16 December 2017

ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်အတွက်_OIC_ကဒေါ်လာ_၇_သန်းထောက်ပံ့ခဲ့



ဒီဇင်ဘာ၊ ၁၄             The Voice of Myanmar News
ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးဟောင်း ဒေါက်တာကိုဖီအာနန်ဦးဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်အတွက် အစ္စလမ်မစ် နိုင်ငံများအဖွဲ့ချုပ်( OIC) က အမေရိကန်ဒေါ်လာ ၇ သန်း ထောက်ပံ့ ခဲ့ကြောင်း ယင်းကော်မရှင်တွင် ပါဝင်ခဲ့သည့် အမည်မဖော်လိုသူ အဖွဲ့ဝင်တစ်ဦးကပြောသည်။

“ကိုဖီအာနန်လစာကတော့အများဆုံးပေါ့။ ကျန်တဲ့အဖွဲ့ဝင်တွေရဲ့လစာတွေ၊ တခြားအသုံးစရိတ်တွေအတွက် ကုလသမဂ္ဂ လက်အောက်မှာရှိတဲ့ ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က တဆင့် OIC ပေးခဲ့တာပါ” ဟု ၄င်းကပြောဆိုသည်။

ယင်းကော်မရှင်ဖွဲ့စည်းရန် ပြင်ဆင်နေစဉ်ကာလကတည်းက အကူအညီပေးရန် NLD အစိုးရကို OIC က ကမ်းလှမ်းခဲ့ကြောင်း၊ အစိုးရကလက်မခံသဖြင့် ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) မှ တဆင့်အကူအညီပေးခဲ့သည့်ကိစ္စအား လက်ရှိအစိုးရအဖွဲ့ ခေါင်းဆောင်များအနေဖြင့် သိရှိပြီးဖြစ်ကြောင်း ၄င်းကဆိုသည်။

Image may contain: 2 people
ဒေါက်တာကိုဖီအာနန်၏ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ အသုံးစရိတ်များနှင့် ပတ်သက်၍ နိုင်ငံ တော် သမ္မတရုံးသို့ ဆက်သွယ်မေးမြန်းရာ နိုင်ငံတော်ဘတ်ဂျက်မှ သုံးစွဲခြင်း မဟုတ်ပဲ နိုင်ငံတကာ အဖွဲ့ အစည်းတစ်ခုမှ ငွေကြေးအကူအညီရယူခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးက ဖြေကြားခဲ့ပြီး အကူအညီရယူခဲ့သည့် အဖွဲ့အစည်း အမည်နှင့် အခြားအချက်အလက်များကို ဖြေကြားရန် ငြင်းဆိုသည်။

“ဒီလိုကော်မရှင်တွေက နိုင်ငံတကာ အထောက်အပံ့နဲ့ လည်ပတ်လေ့ရှိတာတော့ ထုံးစံလိုဖြစ်နေတာပါ။ ဒါပေမယ့် ဒီလောက် ထိလွယ်ရှလွယ်ဖြစ်တဲ့ ကိစ္စမျိုးမှာတော့ OIC လိုအဖွဲ့အစည်းမျိုးနားက အကူအညီကို မယူသင့်ဘူးပေါ့ဗျာ။ နောက်ပြီး ကော်မရှင်အစီရင်ခံစာထွက်ပြီ နောက်ရက်မှာ ရခိုင် issue အချိန်ကိုက် ဖြစ်သွားတော့ စဉ်းစရာတော့ ဖြစ်နေတယ်ဟု” နိုင်ငံတာNGO အဖွဲ့အစည်းများတွင် နှင်ပေါင်းများစွာ လုပ်ကိုင်နေသူ ဦးဇော်မင်းလွင်က မှတ်ချက်ပြုပြောဆိုသည်။

ဒေါက်တာကိုဖီအာနန် ဦးဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ကို ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် သြဂုတ်လက ဖွဲ့စည်းခဲ့ပြီး ၂၀၁၇ ခုနှစ် သြဂုတ်လတွင် တရားဝင် အစီရင်ခံစာ ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ယင်းအပြီးသတ် အစီရင်ခံစာတွင် ၁၉၈၂ နိုင်ငံသားဥပဒေကို ပြင်ဆင်ရန်အကြံပြုထားသည်။

NLD အစိုးရအနေဖြင့် အဆိုပါကော်မရှင်၏ အကြံပြုချက်များအတိုင်း ရခိုင်ပြဿနာကို ကိုယ်တွယ်ဖြေရှင်း မည်ဖြစ်ကြောင်း တရားဝင် သတင်းထုတ်ပြန်ထားသည်။