15 December 2017

လင်းနို့ဂူဒေသတွင် ခရီးသွားလုပ်ငန်းဖော်ဆောင်ရန် ဘတ်ဂျက်ငွေလွှဲပြောင်းသုံးမည့်ကိစ္စကိုလွှတ်တော်ကိုယ်စားလှယ် အချို့ကန့်ကွက်


+++++++++++++++++++++++++++++++++++++++++++++
#Democracytoday

မုံရွာ၊ ဒီဇင်ဘာ ၁၄-စစ်ကိုင်းတိုင်း ဒေသကြီး ရွှေဘိုခရိုင် ကန့်ဘလူ မြို့နယ် ဇင်းတောင်ဒေသတွင် ခရီးသွားလုပ်ငန်းနေရာသစ် အဖြစ်ဖော်ဆောင်နေသော လင်း နို့ဂူအတွက် ၂၀၁၇-၂၀၁၈ တိုင်း ဒေသကြီးအစိုးရ၏ အထွေထွေ ပိုလျှံရန်ပုံငွေများထဲမှ ဘတ်ဂျက် လွှဲပြောင်းသုံးစွဲမည့်ကိစ္စကို လွှတ် တော်ကိုယ်စားလှယ်အချို့က ကန့် ကွက်ခဲ့ကြကြောင်း သိရသည်။

ယခုနှစ်ဘတ်ဂျက်တွင် တိုင်း ဒေသကြီးအစိုးရမှ ပိုလျှံရန်ပုံငွေ ကျပ် ၃၃၅၅ သန်းကျော်ရှိခဲ့၍ အစိုးရဌာန ၁၂ ခုအောက်ရှိ မြို့ နယ် ၃၇ မြို့နယ်တွင် လိုအပ်သော နေရာများ၌ ပြန်လည်ခွဲဝေသုံးစွဲ ရန် ဘတ်ဂျက်ရေး
ဆွဲခဲ့ခြင်းဖြစ် သည်။
















၎င်းတို့ထဲတွင် သစ်တော ဌာနမှလွှဲပြောင်းသုံးမည့် ငွေကျပ် သန်း၂၀ဝ ကျော်မှာ လင်းနို့ဂူ၌ ပြခန်း၊ အိမ်သာ၊ ဝန်ထမ်းနေအိမ်၊ ရေစင်၊ စက်ကိရိယာများဝယ်ယူရန် ကိစ္စကို ဒီဇင်ဘာ ၁၄ ရက်တွင်ပြု လုပ်သော စစ်ကိုင်းတိုင်းဒေသ ကြီးလွှတ်တော် (၁၁)ကြိမ်မြောက်အစည်းအဝေးနောက်ဆုံးနေ့တွင် လွှတ်တော်သို့တင်သွင်းရာ ကိုယ် စားလှယ်အချို့က ကန့်ကွက်လိုက် ခြင်းဖြစ်သည်။

လင်းနို့ဂူတွင် ခရီးသွားဝန် ဆောင်မှုလုပ်ငန်းများဖော်ဆောင် ပြီးစီးမှုအခြေအနေနှင့် ဆက်လက် အကောင်အထည်ဖော်ရန် စီမံ ချက်များကို သက်ဆိုင်ရာတိုင်းဒေသ ကြီးလွှတ်တော်ကိုယ်စားလှယ်များ နှင့်လည်း ချိတ်ဆက်ပူးပေါင်းအသိ ပေးဆောင်ရွက်စေလိုကြောင်း ကန့်ဘလူမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော် သူဟန်ထွန်းနှင့် လွှတ်တော်အရအသုံးငွေစာရင်း၊ ဒေသန္တရစီမံကိန်း နှင့် ဘဏ္ဍာရေးဆိုင်ရာကော်မတီအဖွဲ့ဝင် ဒေါ်ခင်နှင်းရီတို့ကလည်းထောက်ပြဝေဖန်ခဲ့ကြသည်။

           စစ်ကိုင်းတိုင်းဒေသကြီး အတွင်းခရီးသွားဒေသများမြှင့်တင် ရေးအဖွဲ့ခေါင်းဆောင် စီမံကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဦးက ""လင်းနို့ဂူဟာ ဘူမိဇီဝသွင်ပြင်ထူး ခြားတဲ့ဒေသတစ်ခုပါ။ တောဆင် ရိုင်းတွေကျက်စားပြီး လင်းနို့ ကောင်ရေသန်းချီနေထိုင်ပြီး သစ် ပင်မျိုးစုံပေါက်ရောက်ရာနေရာ တစ်ခုပါ။

         ဒီနေရာမှာ ကျောင်းသူ ကျောင်းသားတွေလေ့လာနိုင်ဖို့ သစ်တောပညာပေးစခန်းလုပ်ဖို့၊ သဘာဝပတ်ဝန်းကျင်ထိန်း
သိမ်း ရေးတွေလုပ်ဆောင်နိုင်ဖို့၊ သစ် တောတွေရေရှည်တည်တံ့ဖို့ ရပ်ရွာအခြေပြုခရီးသွားလုပ်ငန်းတွေ၊ ဒေသခံတွေအလုပ်အကိုင်ရဖို့ နေ ရာသစ်ဖော်ဆောင်တာဖြစ်ပါ တယ်""ဟု ရှင်းလင်းပြောဆိုသည်။

လင်းနို့ဂူဘတ်ဂျက်ကိစ္စကို လွှတ်တော်တွင်ဆုံးဖြတ်နိုင်ရေး လျှို့ဝှက်မဲပေးစေခဲ့ရာ မဲပေးခွင့်ရှိ သူ လွှတ်တော်ကိုယ်စားလှယ် ၈၆ ဦးအနက် ဘတ်ဂျက်သုံးရန် ထောက်ခံသူ ၆၀ ဦး၊ ကန့်ကွက်သူ ၂၅ ဦး၊ ကြားနေတစ်ဦးရှိသဖြင့် ထောက်ခံသူများသောကြောင့်ဘတ်ဂျက်လွှဲပြောင်းသုံးရန်ကိစ္စ ကို လွှတ်တော်ကဆက်လက် ဆောင်ရွက်ရန်အတည်ပြုကြောင်း လွှတ်တော်ဥက္ကဋ္ဌ ဦးသန်းက ကြေ ညာခဲ့သည်။