးလီ နေရာတွင် မျှတ၍ဘက်မလိုက်သည့်ပုဂ္ဂိုလ်တစ်ဦးနှင့် အစားထိုးလာ ပါက နိုင်ငံခြားရေးမူဝါဒအတိုင်း ဆက်လက်ပူးပေါင်းဆောင်ရွက်မည်ဟု သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက ပြောသည်။

မြန်မာအစိုးရ၏ ပူးပေါင်းဆောင်ရွက်ခြင်းမရှိဟု အကြောင်းကြား မှုသည် မစ္စစ်ရန်ဟီးလီအတွက်သာဖြစ်ပြီး ကုလသမဂ္ဂနှင့် ပူးပေါင်း ဆောင်ရွက်ရေးလမ်းကြောင်းကို ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။


‘‘ရန်ဟီးလီကိုတော့ ကျွန်တော်တို့က ပူးပေါင်းဆောင်ရွက်နိုင်ခြင်း မရှိဘူး။ အဲဒီတော့ သူတို့(ကုလသမဂ္ဂ)က လူစားလဲမယ်ဆိုရင် မျှတတဲ့၊ ဘက်လိုက်မှုမရှိတဲ့ လူမျိုးဆိုရင်လက်ခံမယ်။ ပူးပေါင်းဆောင်ရွက်မယ်။ အခုက ကျွန်တော်တို့က ရန်ဟီးလီကို တော့ ပူးပေါင်းဆောင်ရွက်မှာ မဟုတ်ဘူး’’ ဟု ဦးဇော်ဌေးက ဆို သည်။

မြန်မာနိုင်ငံလူ့အခွင့်အရေး အခြေအနေဆိုင်ရာ ကုလသမဂ္ဂ အထူးအစီရင်ခံစာ တင်သွင်းသူ မစ္စစ်ရန်ဟီးလီကို မြန်မာနိုင်ငံသို့ လာရောက်ခွင့်ပိတ်ပင်ကြောင်း နှင့် ၎င်း၏သက်တမ်းအတွင်းပူး ပေါင်းဆောင်ရွက်မှုအားလုံးရုပ် သိမ်းမည်ဟု ကုလသမဂ္ဂမြန်မာ အမြဲတမ်းကိုယ်စားလှယ်မှ တစ် ဆင့် ကုလလူ့အခွင့်အရေးဆိုင် ရာ မဟာမင်းကြီးရုံး (OHCHR)၊ ကုလအထွေထွေအတွင်းရေးမှူး ချုပ်ရုံး (UNSG)တို့ထံ မြန်မာအစိုး ရက အကြောင်းကြားခဲ့သည်။

မူလကမစ္စစ်ရန်ဟီးလီသည် ရခိုင်ဒေသရှိ ဘင်္ဂါလီများ၏လူ့ အခွင့်အရေးဆိုင်ရာအပါအ၀င် နိုင်ငံတစ်ဝန်းရှိ လူ့အခွင့်အရေး ဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက် ၍ လာမည့်ဇန်န၀ါရီတွင် မြန်မာ နိုင်ငံသို့ လာရောက်ရန်စီစဉ်ထား သည်။
ရခိုင်ပြည်နယ်အရေးသည် လက်ရှိအရပ်သားအစိုးရရင်ဆိုင် နေရသည့် အကျပ်အတည်းများ ထဲက ပြဿနာတစ်ခုသာဖြစ်ပြီး ယင်းအခြေအနေကို နိုင်ငံတကာ က နားလည်ပေးရန်လိုအပ်ကြောင်း နှင့် မျှတမှုမရှိသည့်အစီရင်ခံစာ တင်သွင်းသူကြောင့် မြန်မာနိုင်ငံ အတွက် ဆိုးကျိုးဖြစ်ပေါ်စေ ကြောင်း သမ္မတရုံးပြောခွင့်ရ ပုဂ္ဂိုလ်ဦးဇော်ဌေးက မှတ်ချက်ပြု သည်။မစ္စစ်ရန်ဟီးလီသည် ၂၀၁၄ ကစတင်ကာ မြန်မာနိုင်ငံသို့ တစ် နှစ်လျှင် နှစ်ကြိမ်လာရောက်ပြီး ၂၀၁၇ ဇူလိုင်တွင် ခြောက်ကြိမ် မြောက် လာရောက်ခဲ့ကာ ယင်းခရီးစဉ်အပြီး၌ အစိုးရလုံ ခြုံရေးတပ်ဖွဲ့ဝင်များ၏ လူ့အခွင့် အရေးချိုးဖောက်ခဲ့သည့်အစီရင်ခံ စာများရရှိကြောင်းနှင့် အစိုးရ သစ်သည် ယခင်အစိုးရအမူအ ကျင့်များအတိုင်း ပြုမူနေ၍ စိတ် ပျက်ရကြောင်း သတင်းထုတ်ပြန် ခဲ့သည်။

မစ္စစ်ရန်ဟီးလီ၏ အဆိုပါ ခရီးစဉ်အပြီး ထုတ်ပြန်ချက်ကို မြန်မာအစိုးရက စိတ်ပျက် ကြောင်း ချက်ချင်းတုံ့ပြန်ပြီး ၎င်း ၏ထုတ်ပြန်ချက်တွင် ယေဘုယျ ဆန်သော စွပ်စွဲချက်များနှင့်မှား ယွင်းသောအချက်အလက်များ စွာပါဝင်နေသည်ဟု ဖော်ပြခဲ့ သည်

Source: 7 Day
ZN.H